ဗီတာမင် ကေ ဖြည့်စွက်ဆေးသောက်မယ်ဆိုရင်

ဗီတာမင် ကေ (Vitamin K) မှာ K1ç K2 ဆိုပြီး နှစ်မျိုးရှိတာမှာ Vitamin K1 နဲ့ Vitamin K2 ဘာကွာလဲ၊ ဘယ် ဟာ သောက်ရမလဲဆိုတဲ့ မေးခွန်းအတွက် ရှင်းပြထားပါတယ်။
အရင်ဆုံး သတိပြုရမှာကတော့ ဗီ တာမင်ကေ (Vitamin K) နဲ့ ပိုတက် စီယမ် (K+) က မတူပါဘူး။

Vitamin K1
Vitamin K1 ကို (Plant-Source) အပင်အနှံကနေ ရပါတယ်။ အ စိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ Vitamin K1 ပေါကြွယ်ဝစွာ ပါဝင်ပြီး ဟင်းသီးဟင်းရွက်ဆီတွေနဲ့ ထောပတ် သီး၊ ကီဝီသီး၊ ဘလူးဘယ်ရီ၊ ဘလက်ခ် ဘယ်ရီ၊ စပျစ်သီး၊ သစ်တော်သီး၊ မက် မွန်သီးတွေမှာလည်း Vitamin K1 အနည်းငယ်ပါဝင်ပါတယ်။

Vitamin K2
Vitamin K2 ကို အသား၊ နို့နဲ့နို့ ထွက်ပစ္စည်း၊ အချဉ်ဖောက်ထားတဲ့ စား စရာတွေကနေ ရရှိနိုင်ပါတယ်။ Vitamin K2 မှာ MK-4ç MK-7 ဆိုပြီး ထပ်ရှိပါ တယ်။ ဂျပန်ရိုးရာစားစရာ နတ်တို (Na-tto) (Japanese Fermented Soy-bean Superfood) မှာဆိုရင် f Vitamin K2 (MK-7) ပေါကြွယ်ဝစွာ ပါဝင်ပါ တယ်။

ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုလဲ
ဗီတာမင် ကေက ခန္ဓာကိုယ်ရဲ့ သွေးခဲမှုစနစ် ပုံမှန်လည်ပတ်နိုင်စေဖို့ အ ထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်မှာ သွေးတိတ်မြန်စေမယ်ပေါ့။
သွေးကြောတွင်း ကယ်လ်စီယမ်တွေ စုပုံ တာ မဖြစ်အောင် ကာကွယ်နိုင်ပြီး နှလုံးကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါတယ်။
အရိုးကနေ ကယ်လ်စီယမ်ကို စုပ် ယူနိုင်စွမ်းအား ကောင်းစေတယ်။ အရိုးပွ ရောဂါမဖြစ်အောင်ကာကွယ်ပေးပြီး အရိုး ကျန်းမာရေးကို အထောက်အကူပြုပါ တယ်။ ကင်ဆာမဖြစ်အောင် ကာကွယ် နိုင်တယ်လို့လည်း သုတေသနတချို့မှာ ဖော်ပြထားပါတယ်။
ဂျပန်အမျိုးသမီးတွေဟာ အသက် ကြီးလာတဲ့အခါ အရိုးပွရောဂါ ဖြစ်နိုင်ခြေ အရမ်းနည်းတာကို လေ့လာတွေ့ရှိထားပါ တယ်။ အကြောင်းရင်းကတော့ Vitamin K2 (MK-7) အရမ်းကြွယ်ဝတဲ့ ရိုးရာ စားစရာ နတ်တို (Natto) ကို စားလို့ဖြစ် ပါတယ်။
အလွယ်မှတ်မယ်ဆိုရင်တော့ ခန္ဓာ ကိုယ်ရဲ့ သွေးခဲမှုစနစ်အတွက် အဓိက ဇာတ်ကောင်က Vitamin K1 ဖြစ်ပြီး အရိုးကျန်းမာရေးအတွက် အဓိက ဇာတ် ကောင်က Vitamin K2 ဖြစ်ပါတယ်။
ဗီတာမင် ကေက ဆီမှာပျော်ဝင် လွယ်တဲ့ Fat-soluble Vitamin (Vitamin Aç Dç Eç K) တစ်မျိုးဖြစ် တာကြောင့် ဗီတာမင် ကေကို ခန္ဓာကိုယ်က စုပ်ယူမှုအားကောင်းအောင် ကျန်းမာရေးနဲ့ ညီတဲ့အဆီဓာတ်နဲ့ တွဲစား ပေးသင့်ပါတယ်။ ကျန်းမာရေးနဲ့ညီတဲ့ မပြည့်ဝဆီ (Unsaturated Fats) တွေပါဝင်တဲ့ အစေ့အဆန်၊ ထောပတ် သီး၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်အဆီ စတာတွေနဲ့ တွဲဖက်စားသုံးပေးပါ။

ဘယ်သူတွေမှာ ဗီတာမင်ကေ ချို့တဲ့နိုင်လဲ
အူလမ်းကြောင်းခွဲစိတ်မှု ခံယူထား သူ၊ Celiac Disease ရှိသူ၊ သည်းခြေ ပြွန်မကောင်းသူ၊ အသည်းရောဂါရှိသူ၊ ပိုးသတ်ဆေးတွေ တာရှည်သောက်ရတဲ့ သူ၊ Cystic Fibrosis ရောဂါရှိသူ၊ ဝမ်း ပျက်ဝမ်းလျှောနာတာရှည် ဖြစ်ထားသူ တွေမှာ ဗီတာမင် ကေ ချို့တဲ့နိုင်ပါတယ်။ ဗီတာမင် ကေ ချို့တဲ့ရင် ခန္ဓာကိုယ်ရဲ့ သွေးခဲမှုစနစ် (Blood Coagulation System) ကို ထိခိုက်စေလို့ သွေးမတိတ် တာ၊ သွေးတိတ်ချိန်ကြာတာတွေ ဖြစ် စေပါတယ်။
မွေးကင်းစ ကလေးတွေမှာ ဗီတာ မင် ကေ မလုံလောက်တာကြောင့် Neo-natal Hemorrhage သွေးယိုစိမ့်တာ မဖြစ်အောင် ကာကွယ်ဖို့ ဗီတာမင် ကေ ထိုးဆေး ထိုးပေးရပါတယ်။

ဆေးပမာဏ ဘယ်လောက်သောက်ရမလဲ
ဗီတာမင်ကေကို စားစရာတွေကနေ လည်း ရရှိနိုင်တာကြောင့် ဖြည့်စွက် ဆေးတစ်ခုတည်းကနေ အားကိုးစရာ မလိုပါဘူး။ ဗီတာမင် ကေ ဖြည့်စွက်ဆေး တွေမှာ K1 ရော၊ K2 ရော နှစ်မျိုးစလုံး ပါတာရှိသလို၊ K2 သီးသန့်လည်း ရှိပါတယ်။
ဗီတာမင် ကေ ဖြည့်စွက်ဆေးတွေမှာ Vitamin K1 (100 mcg)၊ Vitamin K2 (45 mcg – 200 mcg) ထိ ရှိပါ တယ်။ နေ့စဉ် တစ်နေ့ တစ်ကြိမ်သောက် ရင် လုံလောက်ပါတယ်။

ဘာကို သတိပြုရမလဲ
သွေးကြဲဆေး Warfarin သောက် နေသူတွေအနေနဲ့ ဗီတာမင် ကေ ဖြည့် စွက်ဆေး မသောက်ပါနဲ့။ ဗီတာမင် ကေ က သွေးကြဲဆေး Warfarin
ရဲ့ အာနိ သင်ကို လျော့ကျစေလို့ပါ။

♦ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal