ရေ အသောက် နည်းနေပါသလား ?

ကိုဗစ် stay at home ကာလတွေမှာ တီဗီကြည့်လိုက်၊ ဖုန်းပွတ်လိုက်၊ အိပ်လိုက်၊ စားလိုက်၊ အိမ်မှုကိစ္စ လုပ်လိုက်နဲ့ ရေသောက်ဖို့ မေ့လျော့ နေတတ်ကြပါတယ်။ ခန္ဓာကိုယ်တွင်း ရေဓာတ် ချို့တဲ့တာကြောင့် အောက်ပါ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

၁။ အမြဲတမ်း ခေါင်းကိုက်ခြင်း။
ဦးနှောက်တစ်သျှူးရဲ့ ၈၅% က ရေဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက်ထဲမှာ ရေနည်းသွားရင် ခေါင်းကိုက်တတ်ပါတယ်။

၂။ တစ်ချိန်လုံး ဗိုက်ဆာခြင်း။
အစာမစားခင် ရေတစ်ခွက်သောက်ထားရင် ဝမ်းဗိုက်ပြည့်တင်းမှုကို ရရှိနိုင်ပါတယ်။ ရေမသောက်မိရင်တော့ အလွန်အမင်း ဗိုက်ဆာ နိုင်ပါတယ်။

၃ ။ ခံတွင်းမှ အပုပ်နံ့ ရခြင်း။
အာခေါင်ခြောက်နေတာကြောင့် ခံတွင်းက အနံ့ဆိုး ထွက်လာနိုင်ပါတယ်။ ပါးစပ်ထဲမှာ စွတ်စိုမှု ရှိပြီး ခံတွင်းအနံ့ဆိုး မထွက်အောင် ရေများများ သောက်ရပါမယ်။

၄။ ဝိတ် မကျနိုင်ခြင်း။
သင်က အစားအစာကို ကယ်လိုရီတွက်ချက်ပြီး စားနေပေမယ့် သင့်ဝိတ် မကျနိုင် ဖြစ်နေတာက ရေသောက်နည်းတာကြောင့်ပါ။ ဝိတ်ကျဖို့ အခြေခံ အချက်က ရေများများသောက်ဖို့ပါ။

၅ ။ ဗောက်ထခြင်း။
ရေဓာတ် ချို့တဲ့ရင် ဗောက်ထတာနဲ့ ဆံသားခြောက်သွေ့ နိုင်ပါတယ်။

၆ ။ အသားအရေ ခြောက်သွေ့ ခြင်း။
အသားအရေ ချောမွတ်ပြီးတောက် ပြောင်မှု ရှိအောင် ရေများများသောက်ဖို့ လိုအပ်ပါတယ်။ ရေသောက်နည်းရင် အသားအရေ ခြောက် ပြီး ကြမ်းတမ်း နိုင်ပါတယ်။

၇ ။ အစာမကြေခြင်း။
ရေသောက်နည်းရင် အစာမကြေတဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။

၈ ။ ဝမ်းချုပ်ခြင်း။
ဝမ်းမှန်မှန် သွားဖို့ ရေများများသောက်ရပါမယ်။ ရေသောက်နည်းရင် ကိုယ်တွင်း အဆိပ်အတောက်တွေ စုပုံလာပြီး ဝိတ်တက်လာ နိုင်ပါတယ်။ ရေရှည် ဝမ်းချုပ်နေတာက ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင် ပါတယ်။

၉ ။ အဆစ်နာကျင်ခြင်း။
ရေဟာ အဆစ်အတွက် လောင်စာစွမ်းအင်ဖြစ်ပြီး အရိုးနု မှာရေဓာတ် ပြည့်ဝနေကာ ပျော့ပျောင်း မှုရှိအောင် ထိန်းသိမ်း ပေးပါတယ်။

၁၀။ မျက်စိခြောက်သွေ့ခြင်း။ထိုင်းမှိုင်းခြင်း။
သင်က ငိုချင်ပေမယ့် မျက်ရည်မထွက် တာက ရေသောက်နည်းတာကြောင့်ပါ။ ရေသောက်နည်းတာကြောင့် မျက်ကွင်း ညို နိုင်ပါတယ်။

အိမ်တွင်းအောင်းကာလတွေမှာ ရေသောက်ဖို့ မမေ့အောင် ဂရုစိုက်ကြစေချင်ပါတယ်။
ရေသောက် နည်း မနည်းကို သင့်ဆီးအရောင်ကို ကြည့်ပြီး သိရှိနိုင်ပါတယ်။ ဆီးအရောင်က အဝါဖျော့ဖျော့ ဆိုရင် တော့ သင်ရေသောက်တာ လုံလောက်ပါတယ်။
ဆီးအရောင်ရင့်နေရင်တော့ ရေပိုသောက်ဖို့ လိုအပ်ပါပြီး။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal