Did You Know ?

စိတ်ကျဝေဒနာခံစားရသူတွေက စောစောစီးစီးသေဆုံးနိုင်ခြေ သုံးဆ ပိုများတယ်ဆိုတာ သင်သိပါရဲ့လား ?

စိတ်ကျဝေဒနာကြောင့် စောစောစီးစီးသေဆုံးနိုင်ခြေဟာ သုံးဆအထိ သေဆုံးနိုင်တယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။ အမျိုးသားတွေအနေနဲ့ စိတ်ကျန်း မာရေးအခြေအနေကြောင့် အချိန်မတိုင်ခင် သေဆုံးနိုင်ခြေဟာ သုံးဆပိုများပြီး အမျိုး သမီးတွေကတော့ ၅၁ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ လေ့လာမှုအရ တွေ့ရှိခဲ့ပါ တယ်။ စိတ်ကျဝေဒနာကြောင့် ခုခံအားစနစ်ကို ချိုးနှိမ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း ထွက်ရှိလာတဲ့အတွက် ကင်ဆာရောဂါလို ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေများလာ တာကြောင့်လို့ ဆိုပါတယ်။ စိတ်ကျန်းမာရေးချို့တဲ့သူတွေမှာ များသောအားဖြင့် လှုပ်ရှားမှု မရှိတာ၊ အရက်အလွန်အကျွံသောက်တာနဲ့ အာဟာရချို့တဲ့တာလိုမျိုး ကျန်း မာရေးနဲ့ ညီညွတ်မှုမရှိတဲ့ ဘ၀နေထိုင်မှုပုံစံတွေ ရှိကြတယ်လို့လည်း လေ့လာမှုအရ သိရပါတယ်။

 

♥  ရွှေမိုး  ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *