သက်ကြီးဖြစ်စဉ်နှင့် ဆေးဝါးများ

အသက်ကြီးလာတဲ့အခါ ဘာရောဂါမှ မရှိဘဲ ဒေါင်ဒေါင်မြည်ကျန်းမာတဲ့သူတွေရှိသလို နာတာ ရှည်ရောဂါတစ်ခုမဟုတ်တစ်ခုရှိတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ သက်ကြီးဖြစ်စဉ်ကို လူတိုင်းရင်ဆိုင်ရမှာဖြစ်ပြီး ဒီဖြစ်စဉ်က ဆေးဝါးတွေကို ခန္ဓာကိုယ်က စုပ်ယူမှု၊ ပျံ့နှံ့မှု၊ ချေဖျက်မှု၊ စွန့်ထုတ်မှုတွေအပေါ် အများကြီး သက်ရောက်နိုင်ပါတယ်။ ဆေးအချင်းချင်းဓာတ်ပြု ပြီးတော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေရလာနိုင် ခြေက အသက်ကြီးတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုမြင့် ပါတယ်။
အသက်ကြီးတဲ့သူတွေ ဆေးဝါးတွေ သောက် တဲ့အခါ ဆေးအချင်းချင်းဓာတ်ပြုနိုင်ခြေ၊ ဆေးနဲ့စား စရာဓာတ်ပြုနိုင်ခြေတွေရှိတာကို ပိုပြီး သတိထားဖို့ လိုပါတယ်။ အထူးသဖြင့် အယ်လ်ကိုဟောပါတဲ့ အရည်တွေသောက်တဲ့အခါ ခန္ဓာကိုယ်က အရက်ကို ချေဖျက်နိုင်စွမ်း နှေးသွားပြီဖြစ်ပါတယ်၊ ဒါကြောင့် ခန္ဓာကိုယ်တွင်းမှာအယ်လ်ကိုဟောဓာတ်တွေ အချိန် ကြာမြင့်စွာကျန်နေတတ်တာကြောင့် အယ်လ်ကို ဟောနဲ့ သောက်တဲ့ဆေးဝါးတွေ ဓာတ်ပြုနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် လူကြီးတချို့မှာ စိတ်တိုစိတ် ဆတ်ဖြစ်တာ၊ မှတ်Óဏ်လျော့နည်းလာတာ၊ ဒယီး ဒယိုင်ဖြစ်တာတွေဟာ ဆေးဝါးတွေနဲ့ အယ်လ်ကို ဟော အချင်းချင်းဓာတ်ပြုတာကြောင့် ဖြစ်နိုင်တာကို သတိပြုရပါမယ်။

ကျန်းမာရေးပညာရှင်တွေရဲ့အကူအညီရယူပါ
သောက်နေတဲ့ဆေးတွေအကုန်လုံးကို ပြောပြပါ
ကျန်းမာရေးစစ်ဆေးမှုတစ်ခါလုပ်တိုင်း၊ ဆေး ရုံ၊ ဆေးခန်းသွားပြတိုင်းမှာ ကိုယ်သောက်နေတဲ့ ဆေးဝါးတွေ (အကိုက်အခဲပျောက်ဆေး၊ အအေးမိ အဖျားကျဆေး၊ အစာအိမ်ဆေး၊ ဝမ်းပျော့ဆေး၊ မျက်စဉ်းဆေးရည်၊ ဖြည့်စွက်အားဆေး၊ လိမ်းဆေးပါ မကျန်) အကုန်လုံးကိုပြောပြပါ။ သင်နဲ့ ဓာတ်မတည့် တဲ့ဆေးတွေရှိရင်လည်း ပြောပြပါ။

အဆက်အသွယ်မပြတ်ပါစေနဲ့
ကိုယ့်ကို စောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာ ရေးပညာရှင်တွေနဲ့ အဆက်အသွယ်မပြတ်ပါစေနဲ့။ ဆိုလိုတာက သင့်ကို ဆေးတစ်ခု သောက်ဖို့ပေး လိုက်ပြီဆိုရင် ဘယ်နှရက်၊ ဘယ်နှလသောက်ရမှာ လဲဆိုတာကို သေချာလိုက်နာပါ။ ပြီးရင် ဆေးခန်း ပြန်ပြပါ၊ ကိုယ့်သဘောနဲ့ကိုယ် ဆေးကို ရပ်လိုက် တာ၊ သောက်ရမယ့် ကာလကို ကျော်လွန်ပြီး သောက်တာတွေ မပြုလုပ်ပါနဲ့။

ရောဂါအခံရှိရင်ပြောပြပါ
အရင်ကဖြစ်ဖူးတဲ့ ရောဂါလက္ခဏာ၊ ဝေဒနာ တွေ ပြောပြပါ၊ ဆေးခန်း၊ ဆေးရုံက ပေးလိုက်တဲ့ Medical Record တွေကိုသိမ်းထားပါ။ ဒါတွေကို ဆေးရုံ၊ ဆေးခန်းသွားတိုင်း ယူသွားပြလို့ရပါတယ်။ အရင်ကဖြစ်နေကျ ရောဂါလား၊ အသစ်ဖြစ်တာလား စသဖြင့် သုံးသပ်နိုင်ရင် ကုသမှုမှာ ပိုထိရောက်စေ ပါတယ်။

စားသောက်မှုပုံစံကို ပြောပြပါ
သင်ဟာ အထူးပြုထားတဲ့ Diet Plan နဲ့ စား နေတဲ့သူလား၊ ကော်ဖီ၊ လက်ဖက်ရည် ပုံမှန် သောက်တတ်လား၊ အရက်မကြာခဏသောက်လေ့ ရှိလား စတာတွေကိုလည်း ပြောပြထားဖို့လိုပါတယ်။

ဆေးသောက်ချိန်ကို အတိအကျလိုက်နာပါ
ဆေးသောက်ဖို့ မမေ့အောင်ဆိုရင် အချိန် ဇယားဆွဲထားပါ။ တစ်နေ့တာမှာ သောက်ရတဲ့ ဆေးတွေရဲ့နာမည်နဲ့ သောက်ရမယ့်အချိန်ကို ရေးမှတ်ထားပါ။ ပြီးရင် သောက်ပြီးတိုင်း အမှန် ခြစ်သွားလိုက်ပါ။

ဆေးဝါးပညာရှင်အကူအညီရယူပါ
ဆေးဝါးပညာရှင် Pharmacist တွေက ဆေး တွေကို ဘယ်လိုသောက်ရမလဲ၊ ဘယ်အချိန် သောက်ရမလဲ၊ ဆေးရဲ့ဆိုးကျိုးတွေက ဘာတွေ ရှိလဲ၊ ဘယ်ဆေးတွေဆိုရင် အတူတွဲမသောက်ရ ဘူးလဲဆိုတာကို ပြောပြပေးနိုင်ပါတယ်။ ဆေးပု လင်းမှာ သောက်ရမယ့် အညွှန်းကို စာလုံးကြီးကြီးနဲ့ ရေးပေးဖို့ တောင်းဆိုနိုင်သလို သင်သောက်ရမယ့် ဆေးတွေရဲ့ ဘူးခွံမှာပါတဲ့ အညွှန်းစာကိုလည်း ရှင်းပြပေးနိုင်ပါတယ်။

♥ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal