ရက်စက်မှုကင်းသော အလှတရား

“ရက်စက်မှုကင်းသော အလှတရား” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးဖြစ်တဲ့အကြောင်းကတော့ Cosmetics အလှကုန်တွေ အသုံးများလာတဲ့ ခေတ်ကြီးထဲမှာ တိရစ္ဆာန်လေးတွေရဲ့ အသက်ပေါင်းများစွာ စတေးခံနေရတယ် ဆိုတာကို အသိပေးရေးသားထားတာ ဖြစ်ပါတယ်။

တိရစ္ဆာန်လေးတွေကို ဆေးအသစ် တီထွင်ထုတ်လုပ်တဲ့အခါမှာ ဖြစ်ဖြစ်၊ ပိုးသတ်ဆေး၊ စားစရာ၊ လူသုံးကုန် ပစ္စည်း စတာတွေ တီထွင်ထုတ်လုပ်တဲ့ အခါတိုင်းမှာ အစမ်းသပ်ခံ ဖြစ်နေကြရပါတယ်။ အလှကုန်ထုတ်ပစ္စည်းတွေကို စမ်းသပ်ဖို့ တိရစ္ဆာန်လေးတွေဟာ ဓာတ်ခွဲခန်းမှာ အရှင်လတ်လတ် အစမ်းသပ်ခံဖြစ်နေရတဲ့ ဖြစ်ရပ်ဟာဆိုရင် အရမ်းကို ဝမ်းနည်းကြေကွဲဖွယ် ကောင်းပါတယ်။

www.Dosomething.org ရဲ့ ထုတ်ပြန်ချက်အရ သိုး၊ ခွေး၊ ကြောင်၊ြွကက် နဲ့ နို့တိုက်သတ္တဝါတွေဟာ ဓာတ်ခွဲခန်းမှာ စမ်းသပ်ခံရပြီး သန်းချီ သေဆုံး ခဲ့ရပါတယ်။ ယူနိုက်တက်စတိတ် တစ်ခုတည်းမှာတင် တိရစ္ဆာန်ပေါင်း တစ်ရာမီလျံကျော်ဟာ အလှကုန်ထုတ် စက်ရုံတွေမှာ စမ်းသပ်ခံနေရပြီး နှစ်စဉ်သေဆုံး နေရတယ်လို့ ဆိုပါတယ်။

ဘယ်တိရစ္ဆာန်တွေ အစမ်းသပ်ခံဖြစ်နေရလဲ
– အလှကုန်ပစ္စည်းထုတ်ကုန်တွေ စမ်းသပ် ဖို့အတွက် အသုံးများတာကတော့ ဘန်နီ ယုန်တွေ၊ Guinea pigs နဲ့ြွကက်မျိုးနွယ်ဝင်တွေ ဖြစ်ပါတယ်။

– ခွေးလေးတွေကိုတော့ ဆေးပညာစမ်းသပ်မှုတွေအတွက် အသုံးများပြီး နှလုံး၊ အရိုး၊ ဟော်မုန်း စတာတွေနဲ့ ပတ်သက်တဲ့ ရောဂါတွေအတွက် စမ်းသပ်တာများပါတယ်။

– ကြောင်လေးတွေကို ဦးနှောက်နဲ့ ပတ်သက်တဲ့စမ်းသပ်မှုတွေ ပြုလုပ်ကြပြီး စမ်းသပ်မှု ထက်ဝက်ခန့်က နာကျင်စေလား၊ စိတ်ဖိစီးစေလားဆိုတာကို စမ်းသပ်တာတွေ ဖြစ်နေပါတယ်။

– နို့တိုက်သတ္တဝါနွယ်ဝင်တွေဖြစ်တဲ့ မျောက်မျိုးနွယ်ဝင် (Monkeys, Baboons, Chimpanzees) တွေကိုတော့ အဆိပ်အတောက်တွေ၊ AIDS ရောဂါ၊ အသည်းရောဂါ၊ မျိုးပွားတာ၊ အစားထိုးကုသမှုတွေ လုပ်တာ စတာတွေစမ်းသပ်ဖို့ အသုံးပြုကြပါတယ်။ နှစ်စဉ် နို့တိုက်သတ္တဝါ ခုနစ်သောင်းကျော်ဟာ ယူနိုက်တက်စတိတ်နဲ့ ဥရောပမှာ အစမ်းသပ်ခံဖြစ်နေရပါတယ်။

ပြည်သူတွေအတွက် ဈေးကွက်ထဲကို မဖြန့်ဖြူးခင်မှာ အန္တရာယ်ကင်း မကင်း စမ်းသပ်ပြီး၊ ဘေးကင်းမှ ဖြန့်ဖြူးခွင့်ရမယ်လို့ ထုတ်ပြန်ထားတဲ့ ဥပဒေကြောင့်လည်း ပါပါတယ်။ ဆယ်စု နှစ်ပေါင်းများစွာ ဒီစနစ်ကို ကျင့်သုံးနေခဲ့ပြီး တိရစ္ဆာန်ပေါင်း မြောက်မြားစွာ အသက်ဆုံးရှုံး နေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလှကုန်ပစ္စည်းတွေအတွက် တိရစ္ဆာန်နဲ့စမ်းသပ်မှု ပြုလုပ်ပြီးမှ ဈေးကွက်တွင်း ဖြန့်ဖြူးခွင့်ရမယ်ဆိုတဲ့ ဥပဒေမျိုးမရှိတဲ့ နိုင်ငံတွေမှာတောင် စမ်းသပ်မှုတွေ ပြုလုပ်နေကြပါတယ်။ ၂၁ ရာစုနှစ်မှာ လူသားဆန်တဲ့ ခေတ်သစ်ဆီကို ဦးတည်ဖို့ ကြိုးစားလို့ရနေပါပြီ။ ဒီလို တိရစ္ဆာန်တွေအပေါ် ရက်စက်တဲ့ စမ်းသပ်မှုတွေဟာ ခေတ်မမီတော့ပါဘူး။

ဘာတွေဆောင်ရွက်နိုင်နေပြီလဲ
– အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့အခါ အန္တရာယ်ကင်းတဲ့ ဓာတုပစ္စည်း အမျိုးပေါင်း ခုနစ်ထောင်ကျော်ရှိနေပြီ ဖြစ်တာကြောင့် ဒီထဲကနေမှ အလှကုန်ထုတ်စက်ရုံတွေက သူတို့ရဲ့ ထုတ်ကုန်တွေအတွက် ဖော်မြူလာစပ်ပြီး ထုတ်နိုင်ပြီ ဖြစ်ပါတယ်။ ဒီအမျိုးပေါင်း ခုနစ်ထောင်ကျော် ဓာတုပစ္စည်း တွေက အန္တရာယ်ကင်းကြောင်း စမ်းသပ်မှုတွေပြုလုပ်ပြီး ဖြစ်တာကြောင့် တိရစ္ဆာန် တွေမှာ စမ်းသပ်မှုတွေ ထပ်လုပ်စရာ မလိုတော့ပါဘူး။

– နည်းပညာတွေ တိုးတက်နေပြီ ဖြစ်တာကြောင့် တိရစ္ဆာန်တွေကို အစမ်းသပ်ခံ အဖြစ်အသုံးပြုစရာမလိုတော့ဘဲ ကွန်ပျူတာ နည်းစနစ်ကိုသုံးပြီး လူအရေပြား၊ ကိုယ်တွင်းအင်္ဂါ စတာတွေကို ပုံတူကူးပွားလို့ရတဲ့ နည်းပညာတွေ ရှိနေပါပြီ။ ဒါကြောင့် ဒီနည်းပညာတွေကိုသုံးပြီး အသက်ပေါင်း များစွာကို ကယ်တင်နိုင်ပါပြီ။

– နောက်ပြီး တိရစ္ဆာန်တွေမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ စမ်းသပ်မှုပြုလုပ်တာက တစ်ကယ်တမ်းတော့ အဖြေမတိကျသလို ယုံလို့လည်းမရပါဘူး။ လူသားတွေနဲ့ တိရစ္ဆာန်တွေရဲ့ မျိုးရိုးဗီဇက မတူညီတဲ့အတွက် သိပ္ပံနည်းအရလည်း အဖြေမှန် ကွက်တိမပေးနိုင်ပါဘူး။
– ယနေ့ခေတ် နိုင်ငံအတော်များများက အစိုးရဥပဒေအရလည်း တိရစ္ဆာန်တွေမှာ အလှကုန်ပစ္စည်းတွေ စမ်းသပ်ခွင့် ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

Animal Testing ကို ဆန့်ကျင်ဖို့ ဘာလုပ်နိုင်မလဲ
အလှကြိုက်တဲ့ ပျိုမေတိုင်းဟာလည်း တိရစ္ဆာန်လေးတွေကို မြတ်နိုးသူတွေ ဖြစ်မှာပါ။ တိရစ္ဆာန်လေးတွေ ဓာတ်ခွဲခန်းမှာ အစမ်းသပ်ခံဘဝကနေ လွတ်မြောက်စေချင်တယ်ဆိုရင် လုပ်နိုင်တာကတော့ Animal Testing လုပ်ထားတဲ့ အလှကုန်ပစ္စည်း၊ ထုတ်ကုန်တွေကို ဝယ်ယူအားပေးတာ၊ အသုံးပြုတာ မလုပ်ပါနဲ့။ Cruelty-Free ဆိုတဲ့ရက်စက်မှုကင်းတဲ့ အလှကုန်ပစ္စည်း တွေကို ဝယ်ယူအားပေးပြီး ဂုဏ်ယူလိုက်ပါ။ သင်ရဲ့ သူငယ်ချင်းတွေကိုလည်း Animal Testing အကြောင်းကို မျှဝေအသိပေးပါ။

Cruelty-Free ဆိုတာ ဘာလဲ
အလှကုန်ပစ္စည်းပဲဖြစ်ဖြစ်၊ လူသုံးကုန်ပဲဖြစ်ဖြစ် ထုတ်လုပ်တဲ့အခါ တိရစ္ဆာန်တွေမှာ စမ်းသပ်မှုတွေ မပြုလုပ်တာကို ရက်စက် မှုကင်းတယ်၊ Cruelty-Free လို့ ခေါ်ပါတယ်။
Cruelty-Free နဲ့ Vegan Cosmetics မတူပါဘူး။ Vegan Cosmetics ဆိုတာက အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါ တိရစ္ဆာန်ထွက်ပစ္စည်းတွေ (တိရစ္ဆာန် အဆီ၊ အမွေး) ကို လုံးဝ အသုံးမပြုတာ ဖြစ် ပါတယ်။ ဒါပေမဲ့ Vegan Cosmetics ဟာ Cruelty-Free ဖြစ်တယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။

Cruelty-Free မှန်း ဘယ်လိုသိနိုင်မလဲ
သင်ရွေးချယ်တဲ့ အလှကုန်ပစ္စည်းက Cruelty-Free ဆိုတာကို သိနိုင်တဲ့ အချက် လေးချက်ရှိပါတယ်။
(၁) နောက်ဆုံး အပြီးသတ် ထုတ်ကုန်ကို တိရ စ္ဆာန်တွေမှာ စမ်းသပ်တာ မလုပ်ထားပါဘူး။ ထုတ်ကုန်ရဲ့ ထုပ်ပိုးမှုစနစ်မှာ “finished product not tested on animals” ဒါမှမဟုတ် “not tested on animals” လို့ Label ကပ်ထားပါလိမ့်မယ်။

(၂) အလှကုန်ပစ္စည်းမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေကိုလည်း တိရစ္ဆာန်တွေမှာ စမ်းသပ်တာ မပြုလုပ်ရပါဘူး။ အလှကုန်ထုတ်စက်ရုံတွေ က Suppliers တွေနဲ့ အလုပ်တွဲလုပ်ကြတာများပါတယ်။ သူတို့ဆီ တင်သွင်းလာတဲ့ ဒြပ်ပေါင်း၊ ဓာတုပစ္စည်းတွေကလည်း တိရစ္ဆာန်တွေမှာ စမ်းသပ်ထားတာမျိုး မရှိရပါဘူး။

(၃) တချို့နိုင်ငံတွေမှာ အလှကုန် ပစ္စည်းတွေ တင်သွင်းမယ်ဆိုရင် တိရစ္ဆာန်တွေမှာ စမ်းသပ်တာမျိုး အရင်လုပ်ပြီးမှ တင်သွင်းခွင့်ရမယ်ဆိုတဲ့ ဥပဒေရှိပါတယ် (ဥပမာ – တရုတ်ပြည်)။ တကယ်လို့ Animal Testing လိုအပ်တဲ့ နိုင်ငံတွေမှာ တင်သွင်းဖို့အတွက် တိရစ္ဆာန်တွေမှာ စမ်းသပ်မှုတွေ လုပ်လိုက် တယ်ဆိုရင် Cruelty-Free မဟုတ်တော့ပါဘူး။

(၄) ပုံမှာဖော်ပြထားတဲ့ Logo သုံးမျိုးပါတဲ့ အလှကုန်ပစ္စည်းဆိုရင် Cruelty-Free လို့ သတ်မှတ်လို့ ရပါတယ်။ အလှကုန်ပစ္စည်းမှာတော့ ဒီ Logo ပုံကို ကပ်ထားပြီး ကပ်ထားတဲ့ Logo ရဲ့ မူရင်းဝက်ဘ်ဆိုဒ်ထဲမှာ စာရင်း မရှိဘူးဆိုရင် ဒါဟာ Cruelty-Free အတုဖြစ်ပါတယ်။


၂၀၁၇ နှစ်တွင် Cruelty-Free စာရင်းဝင်သော အလှကုန်များ
1. kat von d
2. anastasia beverly hills
3. hourglass
4. urban decay
5. illamasqua
6. too faced
7. huda beauty
8. milk makeup
9. charlotte tilbury
10. marc jacobs beauty NEW
11. becca
12. josie maran
13. tarte
14. coverfx
15. occ
16. bite
17. thebalm
18. pur cosmetics NEW
19. it cosmetics
20. face atelier
21. ciate NEW
22. besame NEW
23. perfekt
24. nudestix
25. blinc
26. cargo
27. duwop
28. bareminerals
29. buxom
30. thebodyshop
31. lush NEW
32. eyeko
33. ardency inn
34. edward bess
35. korres
36. catrice
37. japonesque NEW
38. chantecaille
39. ellis faas
40. by terry
41. rouge bunny rouge
42. elf
43. hard candy
44. milani
45. physicians formula
46. sonia kashuk
47. wetnwild
48. nyx
49. jordana
50. flower
51. jane
52. prestige
53. pixi
54. pacifica
55. mineral fusion
56. essence
57. barry m NEW
58. gosh
59. marcelle
60. annabelle
61. w3ll people
62. rms beauty
63. ilia
64. kjaer weis
65. vapour
66. red apple lipstick
67. jane iredale
68. 100% pure
69. sappho
70. au naturale
71. alima pure
72. everyday minerals
73. youngblood
74. lily lolo
75. inika
76. antonym
77. bellapierre
78. zuii organic
79. makeup geek
80. colourpop
81. glossier NEW
82. bh cosmetics
83. zoeva
84. natasha denona NEW
85. rituel de fille
86. aromi
87. sugarpill
88. gabriel cosmetics
89. melt
90. dose of colors
91. coloured raine
92. girlactik
93. cate mcnabb
94. cailyn cosmetics
95. Concrete Minerals NEW
96. suva beauty NEW
97. silk naturals
98. afk cosmetics
99. pumpkin and poppy
100. shiro
Cruelty-Free စာရင်းဝင်တဲ့ နောက်ထပ် အမှတ်တံဆိပ် စုံစုံလင်ကို ဒီ Link ကနေ http://2f5.049.myftpupload.com/cruelty-free-products-list-2017/ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *