နှုတ်ခမ်းနီ အရောင်ရင့်ရင့်တွေ ဆိုးမယ်ဆိုရင် . . . 

မိန်းကလေးတိုင်းမှာ နှုတ်ခမ်းနီ အရောင်ရင့်ရင့်အနည်းဆုံး တစ်ရောင်စီလောက်တော့ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအရောင်ရင့် နှုတ်ခမ်းနီတွေကို ကြိုက်လို့ ဝယ်ထားပေမဲ့ အရောင်ဖျော့တွေပဲ ဆိုးတာများကြပါတယ်။ တစ်ခါတလေမှာ အရောင်ရင့် နှုတ်ခမ်းနီတွေက လူကို ပိုရင့်စေတာမျိုး၊ မလိုက်ဖက်တာမျိုးတွေ ဖြစ်တတ်လို့ အဆိုးနည်းသွားတာလည်း ဖြစ်ပါတယ်။ ဒီ နှုတ်ခမ်းနီ အရောင်ရင့်ရင့်တွေကို ဘယ်လိုကြွနေအောင် ဆိုးမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

♥♥♥ နှုတ်ခမ်းနီဆိုးဆေး အနီရောင်ရင့်ရင့် ဆိုးမယ်ဆိုရင် မျက်နှာပေါ်မှာ အနီရောင် သန်းနေတဲ့ ဝက်ခြံတွေ၊ အဖုတွေကို ကွန်ဆယ်လာနဲ့ အရင်ဖုံးပါ။ နှုတ်ခမ်းအနီရောင်က မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ တခြားနီမြန်းနေတဲ့နေရာတွေကိုပါ အာရုံစိုက်မိစေလို့ ဖြစ်ပါတယ်။

♥♥♥ နှုတ်ခမ်းဆိုးဆေး အရောင်ရင့်ရင့်တွေ ဆိုးမယ်ဆိုရင် နှုတ်ခမ်းလိုင်နာ အသုံးပြုတာကလည်း နှုတ်ခမ်းနီအရောင် ကို ပိုကြွစေပါတယ်။

♥♥♥ နှုတ်ခမ်းဆိုးဆေး အရောင်တောက်တောက်တွေမှာ ပန်းရောင်၊ အညိုရောင်၊ အပြာရောင်၊ အနီရောင် စသဖြင့်ရှိတာမှာ သင်နဲ့ လိုက်ဖက်တဲ့အရောင်က သင့် မျက်နှာအသွင်အပြင်ကို ပိုကြွစေမှာပါ။ ဥပမာ – မျက်ဝန်းနက်နက်ရှိသူတွေက နှုတ်ခမ်းဆိုးဆေး အရောင်ရင့်ရင့် ရွေးမယ်ဆိုရင် အညိုဘက်သွားတဲ့ အရောင်က သင့်မျက်ဝန်းကို ပိုပေါ်လွင်စေပါတယ်။

♥♥♥ နှုတ်ခမ်းဆိုးဆေး အရောင်ရင့်တွေ ဆိုးမယ်ဆိုရင် ဘရပ်ရှ်ကို အသုံးပြုတာက ပိုပြီး သပ်ရပ်စေပါတယ်။ နှုတ်ခမ်းလိုင်နာနဲ့ပါ ထပ်ပြီး အနားသတ်ပေးမယ် ဆိုရင် ပိုပြီးထင်းစေမှာ ဖြစ်ပါတယ်။

♥♥♥ နှုတ်ခမ်းဆိုးဆေး အရောင်ရင့်ရင့်တွေအပေါ်ကနေ နှုတ်ခမ်းအရောင် ပြောင်စေတဲ့ Gloss ကို ထပ်မဆိုးပါနဲ့။ ဒါက နှုတ်ခမ်းဆိုးဆေးအရောင်ရင့်တွေကို နှုတ်ခမ်းတစ်ဝိုက်မှာ ပျံ့သွားစေပါတယ်။

Darliko 

Good Health Page မှာ ဖော်ပြထားသော ကဏ္ဍများနှင့် Good Health Journal မှာ ဖော်ပြထားသော ကဏ္ဍများကို ကြိုက်နှစ်သက်ပါက လွတ်လပ်စွာ Share လုပ်နိုင်ပါသည်။ မည်သည့် Facebook စာမျက်နှာ၊ ၀က်ဘ်ဆိုက်မှတစ်ဆင့် ကူးယူဖော်ပြခြင်း ခွင့်မပြုပါကြောင်း အသိပေးအပ်ပါသည်။ 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *