ဒိန်ခဲအကြောင်း ဘယ်လောက်သိပါသလဲ

ကျွန်မတို့နေ့စဉ်စားလေ့ရှိတဲ့ မြန်မာအစားအစာတွေမှာ ဒိန်ခဲ(Cheese) ပါလေ့မရှိပါဘူး။ အနောက်နိုင်ငံတွေမှာ တော့ ဒိန်ခဲကို မနက်စာအဖြစ်စားလေ့ရှိ ကြသလို အဆာပြေအဖြစ်လည်း စားတတ်ကြပါတယ်။ တကယ်တော့ဒိန်ခဲက အရိုးနဲ့သွားတွေ ကျန်းမာကြံ့ခိုင်ဖို့ စား သင့်တဲ့အစားအစာပါ။ ဒိန်ခဲနဲ့ပတ်သက် ပြီး ဗဟုသုတရအောင် ဒီ Quiz လေးဖြေကြည့်လိုက်ပါ။

၁။ ဒိန်ခဲ (Cheese)က ဘာကြောင့် သွားနဲ့ခံတွင်းအတွက် ကောင်းစေပါသလဲ။
(က) ခံတွင်းနံ့ကောင်းစေတဲ့ ဗက်တီးရီးယားပိုးတွေပါလို့
(ခ) သွားခိုင်မာစေတဲ့ ကယ်လ်စီယမ်ဓာတ်တွေပါလို့
(ဂ) သွားပိုးပေါက်မဖြစ်စေတဲ့ ဗီတာမင်စီပါလို့

၂။ ဒိန်ခဲနေ့တိုင်းစားပေးတာက နှလုံးအတွက်လည်း ကောင်းစေနိုင်ပါတယ်။
(က) မှန်
(ခ) မှား

၃။ ညဘက်မှာ ဒိန်ခဲနည်းနည်းစားပေးပါက –
(က) အိပ်ပျော်စေနိုင်ပါတယ်
(ခ) အစာကြေစေပါတယ်
(ဂ) ဆံပင်သန်စေပါတယ်

၄။ ဘယ်လို ဒိန်ခဲအမျိုးအစားမှာ Probiotics တွေ ပါဝင်တာများလဲ။
(က) Cottage Cheese
(ခ) Mozzarella
(ဂ) Gouda

၅။ ဒိန်ခဲအနံ့ဆိုးနေရင် စားလို့မရတော့ဘူး။
(က) ဟုတ်တယ်
(ခ) မဟုတ်ဘူး

၆။ တစ်နေ့ကို ဒိန်ခဲအပါအဝင် နို့နဲ့ နို့ ထွက်ပစ္စည်း ဘယ်လောက်စားပေးသင့်ပါလဲ။
(က) ကော်ဖီခွက်တစ်ခွက်စာ
(ခ) ကော်ဖီခွက် ၃ ခွက်စာ
(ဂ) ကော်ဖီခွက် ၅ ခွက်စာ

၇။ ကိုယ်ဝန်ဆောင်တွေ ရှောင်သင့်တာ ဘယ်လိုဒိန်ခဲမျိုးလဲ။
(က) Feta
(ခ) Parmesan
(ဂ) Cheddar

၈။ ဒိန်ခဲက သွားတွေကိုပါ သန့်ရှင်းစေနိုင်ပါတယ်။
(က) မှန်
(ခ) မှား

(မေးခွန်းတွေ အရင်ဖြေကြည့်ပြီးမှ အဖြေနဲ့တိုက်ကြည့်လိုက်နော်)

အဖြေများ >>>

၁။ (ခ) သွားခိုင်မာစေတဲ့ ကယ်လ်စီယမ်ဓာတ်တွေပါလို့
တကယ်တမ်း ဒိန်ခဲတွေက ခံတွင်းနံ့ကိုတောင် ဆိုးစေပါတယ်။ ဒါပေမဲ့ သွားတွေကိုတော့ ခိုင်မာစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရိုးနဲ့သွားတွေသန်မာစေနိုင်တဲ့ ကယ်လ်စီယမ်ဓာတ် အများကြီးပါနေလို့ပါ။ ဒိန်ခဲမှာ ဗီတာမင်စီတော့ မပါပါဘူး။

၂။ (က) မှန်
တစ်နေ့ကို ဒိန်ခဲ ၁.၅ အောင်စလောက် စားပေးတာက နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ နှလုံးအတွက် ကောင်းစေတယ်ဆိုတိုင်း အလွန်အကြူးတော့ မစားသင့်ပါဘူး။ နောက်ပြီး အဆီနည်းတဲ့ ဒိန်ခဲအမျိုးအစားကို ရွေးပါ။ ပုံမှန် ဒိန်ခဲတွေမှာ အဆီတွေများတတ် ပါတယ်။

၃။ (က) အိပ်ပျော်စေနိုင်ပါတယ်
ဒိန်ခဲမှာ Tryptophan လို့ခေါ်တဲ့ အမိုင်နိုအက်စစ်တွေပါဝင်ပြီး ခန္ဓာကိုယ်ကို Relax ဖြစ်စေကာ အိပ်ပျော်စေနိုင်ပါတယ်။

၄။ (ဂ) Gouda
Gouda ဒိန်ခဲအမျိုးအစားက နှစ်အကြာကြီးထားထားတဲ့ ဒိန်ခဲမျိုးဖြစ်ကာ Bifidobacteria နဲ့ Lactobacilli တို့လို ပိုးတွေပါနေတတ်ပါတယ်။ ဒီပိုး တွေက အူတွေထဲမှာနေတတ်တဲ့ ကောင်းမွန်တဲ့ ဗက်တီးရီးယားပိုးတွေပါ။ ကိုယ်ခံအားမြှင့်တင်ပေးပြီး ကျန်းမာရေးကောင်း စေပါတယ်။

၅။ (ခ) မဟုတ်ဘူး
ဒိန်ခဲမှာ အနံ့ဆိုးလေကောင်းလေပါ။ အနံ့ဆိုးတိုင်း ပျက်ပြီး စားမရတော့တာ မဟုတ်ပါဘူး။

၆။ (ခ) ကော်ဖီခွက် ၃ ခွက်စာ
ကော်ဖီခွက် ၃ ခွက်စာက ကျန်းမာတဲ့ လူတစ်ယောက်စားသင့်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်း ပမာဏပဲဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာ နွားနို့တို့၊ ဒိန်ခဲတို့ဆောင် ထားပြီး နေ့တိုင်းစားသင့်ပါတယ်။

၇။ (က) Feta
အဆီနည်းတဲ့ ဒိန်ခဲအများစုက ကိုယ်ဝန်ဆောင်တွေနဲ့တည့်ပါတယ်။ ဒါ ပေမဲ့ ဒိန်ခဲအမာကိုသာ ရွေးရပါမယ်။ Feta၊ Brie နဲ့ Blue Cheese (ဒိန်ခဲပြာ)တို့လို ဒိန်ခဲပျော့တွေကိုတော့ ရှောင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒိန်ခဲပျော့တွေမှာ ပိုးတွေရှိနေတတ်ပြီး ရောဂါဖြစ်နိုင်လို့ပါ။

၈။ (ခ) မှား
ဒိန်ခဲမှာပါတဲ့ ကယ်လ်စီယမ် ဓာတ်က သွားတွေကို ခိုင်မာစေနိုင်ပေမယ့် သွားတွေကို သန့်ရှင်းအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒိန်ခဲတွေဝါးစား တဲ့အခါ ပါးစပ်ထဲ တံတွေးပိုထွက်လာပါတယ်။ တံတွေးတွေက သွားတွေကို အက်စစ်တွေ တိုက်ခိုက်မှုကတေ ကာကွယ်ပေးလို့ သွားဖုံးရောဂါနဲ့ သွားပိုးစားတာကနေ ကာကွယ်ပေးပါတယ်။ ဒိန်ခဲ မှာ Casein ဓာတ်ပါဝင်ပြီး သွားအပေါ်ယံကြွေလွှာတွေအတွက် ကောင်းစေပါတယ်။

#ဒေါက်တာနုမြတ်သိင်္ဂီဦး
#Health_Beauty&Body_Quiz
#GoodHealthJournal_848

Post Author: Good Health Journal