ဒိန်ချဉ်နဲ့မျက်နှာပေါင်းတင်မယ်

ပျိုမေတို့ရေ အရေပြားထိန်းသိမ်းဖို့လိုအပ်ရင် Skincare တွေ ဈေးကြီးပေးဝယ်မှ မဟုတ်ပါဘူးနော်။ ငွေကုန်ကြေးကျ သက်သာပြီး အိမ်မှာကိုယ်တိုင်လုပ်နိုင်တဲ့ နည်းတွေရှိပါတယ်။ ဒီတစ်ပတ်မှာ စာရေးသူက ဒိန်ချဉ်နဲ့ မျက်နှာပေါင်းတင်နည်းကို ရေးပေးလိုက်ပါတယ်။ ဘယ်လိုဒိန်ချဉ်မျိုးကို အသုံးပြုလို့ရလဲ ဆိုရင်တော့ အရသာ(Flavor)တွေ ထပ်ဖြည့်မထားတဲ့ ဒိန်ချဉ် သီးသန့် Original Flavor ကို ရွေးဝယ်နော်။ မျက်နှာပေါင်း တင်ဖို့ဆိုတော့ ထန်းလျက်တွေ၊ သကြားတွေတော့ မထည့်နဲ့ ပေါ့။ ဒိန်ချဉ်ဝယ်လာရင် စားလည်းစား၊ မျက်နှာပေါင်းတင်ဖို့ လည်း ချန်ထားနော်။

Yogurt Benefits!
ဆဲလ်သေတွေဖယ်ရှားပေးတယ်
ဒိန်ချဉ်မှာ ပါဝင်တဲ့ အယ်လ်ဖာဟိုက်ဒရော့ဆီအက်စစ်(Lactic Acid) က အရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်ရှား ပေးနိုင်ပါတယ်။
ဆဲလ်သေတွေဖယ်ရှားလိုက်တာက ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တာမဖြစ်အောင် ကာကွယ်နိုင်သလို ဆဲလ်သေ တွေဖယ်ရှားလိုက်တာကြောင့် အရေပြားလေးနူးညံ့သွားစေပါ တယ်။

နလောင်အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်
နေလောင်ဒဏ်ခံလာရတဲ့ အသားအရေအတွက်လည်း ဒိန်ချဉ်ကိုအသုံးပြုပြီး မျက်နှာပေါင်းတင်တာက အရေပြားရဲ့ အစိုဓာတ်ပြန်လည်ဖြည့်ပေးပြီး အသားအရောင်မညီတာကို လည်း သက်သာစေမှာပါ။ ဒိန်ချဉ် ထမင်းစားဇွန်း တစ်ဇွန်းစာ ကို မျက်နှာပေါ်အနှံ့သုတ်လိမ်းပြီး နာရီဝက်ခန့်ထားပါ၊ ပြီးရင် ရေဆေးလိုက်ပါ။

ကြေးချွတ်အာနိသင်ပေးတယ်
ဒိန်ချဉ်ကို ပျားရည်နဲ့ရောစပ်ပြီး ပေါင်းတင်မယ်ဆိုရင် အရေပြား ကြေးချွတ်အာနိသင် ပိုတိုးစေပါတယ်။ ဒိန်ချဉ် ထမင်းစားဇွန်း တစ်ဇွန်းစာကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ရောပြီး လိမ်းပါ၊ နာရီဝက်ကြာရင် ရေဆေးလိုက်ပါ။

အသားအရေဖြူဝင်းစေတယ်
အသားအရေ ဖြူဝင်းချင်ရင်တော့ သံပရာရည် (သံပရာ သီးတစ်ဝက်)နဲ့ ဒိန်ချဉ်ကို ရောစပ်ပြီး ပေါင်းတင်နိုင်ပါတယ်။ ဒိန်ချဉ် ထမင်းစားဇွန်း တစ်ဇွန်းစာကို သံပရာသီးတစ်ဝက် ညှစ်ထားတဲ့အရည်နဲ့ ရောစပ်ပြီးလိမ်းပါ၊ နာရီဝက်ထားပြီး ရေးဆေးပါ။

Darliko

Post Author: Good Health Journal