ရန်ကုန်တိုင်းအတွင်း ကိုဗစ်ရာဂါကုသရေးအတွက် နေရာလုံလုံလောက်လောက် ပြင်ဆင်ထားပါသလား

၁၆-၉-၂၀၂၀ ရက်နေ့က ရန်ကုန် တိုင်း ဒေသကြီးအတွင်း Covid-19 ကာ ကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်း စပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ရှင်းလင်းတင်ပြ မှုများကို ပြန်လည်ရေးသားထားခြင်း ဖြစ်သည်။
ကုသမှုတွေမှာ ရန်ကုန်တိုင်းရဲ့အနေ အထားတွေကို ကူညီဖို့ဆိုပြီးတော့ သက် ဆိုင်ရာတိုင်းနဲ့ပြည်နယ်အသီးသီးက လည်း ရောက်ရှိနေပါတယ်။ မန္တလေး တိုင်းက အယောက်၂၀၊ မကွေးတိုင်းက ၂၀၊ ကယားပြည်နယ်က ၂၀၊ ဧရာဝတီက၂၀ ရောက်ရှိနေပြီး ဖြစ်ပါတယ်။ ရန် ကုန်မှာရှိနေတဲ့ဆရာဝန်၊ ဆရာဝန်မတွေ ကို အင်အားဖြည့်ဖို့ရောက်ရှိနေတာ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူလူထု တစ်ရပ်လုံးကို ကျေးဇူးတင်ပါတယ်။ ဘာ လို့လဲဆိုတော့ ၁၀ ရက်နောက်ပိုင်း တောက်လျှောက်တက်လာတာကနေ ဒီ နေ့ နည်းနည်းလေးတန်းလာတာကို တွေ့ရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆို ရင် ပြည်သူလူထုကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ဦးချင်း၊ တစ်ယောက် ချင်းစီက Mask တွေ အားလုံး တပ်ထား တာကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့ တစ် ပတ်နဲ့စာရင် ဒီအပတ်မှာ Mask တွေ အားလုံးတပ်တာကို တွေ့ပါတယ်။ အသွားအလာတွေ လျော့သွားတာကိုတွေ့ပါ တယ်၊ စည်းကမ်း လိုက်နာကြတယ်၊ လူစု လူဝေးတွေ မလုပ်ကြဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ဝေးဝေးကွာကွာနေကြ တယ်၊ စကားပြောတာတွေ ဝိုင်းဖွဲ့ပြီး စားတာသောက်တာတွေ မတွေ့ရဘူး။ ဒါကြောင့် အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီဟာက သိပ်အကြာကြီး လုပ်စရာမလိုပါ ဘူး။ နှစ်ပတ်၊ သုံးပတ်လောက်သာ တိတိ ကျကျ နေလိုက်ရင် ရန်ကုန်ကိုကယ်တင် နိုင်မှာဖြစ်ပါတယ်။ ဒီလို နေထိုင်ဆောင် ရွက်တာက တစ်ဦးချင်း၊ တစ်ယောက် ချင်းစီဟာ လူတွေအသက်ကို ကယ်နေတာ ဖြစ်ပါတယ်။ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်တာဟာ ဆေးကုသနေတာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့အနေနဲ့လည်း အစွမ်းကုန်ကြိုးစားနေကြပါတယ်။ လူနာနဲ့ဆရာ ဝန်နဲ့အင်အားမမျှဘူးဆိုတာ မဟုတ်ပါ ဘူး။ ကျန်တဲ့ရောဂါတွေနဲ့ ကုသမှုတွေဟာ ဆေးရုံတွေမှာလာရောက်ကုသမှု နည်းသွားပါတယ်။ အရင်တုန်းက လူ ၁၀၀ မှာ ၃၀ လောက်သာ ကုရပါတယ်။ အဲဒီနေရာမှာ ဆရာ၊ ဆရာမအင်အားတွေ ရှိပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီး အသီးသီးနဲ့နေပြည်တော်က ပူးပေါင်းပါ ဝင်တဲ့အတွက် အင်အားတွေ အပြည့် ရှိပါတယ်။ လူနာနဲ့ဆရာဝန်အင်အားဟာ ကောင်းပါတယ်။ ဖောင်ကြီး၊ ဝေဘာဂီ၊ တောင်ဥက္ကလာမှာရော အင်အားအပြည့် ရှိပါတယ်။ နေ့မအိပ်ညမအိပ်နဲ့ အားအင် ကုန်ခန်းလောက်အောင် အလုပ်လုပ် နေကြတာ မဟုတ်ပါဘူး။ ဆရာဝန်၊ ဆရာ မတွေ အင်ပြည့်အားပြည့်နဲ့ အိပ်ချိန်အ ပြည့်နဲ့ဝင်နိုင်အောင် စီစဉ်ထားပြီး ဆောင် ရွက်နေကြတာ ဖြစ်ပါတယ်။ ဒီရောဂါရဲ့သဘောတရားက ကျန်း မာတယ်၊ ငယ်ရွယ်သူတွေ၊ အပိုအင်အား ရှိတဲ့သူတွေကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမဲ့ အပိုအင်အားမရှိဘဲ အတိအကျ နဲ့ ကိုယ်ရဲ့ကိုယ်ခံအားနဲ့ အခြေအနေနဲ့က အတိအကျသွားနေတဲ့သူတွေအတွက်က ထပ်မံတိုက်ခိုက်လာရင် ခံရဖို့ရှိပါတယ်။ အဲဒီလိုမျိုး အပိုဆောင်းမရှိတဲ့သူတွေကို ကာကွယ်ဖို့လိုပါတယ်။ ကာကွယ်နိုင်ဖို့အ တွက်လည်း ဝိုင်းဝန်းကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ သူတွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေ၊ ရော ဂါအခံရှိနေတဲ့သူတွေ ဒုက္ခမရောက်ဖို့ အား လုံးဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်။
ကုသရေးအနေနဲ့ဆိုရင် ကုသဖို့နေ ရာတွေရှိပါတယ်။ ကုသဖို့နေရာပေါင်း ၄၅၀၀၊ ၅၀၀၀ ပြင်ဆင်ထားပြီးဖြစ်ပါ တယ်။ အခုလက်ရှိ ကုသနေတဲ့ခုတင်က ၁၅၀၉ ခုတင်ပဲ ယူထားသေးတာဖြစ်ပါ တယ်။ ဒါကြောင့် ၄၅၀၀၊ ၅၀၀၀ မှာကုသ ဖို့နေရာတွေရှိပါတယ်၊ လူတွေရှိပါတယ်၊ အားတွေရှိပါတယ်၊ ဆေးတွေရှိပါတယ်၊ ပူပင်စရာမရှိပါဘူး။ ဒါပေမဲ့ နေရာတွေ အကုန်လုံးကို မသုံးချင်ပါဘူး။ ဒီလိုမသုံး ရအောင် လုပ်ပေးနိုင်တဲ့သူက ပြည်သူလူ ထုပဲ ဖြစ်ပါတယ်။ တစ်ဦးချင်း၊ တစ် ယောက်ချင်းစီက အချိန်နဲ့အမျှ စက္ကန့်မ လပ်၊ နာရီမလပ် လိုက်နာဆောင်ရွက်ကြ မယ်ဆိုရင် ရောဂါကိုတွန်းလှန်နိုင်မှာ ဖြစ် ပါတယ်၊ ဒီရောဂါကိုနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်နိုင်မှ တစ်နိုင်ငံလုံးကိုလည်းကာ ကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဆေးရုံတက်ရာမှာလည်း ၁၄ ရက် ပဲ တက်ဖို့လိုပါတယ်။ လေ့လာတွေ့ရှိချက် တွေအားလုံးက ဘယ်လိုညွှန်ပြသလဲဆို ရင် ရောဂါပိုးဝင်ပြီး ၁၀ ရက်နဲ့ ၁၁ ရက် မြောက်နေ့ဆိုရင် သူများကိုမကူးနိုင်တော့ ပါဘူး။ ဒါက ၁၀၀ ရာခိုင်နှုန်းမဟုတ်ဘူး။ ၉၀၊ ၉၅ ရာခိုင်နှုန်းအထိ မကူးနိုင်ပါဘူး။ ဆေးရုံဆင်းတဲ့အခါမှာလည်း ရောဂါလက္ခ ဏာတွေစစ်ဆေးပြီး သေချာစိတ်ချမှ ဆင်းပေးတာဖြစ်ပါတယ်။ ဒါကြောင့် ၁၄ ရက်ဆိုရင် စိတ်ချရပါတယ်။ ၁၀ ရက်၊ ၁၁ ရက်ဆိုရင် ၉၀ ရာခိုင်နှုန်း၊ ၉၅ ရာ ခိုင်နှုန်း သေချာတာကြောင့် ၁၄ ရက်ထား ပြီးမှ ဆေးရုံဆင်းပေးတာ ဖြစ်ပါတယ်။ ဆေးရုံကဆင်းပြီး အိမ်မှာနေတဲ့အခါမှာ ၁၀၀ ရာခိုင်နှုန်းသေချာအောင် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်တွေအတိုင်း နေဖို့လိုပါ တယ်။ ဒါကို ပြည်သူလူထုက လုပ်ပေးရ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထု ကို တောင်းပန်ချင်တာက သည်းခံခွင့် လွှတ်ပေးပါ၊ ဒီလိုအချိန်မျိုးမှာ ဒီလိုနေဖို့ လိုတာကို သည်းခံဖို့လိုပါတယ်။ ဆေးရုံ မှာခေါ်ထားရတာက လိုအပ်တဲ့ဟာတွေ ကိုဆေးပေးပြီး ကုတာကတစ်ပိုင်းပါ၊ ဆေး ရုံမှာနေတာဟာ ရန်ကုန်ကိုကာကွယ်နေ တာ ဖြစ်ပါတယ်။ ဆေးရုံထဲမှာ သည်းခံပြီး ၂ ပတ် ဆေးကုသနေတာဟာ ရန်ကုန်ကို ရောဂါမဖြစ်အောင် ကာကွယ်ပေးနေတာ ဖြစ်တဲ့အတွက် ဆေးရုံမှာ ကုသနေတဲ့ ပြည်သူလူထုဟာ ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ လူနာတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ဘယ်လိုမှမြင် ဖို့မလိုပါဘူး။ ဆေးရုံကိုလာပြီး ဆေးကုသခံနေတာကိုပဲ ဂုဏ်ယူသင့်ပါတယ်၊ ချီးမြှောက်သင့်ပါတယ်၊ အလေးပြုသင့်ပါတယ်။

ဒေါက်တာဇော်ဝေစိုး (ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်)

Post Author: Good Health Journal