မူလနေရာကနေ နောက်တစ်နေရာကို ကင်ဆာ ထပ်မပျံ့အောင် ဘယ်လိုဂရုစိုက်ရမလဲ

ကင်ဆာရောဂါဖြစ်မှာ လူတိုင်း ကြောက် ကြပါတယ်။ ရောဂါရှိတာကို စောစောစီး စီး သိလို့ ကုသမှု ခံယူထားသူဆိုရင်လည်း နောက်တစ်နေရာကို ထပ်ပျံ့သွားမှာ အ လွန်ပဲ ကြောက်ကြပါတယ်။ ဘယ်လိုတွေ ဂရုစိုက်ဖို့ လိုအပ်ပါသလဲ ဆရာ။
ကင်ဆာဖြစ်တဲ့ မူလနေရာကနေ တခြားနေရာကို ကင်ဆာဆဲလ်တွေ မပျံ့ နှံ့အောင် ကင်ဆာအကျိတ်ကို ခွဲစိတ် ပြီးရင် ဓာတ်ရောင်ခြည်ပေးပါတယ်။ ရင် သားကင်ဆာမှာ ခွဲစိတ်ပြီးရင် ဓာတ်ရောင် ခြည်ပေးပါတယ်။ အဆုတ်ကင်ဆာမှာ လည်း ပေးဖို့ လိုအပ်ရင် ပေးပါတယ်။ အခုနောက်ပိုင်း အစာအိမ်ကင်ဆာ၊ စအို ကင်ဆာတွေပါ လိုအပ်ရင် ဓာတ်ရောင် ခြည်ပေးနိုင်နေပါပြီ။ >ခင်းချက်အနေနဲ့ အူမကြီးကင်ဆာမှာတော့ ဓာတ်ရောင် ခြည်ပေးဖို့ အဆင်မပြေတာကြောင့် မပေး ပါဘူး။ နောက်ပြီး ကီမိုဆေးသွင်းကု သပါတယ်။ လူနာရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို တွက်ချက်ပြီးတော့မှ ဆေးပမာဏကို ချိန်ညှိပေးတာကြောင့် လူနာတစ်ယောက်နဲ့ တစ်ယောက် ဆေး ပမာဏချင်းမတူပါဘူး။ အရပ်ခြောက်ပေ ရှိတယ်၊ ကိုယ်အလေးချိန်က ပေါင် ၁၀၀ ကျော်တယ်ဆိုရင် ဆေးပမာဏက တစ် မျိုး၊ အရပ်က ငါးပေရှိတယ်၊ ကိုယ် အလေးချိန်က ပေါင် ၁၀၀ အောက်ဆိုရင် ဆေးပမာဏကိုတစ်မျိုး တွက်ချက်ပြီး ပေးရပါတယ်။ ဆေးဒဏ်ကို ခံနိုင်ရည်ရှိ အောင်ပါ။

မူလနေရာကနေ တခြားနေရာကို ကင် ဆာပျံ့နှံ့နိုင်ခြေများရတဲ့အကြောင်းကို လည်း ရှင်းပြပေးပါဆရာ။
နောက်တစ်နေရာမှာ ကင်ဆာပျံ့နှံ့ နိုင်ခြေများတာကတော့ ကင်ဆာဆေးကု သမှုခံယူပြီး အာဟာရနည်းတဲ့လူနာတွေ၊ ဆီးချိုသွေးချိုရောဂါရှိသူတွေ၊ တီဘီရော ဂါရှိသူတွေ၊ ကိုယ်ခံအားနည်းသူတွေပဲ ဖြစ်ပါတယ်။ ကိုယ်ရဲ့ကိုယ်ခံအားကို ကောင်းအောင်လုပ်တာကတော့ အ ကောင်းဆုံးပါ။ ကမ္ဘာမှာ နာမည်ကြီးတဲ့ ဂျွန်ဟော့ကင်းဆေးရုံက ပြုလုပ်တဲ့သု တေသနတွေအရ ကင်ဆာဆေးဝါးတွေနဲ့ ကုသပျောက်ကင်းမှုက ကိုယ်ခံစွမ်းအား အပေါ်လည်း မူတည်တယ်လို့ မှတ်ချက် ပြုကြပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ သွေးဖြူ ဥတွေကို အသုံးပြုပြီး ကင်ဆာရောဂါကို ကုသတာက စျေးအနည်းဆုံးနဲ့ အထိ ရောက်ဆုံးပါ။

ဘယ်လိုနေရာတွေကို ကင်ဆာဆဲလ်တွေ အများဆုံး ပျံ့နှံ့ရောက်ရှိနိုင်ခြေ များပါ သလဲ ဆရာ။
မူလနေရာကနေ တခြားနေရာကို ရောက်တတ်တဲ့နေရာက ဆေးပညာအရ လေးနေရာရှိပါတယ်။ လယ်ယာစိုက်ပျိုး ရေးနဲ့ သွားတူပါတယ်။ စပါးစိုက်မယ်ဆို ရင် မြေသြဇာ ကောင်းတဲ့နေရာမှာသာ စပါးပင်တွေ ရှင်သန်ကြီးထွားပါတယ်။အဲဒီလိုပဲ ကင်ဆာဆဲလ်တွေကလည်း သွေးလှည့်ပတ်မှု ကောင်းပြီး အာဟာရ ရတဲ့နေရာတွေမှာပဲ ရှင်သန်ပေါက်ပွားပါ တယ်။ လက်သည်း၊ ခြေသည်းနဲ့ ခြေဖဝါး လို နေရာမျိုးတွေကိုတော့ ကင်ဆာဆဲလ် တွေ ပျံ့နှံ့တာ နည်းပါတယ်။ အဆုတ်၊ အသည်း၊ ဦးနှောက်၊ အရိုးစတဲ့နေရာ လေးနေရာကို ပျံ့နှံ့တာ များပါတယ်။ ကျောက်ကပ် အပေါ်မှာရှိတဲ့ အက်ဒရီနယ် ဂလင်းနဲ့ သိုင်းရွိုက်ဂလင်းတွေကိုတော့ ပျံ့နှံ့တာ နည်းပါတယ်။

ကင်ဆာဆဲလ် ပျံ့နှံ့နိုင်ခြေနည်းတဲ့ ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေကိုလည်း ပြောပြ ပေးပါဆရာ။
အဆုတ်၊ အသည်း၊ ဦးနှောက်၊ အရိုး စတဲ့ လေးနေရာကို ပျံ့နှံ့တိုင်းလည်း ကင်ဆာဆဲလ်တွေက မရှင်သန်ပါဘူး။ ကင်ဆာရောဂါက စဖြစ်စအခြေအနေမှာ သိရှိပြီး စောစောစီးစီး ကုသမှု ခံယူထား သူတွေ၊ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအား ကောင်းမွန်နေသူတွေ၊ ခေတ်မီဆေးဝါး တွေနဲ့ မှန်မှန်ကန်ကန် ကုသထားသူတွေ မှာတော့ ကင်ဆာဆဲလ်တွေ ပျံ့နိုင်ခြေ အရမ်းနည်းပါတယ်။

မူလနေရာမှာ ကင်ဆာဖြစ်ပွားရာကနေ တခြားနေရာကို ပျံ့နှံ့ရောက်ရှိတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ ဆရာ။
ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ပြောပြချင်တာက ဆရာ့ဆီလာပြတဲ့ ကင် ဆာရောဂါတွေရဲ့ တစ်ဝက်လောက်က ရင်သားကင်ဆာလူနာတွေပါ။ ရင်သား ကင်ဆာရှိသူတွေက ရင်သားမှာ အကျိတ် ဖြစ်တယ်၊ အဲဒီမှာ Local နဲ့ Systemic ဆိုပြီး ခွဲထားတာရှိပါတယ်။ Local က ရင်သားမှာ အကျိတ်ဖြစ်တယ်၊ ချိုင်း အောက်မှာ အကျိတ်တွေဖြစ်တယ်၊ ညှပ် ရိုးအပေါ်နားကိုပျံ့ပြီး အကျိတ်တွေဖြစ် တယ်။ ဒါက အနီးတစ်ဝိုက်မှာဖြစ်ပွားတာ Locoregional ပါ။
Systemic ကတော့ သွေးကတစ် ဆင့်၊ ပြန်ရည်ကြောတွေကတစ်ဆင့် ပျံ့နှံ့ နိုင်ခြေမများတဲ့ အဆုတ်၊ အသည်း၊ ဦး နှောက်နဲ့ အရိုးတွေဆီကို ပျံ့နှံ့တတ်ပါ တယ်။ ဒါကြောင့် ကင်ဆာရောဂါတွေကို ကုသတဲ့အခါ သတိထားပြီး ကုသပေးဖို့ လိုပါတယ်။ တချို့လည်း ရင်သားကင်ဆာ ဖြစ်တာကို စောစောစီးစီး သိရှိပြီး ဆရာ တို့ဆီ လာပြကြတော့ ရင်သားအကျိတ်ပဲ ရှိပါသေးတယ်၊ တခြားနေရာတွေကို ကင်ဆာဆဲလ်တွေ မပျံ့နှံ့သေးပါဘူး။ အဲဒီလို အခြေအနေမှာ ရင်သားအကျိတ် ကိုထုတ်ပြီး စိတ်ချရအောင် ဓာတ်ရောင် ခြည်ပေးတယ်၊ ကင်ဆာဆဲလ်တွေကို သေအောင် ဆေးသွင်းပေးတယ်။ လိုအပ် ရင် ဟော်မုန်းဆေးတွေ ပေးတယ်၊ စနစ် တကျလေး ကုသပေးပါတယ်။

ကင်ဆာဝေဒနာရှင်တွေကို ဆရာတို့ ကုသ ပေးမှုအပိုင်းကိုလည်း ရှင်းပြပေးပါဆရာ။
ဆရာတို့ ကင်ဆာရောဂါတွေ ကုသ ရာမှာ ခွဲစိတ်ကုသတယ်၊ ကီမိုဆေးသွင်း ပေးတယ်၊ ဓာတ်ရောင်ခြည်ပေးတယ်၊ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတယ်၊ စိတ် ဓာတ် အင်အားမြှင့်တင်ပေးတယ်။ မြတ် စွာဘုရားဟောကြားထားတဲ့အတိုင်း လူတစ်ယောက်ကျန်းမာဖို့ဆိုရင် ကံ၊ စိတ်၊ ဥတု၊ အာဟာရတွေ ညီညွတ်မျှတ နေဖို့ လုပ်ဆောင်ပေးပြီး ကုသပါတယ်။ ကင်ဆာရောဂါ စဖြစ်ခါစပဲဆိုပြီး မပေါ့ စေချင်ပါဘူး။ စဖြစ်ခါစမှာ သေသေချာ ချာ ကုသလိုက်နိုင်ရင် တခြားနေရာကို ကင်ဆာဆဲလ်တွေ ပျံ့နှံ့မှုမရှိအောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။ အစော ပိုင်းအဆင့်မှာ သေချာမကုသဘဲနေ လိုက်ရင် နောင် ၁၀-၁၅ နှစ် ကြာတဲ့အခါ တခြားနေရာတွေမှာ ကင်ဆာဆဲလ်ပျံ့ နှံ့ပြီး ကင်ဆာဖြစ်လာပါနိုင်ပါတယ်။ တချို့က ရင်သားကင်ဆာဖြစ်တယ်၊ အဆုတ်၊ အသည်း၊ အရိုးတွေဆီကို ကင် ဆာဆဲလ်တွေ ပျံ့နှံ့နေတော့မှ ဆရာတို့ ဆီကို လာပြကြတယ်။ အဲဒီလို ကင်ဆာ ရောဂါအဆင့် ၃-၄ လောက်ရှိတဲ့ အခြေအနေတွေဆိုရင်တော့ ကုသရတာ ခက်ခဲပါတယ်။

တခြားနေရာတွေကို ကင်ဆာပျံ့တာ နည်း အောင် ကုသမှုခံယူပြီးတဲ့အခါ ဘယ်လို နေထိုင်သင့်ပါသလဲ ဆရာ။
ကင်ဆာလူနာတွေအနေနဲ့ ကုသမှု တွေ ခံယူပြီးတဲ့အခါ စိတ်ချမ်းသာအောင် နေပါ၊ တရားထိုင်ပါ၊ အများအကျိုးဆောင် ရွက်ပါ၊ လတ်ဆတ်တဲ့သီးနှံတွေ စားသုံး ပါ၊ အာဟာရပြည့်ဝအောင်စားပါ၊ ရာသီ ဥတု သင့်တင့်တဲ့နေရာမှာနေပါ၊ ရာသီ ဥတုနဲ့ သင့်တော်တဲ့အဝတ်အစားတွေ ဝတ်ဆင်ပါလို့ အကြံပြုတိုက်တွန်းချင်ပါ တယ်။

ပါမောက္ခဒေါက်တာစိန်လင်း (ခွဲစိတ်နှင့် ကင်ဆာပါရဂူ)

Post Author: Good Health Journal