သင့်ကို ရုပ်ဆိုးသွားစေတဲ့ အပြုအမူတွေ လုပ်နေတာလား

လူတိုင်းက လှချင်၊ ချောချင်ကြသူ တွေချည်းပါပဲ။ ဒါပေမဲ့ ကိုယ်ရဲ့သတိ လက်လွတ် လုပ်နေတဲ့ အပြုအမူတွေက သင့်ကို ရုပ်ဆိုးစေတာတွေ ရှိပါတယ်။ ပိုက်ဆံကုန်ခံပြီးဘယ်လိုပဲ အလှတွေပြင် ပြင် ရုပ်ဆိုးစေတဲ့အပြုအမူတွေ လုပ်နေ မယ်ဆိုရင် ဘာမှ ထူးလာမှာ မဟုတ်ပါ ဘူး။ အဲဒါကြောင့် အောက်ပါ ရုပ်ဆိုးစေ တဲ့အပြုအမူတွေ သင်ကိုယ်တိုင် လုပ်နေ မိတယ်ဆိုရင် အခုကစပြီး ရှောင်ရှားကြဖို့ လိုပါတယ်။

ဆီကြော်တွေ စားမိနေခြင်း
အာလူးကြော်၊ ဟမ်ဘာဂါ၊ ပီဇာ စတာတွေက ခန္ဓာကိုယ်အတွက် ကျန်းမာ ရေးနဲ့ မညီစေပါဘူး။ ဒါတွေကို စားပါများ လာရင် တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ပြင်ပ ရဲ့ပုံပန်းသဏ္ဌာန်တွေ ပြောင်းလာသလို ကိုယ်တွင်းမှာလည်း မျက်စိနဲ့ မမြင်နိုင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အရေပြားအတွက်လည်း ဝက်ခြံတွေ၊ အဖုအပိမ့်တွေ ထွက်လာစေပါတယ်။ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်က အဆီတွေ စု နေတဲ့ ခန္ဓာကိုယ်ဖြစ်လာတဲ့အခါ ကြည့်ရ ဆိုးလာစေပါတယ်။

အရက်အလွန်အကျွံသောက်ခြင်း
အရက်အလွန်အကျွံသောက်တာ ကြောင့် ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ စုမိ နေပြီး အရေပြားအိုမင်းသွားစေပါတယ်။ အယ်လ်ကိုဟောက ခန္ဓာကိုယ်မှာ ရေ ဓာတ်ဆုံးရှုံးစေလို့ အရေပြားမှာ အရေး ကြောင်းတွေ ထင်စေပါတယ်။ အရေး ကြောင်းတွေကြောင့် သင့်ကို ပိုမိုအိုမင်း သွားသယောင်ဖြစ်စေပါတယ်။ ရုပ်ဆိုး သွားစေတဲ့အပြင် ကျန်းမာရေးလည်း များ စွာ ထိခိုက်စေလို့ အရက်အလွန်အကျွံ မသောက်မိအောင် ရှောင်ရှားကြဖို့ လိုပါတယ်။

ကော်ဖီများများသောက်ခြင်း
ကော်ဖီကို သင့်တင့်တဲ့ပမာဏ နေ့စဉ်သောက်ပေးတာကြောင့် ခန္ဓာကိုယ် မှာ ဓာတ်တိုးပစ္စည်းတွေရဲ့ ထိခိုက်မှုကို နည်းစေပါတယ်။ ဒါပေမဲ့ အလွန်အကျွံ သောက်သုံးမယ်ဆိုရင်တော့ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ကော်ဖီများများသောက်တာကြောင့် သင့်ကို ရုပ်ဆိုးသွားစေပါတယ်။ ကော်ဖီ ကလည်း အရက်လိုပဲ ရေဓာတ်ဆုံးရှုံးစေ တာကြောင့် အရေပြား ပျော့တွဲတွဲဖြစ်စေ တာ၊ အရေးကြောင်း ထင်လွယ်တာ၊ မျက် ကွင်းညိုစေတာ စတာတွေ ဖြစ်နိုင်ပါ တယ်။

စီးကရက်သောက်ခြင်း
စီးကရက်သောက်တာကြောင့် အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါတွေ ဖြစ် ပွားမှုကို များစေပါတယ်။ ဆေးလိပ်မ သောက်ပေမယ့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ရသူတွေမှာလည်း ဆေးလိပ် သောက်သူတွေလိုပဲ အန္တရာယ်ရှိပါတယ်။ ဆေးလိပ်သောက်တဲ့အမူအကျင့်ကြောင့် အရေပြားကို မွဲခြောက်ခြောက်ဖြစ်စေပြီး သင့်ကို ရုပ်ဆိုးအကျည်းတန်စေပါတယ်။

အိပ်ရေးမဝခြင်း
တစ်ညကို ၇-၉ နာရီကြား ရအောင် အိပ်စက်သင့်ပါတယ်။ အဲဒီလို မဟုတ်ဘဲ စိတ်ဖိစီးမှုတွေ များတာ၊ ဖုန်း တွေ အသုံး ပြုမှုများတာ၊ အလုပ်တွေ မပြီးပြတ်သေး တာ၊ ဂိမ်းကစားတာ စတာတွေကြောင့် အိပ်စက်ချိန်တွေ နောက်ကျနေပြီဆိုရင် တော့ သင့်အရေပြားကို သိသိသာသာ ထိခိုက်စေပါတယ်။ အရေပြား အထူးကု ပညာရှင်တွေက အိပ်ရေးပျက်တာ ကြောင့် အရေပြားရဲ့အသွင်အပြင်ကို သိသိသာသာ သက်ရောက်မှုတွေရှိစေ တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အိပ် ရေးပျက်တဲ့အခါ မျက်လုံးက ပိုပြီးသိသာ ပါတယ်။ မျက်အိတ်တွေ ဖောင်းနေတာ၊ မျက်ကွင်းညိုတာ၊ မျက်လုံးက တောက်ပ မှုမရှိဘဲ အရောင်မွဲခြောက်ခြောက်ဖြစ်နေ တာ စတဲ့ သိသာတဲ့ သွင်ပြင်လက္ခဏာ တွေအပြင် အရေပြားပေါ်မှာ ဝက်ခြံ၊ တင်းတိပ်၊ အရေးကြောင်းတွေနဲ့ တောက် ပမှုမရှိတဲ့ အသားအရေတွေလည်း အိပ် ပျက်များတဲ့အခါ ဖုံးဖိလို့ မရနိုင်ပါဘူး။ ဒါကြောင့် သင့်ကို ရုပ်ဆိုးစေတဲ့ အိပ်ရေး ပျက်တာ မရှိရအောင် နေ့စဉ် ပုံမှန်အိပ် ချိန်ရအောင် အိပ်စက်နိုင်ဖို့ အရေးကြီးပါတယ်။

♦ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 

Post Author: Good Health Journal