သင် ကျန်းမာနေကြောင်း သိရှိနိုင်အောင် စက္ကန့် ၃၀ အတွင်း အလွယ်တကူ စစ်ဆေးနည်း

အသက်ကြီးလာတာနဲ့အမျှ ခုခံအားစနစ်တွေကျဆင်းလာတဲ့အတွက် ဖျားနိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ ဆရာဝန်တွေက ထုတ်ဖော်ထားပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေအနေနဲ့ အနည်းဆုံး နှစ်နှစ် တစ်ကြိမ်လောက် ခန္ဓာ ကိုယ်ကျန်းမာရေးအတွက် စစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။ ဒီကာလအတော အတွင်းမှာလည်း မိမိအိမ်မှာပဲ အောက်ပါနည်းလမ်းတွေနဲ့ အချိန် စက္ကန့် ၃၀ လောက်ပေးပြီးတော့ စစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်။

လက်သည်းကို အသာအယာညှစ်ပါ

◘ သင်ရဲ့ ညာဘက် လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး ဘယ်ဘက်လက် ချောင်းတွေရဲ့ လက်သည်းတွေကို ပုံမှာပြထားတဲ့ အသာအယာညှစ်ပေးပါ။
◘ လက်မက စတင်ပြီး ၃-၅ စက္ကန့်ကြာ ညှစ်ပြီး ကျန်လက်ချောင်းတွေ အားလုံးကိုပါ ညှစ်သွားပါ။
◘ ညှစ်အားကို လျှော့လိုက်တဲ့အချိန်မှာ နှစ်စက္ကန့်အတွင်း သွေးတွေ ပြန် လည်ရောက်ရှိလာတာကို မြင်တွေ့ရပါလိမ့်မယ်။
◘ အကယ်၍ သွေးတွေက ပုံမှန်အတိုင်း ပြန်လည်မဖြစ်ခဲ့ရင် သွေးလှည့် ပတ်မှုလျော့ နည်းနေတာကြောင့် ဖြစ်ပါတယ်။
သင့်လက်ချောင်းတွေဟာ ခန္ဓာကိုယ်အတွင်းက ကိုယ်တွင်းအင်္ဂါတွေနဲ့ ဆက်စပ်မှုရှိနေတဲ့အတွက် ဒီစမ်းသပ်မှုပြုလုပ်လို့ နာကျင်မှုဝေဒနာခံစားရရင် လက်တစ်ချောင်းချင်းစီအလိုက် ခန္ဓာကိုယ်အတွင်းမှာ အောက်ပါအတိုင်း ပြဿနာ တစ်ခုခုရှိနေပါပြီ။
◘ လက်မကို ညှစ်လို့ နာကျင်တဲ့ဝေဒနာခံစားရရင် အဆုတ်ကျန်းမာရေးပြဿ နာရှိတဲ့လက္ခဏာပါ။
◘ လက်ညှိုးဟာ အူမကြီးနဲ့ ဆက်စပ်မှုရှိတဲ့အတွက် သူ့ကိုညှစ်လို့ နာ ကျင်ခဲ့ရင် အူမကြီးမှာ ပြဿနာရှိနေပြီး ဝမ်းချုပ်တဲ့ဝေဒနာခံစားရနိုင်ပါ တယ်။
◘ လက်ခလယ်နေရာမှာ နာကျင်ခဲ့ရင် နှလုံးကျန်းမာရေးမှာ ပြဿနာရှိတဲ့ လက္ခဏာပါ။
◘ လက်သူကြွယ်က နှလုံးနဲ့ ဆက်စပ်မှုရှိတဲ့အတွက် လက်သူကြွယ်လက် သည်းကို ညှစ်လို့ နာကျင်ခဲ့ရင် နှလုံးမှာ ပြဿနာရှိနိုင်ပါတယ်။
◘ လက်သန်းနာကျင်ခဲ့ရင် အူသိမ်လမ်းကြောင်းမှာ ပြဿနာဖြစ်နေနိုင်ပါ တယ်။

လက်သီးဆုပ်ပါ

◘ စက္ကန့် ၃၀ ခန့် လက်သီးဆုပ်ထားပါ။
◘ စက္ကန့် ၃၀ ကြာပြီးနောက် လက်သီးဖြည်လိုက်တဲ့အခါမှာ လက်ဖဝါးဖွေးနေ တာကို မြင်တွေ့ရနိုင်ပါတယ်။ လက်သီးဆုပ်လိုက်တဲ့အတွက် သွေး ကြောတွေကို ဖိအားပေးခံရတာကြောင့် လက်ဖဝါးအတွင်း သွေးရောက်ရှိ မှု နည်းသွားတာပါ။
◘ လက်သီးဖြည်အပြီး မကြာခင်မှာ သွေးတွေ ပြန်ရောက်ရှိလာတာကို တွေ့မြင်ရရင် သင်ရဲ့ သွေးကြောတွေ ကျန်းမာရေးကောင်းမွန်နေတဲ့ လက္ခဏာပါ။ လက်ဖဝါး ပြန်နီလာဖို့ အချိန်အကြာကြီးစောင့်နေရတယ် ဆိုရင် သွေးကြောတွေ ကျဉ်းမြောင်းနေတဲ့ လက္ခဏာပါ။

တင်ပါးကြွက်သား ဆွဲဆန့်ပါ

◘ မှောက်လျက် အိပ်ပါ။
◘ သင့်လက်နှစ်ဖက်ကို ခန္ဓာကိုယ်နဲ့ကပ်လျက် ဘေးမှာ ဆန့်တန်းထားပါ။
◘ ဘယ်ဘက်ခြေထောက်ကို ဆန့်တန်းထားပြီး ညာဘက်ခြေထောက်ကို တဖြည်းဖြည်း မ, တင်ပါ။
◘ တင်ထားတဲ့ ခြေထောက်ကို ဒူးကွေးလိုက်ပြီး ဒီအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် ထားပါ။
◘ အောင်မြင်စွာ ပြုလုပ်နိုင်ရင် သင့်ခန္ဓာကိုယ်က ကျန်းမာနေပါတယ်။
◘ ဒီလိုပြုလုပ်နေစဉ် နာကျင်နေတယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အသန်မာ ဆုံးကြွက်သားတစ်ခုဖြစ်တဲ့ တင်ပါးကြွက်သားမှာ ပြဿနာရှိနေပါပြီ။

စက္ကန့် ၃၀ ခန့် ခြေထောက်မြှောက်ထားပါ

◘ မှောက်လျက် အိပ်ပါ။
◘ သင့်လက်နှစ်ဖက်ကို ခန္ဓာကိုယ်နဲ့ ကပ်လျက် ဘေးမှာ ဆန့်တန်းထားပါ။
◘ ခန္ဓာကိုယ်အပေါ်ပိုင်းကို တည်ငြိမ်အောင် ထားပြီး ခြေထောက်နှစ်ဖက်ကို အပေါ် မြှောက်ပါ။
◘ ဒီအနေအထားအတိုင်း ၃၀-၃၅ စက္ကန့် ထားပါ။
◘ ဒီအနေအထားအတိုင်း ခြေထောက်မတုန်ဘဲ ပြုလုပ်နိုင်တယ်ဆိုရင် သင့်ခန္ဓာကိုယ်က ကျန်းမာနေပါပြီ။
◘ ဒီလိုပြုလုပ်ဖို့ အလွန်ခက်ခဲနေတယ်ဆိုရင် သင်ရဲ့ ဝမ်းဗိုက် ဒါမှမဟုတ် ခါးနောက်ကျောရိုးနေရာမှာ ပြဿနာရှိနေပါပြီ။

ခန္ဓာကိုယ်အပေါ်ပိုင်း ကြွပါ

◘ မှောက်လျက် အိပ်ပါ။
◘ သင့်လက်အပါအဝင် ခန္ဓာကိုယ်အပေါ်ပိုင်းကို ပုံမှာပြထားတဲ့အတိုင်း ကြွထားပါ။
◘ ဒီအနေအထားအတိုင်း ၃၀-၃၅ စက္ကန့်အထိ ထားပါ။
◘ သင့်အနေနဲ့ အလွယ်တကူပြုလုပ်နိုင်တယ်ဆိုရင် သင့်ခန္ဓာကိုယ်က ကျန်းမာနေပါတယ်။
◘ မပြုလုပ်နိုင်ဘူးဆိုရင်တော့ သင့်နောက်ကျောရိုးမှာ ပြဿနာရှိနေပါပြီ။

ဒေါက်တာခင်မိုးမိုး

REF : #လွယ်ကူစစ်ဆေး_သင့်ကျန်းမာရေးစာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Post Author: Good Health Journal