ပျိုမေတို့အတွက် ရှားစောင်းလက်ပပ်ဂျယ်လ် (ALOE VERA GEL)

ပျိုမေတို့ အိမ်တိုင်းနီးပါးမှာ ရှားစောင်းလက်ပပ်ဂျယ်လ် လိုးရှင်း ရှိကြမယ်ထင်တယ်နော်။ စာရေးသူကတော့ အိမ်မှာ ရှားစောင်းလက်ပပ်အပင်ပါ စိုက်ထားတယ်။ သူက အလှအပ ရေးရာအပြင် ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင် တာဆိုတော့ အများကြီးအသုံးဝင်တယ်ပေါ့၊ ဓာတုပစ္စည်းအပြင်း စားတွေ မပါဝင်တာကြောင့် Sensitive ဖြစ်လွန်းတဲ့ အသား အရေအတွက်တောင် အသုံးဝင်ပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်လ်ကို အကြိုက်ဆုံး အသုံးပြုနည်းတွေကို ဖော်ပြပေးလိုက် ပါတယ်။

အသားအရေ
ဒါကတော့ နံပါတ်တစ်ပေါ့၊ နေလောင်တာတွေအတွက် သူ့ကိုလိမ်းလိုက်ရင် အေးအေးလေးနဲ့ သက်သာစေပါတယ်။ ဆောင်းတွင်းအသားမပတ်အောင်ဆိုရင်လည်း ရှားစောင်း လက်ပပ်ကို သံလွင်ဆီ၊ အုန်းဆီ စတာတွေနဲ့ရောပြီး အရေ ပြားပေါ် လိမ်းပေးလို့ရပါတယ်။
အခုဆိုရင် ကိုဗစ်ဒုတိယလှိုင်း မငြိမ်သေးတာမို့ လက် ခဏခဏ ဆေးရတဲ့အခါ လက်ဖဝါးခြောက်တာဖြစ်တယ်၊ ရှား စောင်းလက်ပပ်ဂျယ်လ်ကို Travel Size Tube  လေးထဲထည့် ထားပါ၊ လက်ဆေးပြီးတိုင်းလိမ်းပေးရင် အစိုဓာတ်ထိန်းပြီးသား ဖြစ်စေပါတယ်။
နှင်းခူလိုမျိုး အရေပြားအနာဖြစ်ရင်လည်း လိမ်းဆေး တွေက အရေပြားခြောက်ပြီး ပါးစေတာမို့ ဆေးမလိမ်းထားတဲ့ အချိန်တွေမှာ ရှားစောင်းလက်ပပ်ကို လိမ်းပေးပါ။

လက်သည်း၊ ခြေသည်း
လက်သည်း၊ ခြေသည်းလေးတွေ လက်သည်းနီတွေခဏ ခဏဆိုးလို့ ပျက်စီးနေရင်လည်း ရှားစောင်းလက်ပပ်ဂျယ်လ် လေး ခဏခဏလိမ်းပေးပါ၊ အလွယ်တကူ ကျိုးပဲ့တာမဖြစ် တော့ပါဘူး။

ဆံကေသာ
တစ်ခါတလေ ဆံပင်လိမ်းဖို့ အဆီကုန်သွားရင် ရှားစောင်း လက်ပပ်ဂျယ်လ်လိမ်းလို့ရတယ်နော်။ ဆံပင်လည်း မစေးဘူး၊ ဆံသားခြောက်တာ၊ ဖြီးရခက်တာတွေကိုလည်း ကောင်းသွား စေပါတယ်။ လိမ်းတဲ့အခါ ဆံသား အဖျားတွေကနေ စပြီး လိမ်း ပေးပါ။

♦ Darliko

Post Author: Good Health Journal