ကိုဗစ်-၁၉ ရောဂါ အတွက် ၁၀၀% နီးပါး ထိရောက်မှုရှိသည့် ကုသနည်းကို တွေ့ရှိပြီ ဟုဆို

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါမှ သိပ္ပံပညာရှင် သုတေသီတွေက ကိုဗစ်-၁၉ ရောဂါကို ၁၀၀% နီးပါးအောင်မြင်နိုင်တဲ့ ကုထုံးကို ရှာဖွေ တွေ့ရှိပြီးဟု ထင်မြင်ယူဆ ကြပါတယ်။

ဆေး အမျိုးအစား ၄ မျိုးပေါင်းစပ် ထားတဲ့ ဒီကုထုံးကို ICAM လို့ အတိုကောက် အမည်ပေးထားပါတယ်။

ICAM ကအဆုတ်အတွင်းရောင်ရမ်းမှု မဖြစ်အောင်ကာကွယ်နေစဉ်မှာပဲ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

ဒီတွေ့ရှိချက်ကို မှန်ကန်ကြောင်း သက်သေပြဖို့ လူနာမျာနဲ့ စမ်းသပ်ကုသမှုများ ပြုလုပ်နေဆဲဟု သိရပါတယ်။ဒီကုထုံးကသာ အန္တရာယ်ကင်းပြီး ထိရောက်မှု ရှိခဲ့ရင် ကိုဗစ်လူနာတွေကို ဆေးရုံမတက်စေပဲ ပြင်ပလူနာ အဖြစ် ကုသနိုင်လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

ICAMကဆေးအသစ်မဟုတ်ပါဘူး

I = Immunosupport drugs ခုခံအားစနစ်ကို အထောက်အပံ့ပေးတဲ့ ဗီတာမင် C, D နဲ့ သွပ်ဓာတ်

C =Corticosteroids ရောင်ရမ်းမှုကို လျော့ကျစေတဲ့ စတီးရွိုက်ဆေးဝါး

A =Anticoagulants သွေးကျဲဆေး

M = Macrolides ရောဂါပိုးကို တိုက်ခိုက်တဲ့ ပဠိဇီဝဆေး

ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေတဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ဖို့ ကိုယ်တွင်းခုခံအားကောင်းမွန်ဖို့ လိုအပ်တာမို့ ဗီတာမင်C, D နဲ့ Zinc တို့ကို အသုံးပြုပါတယ်။
Dexamethasoneလိုမျိုး စတီးရွိုက်ဆေးဝါးတွေက သေဆုံးနှုန်းကို လျော့ကျနိုင်ပါတယ်။
ကိုဗစ်-၁၉ ရောဂါက နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သွေးကြောတွေမှာ ထိခိုက်မှု ရှိပါတယ်။သွေးကြောအတွင်းသွေးခဲတုံးလေးတွေ ဖြစ်ပေါ်ပြီး သွေးကြောပိတ်ဆို့နေရင် အဆုတ်၊ ဦးနှောက်နဲ့ နှလုံး အပါအဝင် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေဆီ သွေးအရောက်နည်း သွားကာ အဆုတ် အလုပ်မလုပ်နိုင်တာ၊ လေဖြတ်တာနဲ့ heart attack ရတာတွေ ဖြစ်တတ်ပါတယ်။ သွေးကျဲဆေးက ကိုဗစ်ကြောင့် နောက်ဆက်တွဲဆိုးကျိုး မဖြစ်အောင် ကူညီပေးပါတယ်။
Marcrolides တွေက antibioticsအုပ်စုဖြစ် ပြီး ဥပမာအားဖြင့် azithromycinက သူ့ရဲ့ အဖွဲ့ဝင်တွေပါ။

ICAM ကုထုံးကို အသုံးပြုတာကြောင့် လူနာအားလုံးက( အသက်အရွယ်မရွေး၊ နာတာရှည်ရောဂါရှိသူ အပါအဝင်) အသက်ရှုစက် အသုံးမပြုရပဲ ဆေးရုံကဆင်းခွင့်ရသွား တယ်လို့ သုတေသီက ဆိုပါတယ်။
“ဒီဆေးဝါးပေါင်းစပ် ကုထုံးက ဆိုးရွားတဲ့ ကိုဗစ်လူနာတွေ အတွက်ထိရောက်မှု ရှိပါတယ်။ ဒီကုထုံးက ကိုယ်တွင်း ခုခံအားကို စူပါ ဖြစ်အောင် ပြုလုပ်ပေးတာပါ။ ဗိုင်းရပ်စ်ကို သတ်ပစ်တာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်က သက်တမ်းအလွန်တိုတဲ့အတွက် သူ့ဘာသာသူ ပျောက် ကွယ်သွားပါတယ်။ ကိုဗစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့်သာ သေဆုံးရတာ ဖြစ်တယ်”လို့ သူက ဆက်ပြောပါတယ်။
Ref; NEWSBREAK.COM

Post Author: Good Health Journal