ကိုရိုနာဗိုင်းရပ်စ်အကြောင်း သင်ဘယ်လောက်သိပါသလဲ

၁။ ကိုရိုနာဗိုင်းရပ်စ်က ပူပြင်းတဲ့ ရာသီ ဥတုမှာ ကူးစက်နိုင်လား၊
(က) ကူးစက်နိုင်တယ်
(ခ) မကူးစက်နိုင်ဘူး

၂။ အေးတဲ့ရာသီဥတုက ကိုရိုနာဗိုင်း ရပ်စ်ကို သတ်နိုင်လား၊
(က) သတ်နိုင်တယ်
(ခ) မသတ်နိုင်ဘူး

၃။ ရေပူနဲ့ရေချိုးတာက ကိုရိုနာဗိုင်း ရပ်စ်ကို ကာကွယ်နိုင်တယ်၊
(က) မှန်
(ခ) မှား

၄။ ကိုရိုနာဗိုင်းရပ်စ်က ခြင်ကိုက်ခံရ တာကနေတစ်ဆင့် ကူးစက်နိုင်လား၊
(က) ကူးစက်နိုင်တယ်
(ခ) မကူးစက်နိုင်ဘူး

၅။ လက်အခြောက်ခံစက်တွေက ကိုရို နာဗိုင်းရပ်စ်ကို သေစေနိုင်တယ်၊
(က) မှန်
(ခ) မှား

၆။ UV မီးအိမ်တွေက ကိုရိုနာဗိုင်း ရပ်စ်ကို သေစေနိုင်လား၊
(က) သေစေနိုင်တယ်
(ခ) မသေစေနိုင်ဘူး

၇။ အပူချိန်တိုင်းတဲ့ကိရိယာတွေ (thermal scanners) က ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရတာ ရှိ မရှိ ထိထိရောက် ရောက် စမ်းသပ်နိုင်လား၊
(က) စမ်းသပ်နိုင်တယ်
(ခ) မစမ်းသပ်နိုင်ဘူး

၈။ တစ်ကိုယ်လုံးကို အယ်လ်ကိုဟော၊ ကလိုရင်းဆေးရည်တွေနဲ့ ဖျန်းတာက ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်တယ်၊
(က) မှန်
(ခ) မှား

၉။ Pneumonia (နမိုးနီယား) မှာ အသုံးပြုတဲ့ ကာကွယ်ဆေးတွေက ကိုရို နာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်၊
(က) မှန်
(ခ) မှား

၁၀။ နှာခေါင်းကို ဆားရည်နဲ့ ပုံမှန်သန့် စင်ပေးတာက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်လား၊
(က) ကာကွယ်နိုင်တယ်
(ခ) မကာကွယ်နိုင်ဘူး

၁၁။ ကြက်သွန်ဖြူစားတာက ကိုရိုနာဗိုင်း ရပ်စ်ပိုးကို ကာကွယ်နိုင်တယ်၊
(က) မှန်
(ခ) မှား

၁၂။ ကိုရိုနာဗိုင်းရပ်စ်က အသက်ကြီး တဲ့သူတွေကို ကူးစက်ပြီး၊ အသက်ငယ်တဲ့ သူတွေကို မကူးစက်နိုင်ဘူး။
(က) မှန်
(ခ) မှား

၁၃။ ပိုးသတ်ဆေး (Antibiotics) တွေက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ် နိုင်တယ်။
(က) မှန်
(ခ) မှား

♦ ♦ ♦ အဖြေများ . . .
______________________________________________♥ ♥ ♥

၁။ (က) ကူးစက်နိုင်တယ်
ကိုရိုနာဗိုင်းရပ်စ်က ပူပြင်းတဲ့ဒေသ မှာရော၊ ပူနွေးစိုစွတ်တဲ့ဒေသမှာရော ကူးစက်နိုင်ပါတယ်။ ဘယ်လိုရာသီဥတု မျိုးမှာမဆို လက်မကြာခဏဆေးပေးပါ၊ လက်မဆေးဘဲ မျက်လုံး၊ နှာခေါင်း၊ ပါး စပ်ကို မထိပါနဲ့၊ ဗိုင်းရပ်စ်ပိုး ကူးစက်မခံရ အောင်နေပေးပါ။

၂။ (ခ) မသတ်နိုင်ဘူး
အေးတဲ့ရာသီဥတုက ရောဂါ ပျောက်စေတယ်၊ ကိုရိုနာဗိုင်းရပ်စ်ပိုးကို သေစေနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ အပြင်ရာသီဥတု အပူချိန်ဘယ်လိုပဲ ပြောင်းပြောင်း ခန္ဓာကိုယ်အပူချိန်က ၃၆.၅ ဒီဂရီဆဲလ်ဆီးရပ်စ် နဲ့ ၃၇ ဒီဂရီ ဆဲလ်ဆီးရပ်စ်ကြား ရှိနေမှာဖြစ်ပါတယ်။ အထိရောက်ဆုံးကာကွယ်မှုကတော့ ရေ နဲ့ဆပ်ပြာအသုံးပြုပြီး လက်ဆေးပါ၊ အယ်လ်ကိုဟောအခြေခံထုတ်ထားတဲ့ လက်သန့်ဆေးရည် အသုံးပြုပါ။

၃။ (ခ) မှား
ရေပူနဲ့ရေချိုးတာက ဗိုင်းရပ်စ် မကူးစက်အောင် မကာကွယ်နိုင်ပါဘူး၊ ရေချိုးတဲ့ရေရဲ့ အပူချိန်က ဘယ်လောက် ပဲဖြစ်ဖြစ် ခန္ဓာကိုယ်က သူ့အပူချိန်အ တွင်း (36.5 -37 °C) ရှိနေမှာပါ။ အရမ်း ပူတဲ့ရေနဲ့ချိုးတာက သင့်ကို အပူလောင် စေမှာပါ။

၄။ (ခ) မကူးစက်နိုင်ဘူး
အခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ဟာ ခြင်ကိုက်ခံရတာနေ ကူးစက်တယ်လို့ သက်သေအထောက်အထား မရှိသေး ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်က အသက်ရှူ လမ်းကြောင်းကို တိုက်ခိုက်တာဖြစ်ပြီး ပိုးရှိတဲ့သူ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါ ထွက်လာတဲ့ အမှုန်အမွှား Droplets လေးတွေကနေ ကူးစက်နိုင်ပါတယ်။ နှာ ချေ၊ ချောင်းဆိုးတဲ့သူနဲ့ နီးနီးကပ်ကပ် နေတာ ရှောင်ပါ။

၅။ (ခ) မှား
လက်အခြောက်ခံစက်တွေက ကိုရို နာဗိုင်းရပ်စ်ကို မသတ်နိုင်ပါဘူး။ လက် ကို ရေ၊ ဆပ်ပြာနဲ့ သေချာဆေးကြောပြီး ခြောက်သွေ့အောင် တစ်သျှူးနဲ့သုတ်တာ ဒါမှမဟုတ် လက်အခြောက်ခံစက်မှာ အ ခြောက်ခံနိုင်ပါတယ်။

၆။ (ခ) မသေစေနိုင်ဘူး
UV မီးအိမ်တွေကို လက်ပိုးသန့် စင်ဖို့ မသုံးသင့်သလို တခြား အရေပြား တွေ ပိုးသန့်စင်ဖို့လည်း အသုံးမပြုရ ပါဘူး။ အရေပြားကို ယားယံပြီး အလာဂျီ ဖြစ်စေနိုင်ပါတယ်။

၇။ (ခ) မစမ်းသပ်နိုင်ဘူး
အပူချိန်တိုင်းတဲ့ကိရိယာတွေက အဖျားရှိ မရှိ ထိထိရောက်ရောက်တိုင်းတာနိုင်ပါတယ်။ (ပုံမှန်ထက် ကိုယ်အပူချိန်မြင့်တက်နေလားဆိုတာတိုင်းတာပါ) ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးရှိပေမယ့် အဖျား မရှိသေးတဲ့ လူနာတွေကို တိုင်းရင် ပိုးရှိ မရှိဆိုတာ မသိနိုင်ပါဘူး။ ကိုရိုနာဗိုင်း ရပ်စ်ပိုးက ကူးစက်ခံရပြီး ၂ – ၁၄ ရက် လောက်ကြာမှ ဖျားနာတဲ့ လက်္ခဏာတွေ ပြနိုင်တာပါ။

၈။ (ခ) မှား
တစ်ကိုယ်လုံးကို အယ်လ်ကိုဟော၊ ကလိုရင်း အသုံးပြုပြီး ဖျန်းတာက ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီဖြစ်တဲ့ ဗိုင်း ရပ်စ်ပိုးကို မသတ်နိုင်ပါဘူး။ ဒီအရည် တွေနဲ့ဖျန်းတာက အဝတ်အထည်တွေ ထိခိုက်တာထက် မျက်စိ၊ ပါးစပ်နဲ့ ထိ တွေ့ရင် အန္တရာယ်ရှိပါတယ်။ ဒီအရည် တွေကို ဩန်ကြားချက်အတိုင်း အသုံး အဆောင်ပစ္စည်းတွေ ပိုးသန့်စင်ဖို့ပဲ အသုံးပြုပါ။

၉။ (ခ) မှား
နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင် ရောဂါကို ကုသတဲ့ Vaccines ထိုးဆေးတွေ (Pneumococcal Vaccine, Haemophilus influenza type B Vaccine) က ကိုရိုနာဗိုင်းရပ်စ်ကို မကာ ကွယ်နိုင်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးအတွက် ကာကွယ်ဆေးထိုးဆေးတွေကို တော့ အပြည့်အဝထိုးနှံထားဖို့လိုပါတယ်။

၁၀။ (ခ) မကာကွယ်နိုင်ဘူး
နှာခေါင်းကို ဆားရည်နဲ့ ပုံမှန်သန့် စင်ပေးတာက ကိုရိုနာဗိုင်းရပ်စ်ကို မကာ ကွယ်နိုင်ပါဘူး။ ဒီလို နှာခေါင်းကို ဆား ရည်နဲ့ ပုံမှန်သန့်စင်ပေးတာက အသက် ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါပိုးတွေ ကို ကာကွယ်နိုင်တယ်ဆိုတာမျိုး မရှိ ပါဘူး။

၁၁။ (ခ) မှား
ကြက်သွန်ဖြူက ပိုးသတ်စေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ကျန်းမာရေးနဲ့ညီတဲ့ စားစရာ တစ်မျိုးပါ။ ဒါပေမဲ့ ကြက် သွန်ဖြူက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ် နိုင်ပါတယ်ဆိုတဲ့ သက်သေအထောက် အထားသုတေသန မရှိသေးပါဘူး။

၁၂။ (ခ) မှား
ကိုရိုနာဗိုင်းရပ်စ်က အသက်အရွယ် မရွေး ကူးစက်နိုင်ပါတယ်။ အသက်အ ရွယ်အရလည်း ကြီးပြီ၊ ရောဂါအခံ တစ် ခုခုရှိသူတွေ (ပန်းနာရင်ကျပ်ရှိသူ၊ ဆီး ချိုရှိသူ၊ နှလုံးရောဂါရှိသူ) က ဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် အပြင်းအထန် ဖျားနိုင်ပါ တယ်။ အသက်အရွယ်မရွေး လက်သေ ချာဆေးဖို့၊ အသက်ရှူလမ်းကြောင်း သန့် ရှင်းရေး ဂရုစိုက်ဖို့ WHO က အကြံပြု ထားပါတယ်။

၁၃။ (ခ) မှား
ပိုးသတ်ဆေးတွေက ဘက်တီးရီး ယားတွေကိုပဲ သေစေနိုင်တာပါ။ ဗိုင်း ရပ်စ်ပိုးကို မကာကွယ်နိုင်ပါဘူး။ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကြောင့် ဆေးရုံတင်ရတယ်ဆိုရင်Bacterial co-infection ရနိုင်တာကြောင့် ပိုးသတ် ဆေးကိုလည်း ပေးမှာပါ။

♥ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal