ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပြန့်ပွားစဉ် လူတိုင်းအတွက် Do’s & Don’ts

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် COVID-19 ဟာ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော်မှာ လူပေါင်း ကိုးသောင်းကျော်ခန့် ကူးစက် ပြန့်ပွားနေပြီး အဲဒီရောဂါကြောင့် သေဆုံးသူပေါင်း ၃၀၀၀ ကျော်ရှိနေပြီလို့ သိရပါ တယ်။ ဒီမြန်နှုန်းမြင့်ကူးစက်ရောဂါကို မထိန်းချုပ်နိုင်ရင် များမကြာမီကာလအတွင်း နိုင်ငံပေါင်းများစွာမှ လူပေါင်းများစွာဆီ ထပ်မံကူးစက်နိုင်ပါတယ်။ ကျွန်မတို့မြန်မာနိုင် ငံမှာ ယခုအချိန်အထိ ရောဂါပိုးရှိသူကို မတွေ့ရသေးတာ ကံကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပေမယ့် တကယ်တမ်းရောဂါကူးစက်ခံရသူတွေကို တွေ့ပြီဆိုရင်ဖြင့် မိမိဆီကို ရောဂါကူးစက်မခံရအောင် ပြုလုပ်ထားသင့်တာနဲ့ မပြုလုပ်သင့်တာတွေကို သိရှိနိုင် ပြီး ကြိုတင်ကာကွယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

နေကောင်းနေစဉ် Do’s & Don’ts

Do’s
♦ ရေ၊ ဆပ်ပြာကို အသုံးပြုပြီး အချိန် စက္ကန့် ၂၀ ခန့် သင့်လက်ကို စင်ကြယ်စွာ ဆေးကြောပါ။ တစ်နေ့ကို အကြိမ်ကြိမ်ပြုလုပ်ရမှာဖြစ်ပါတယ်။ လက်ဆေးစဉ်မှာ လက်ဖမိုး၊ လက်ဖဝါး၊ လက်ချောင်းကြားကနေ တံတောင်ဆစ်အထိ ဆပ်ပြာတိုက်ပြီး စိတ်ထဲကနေ Happy Birthday  သီချင်းကို နှစ်ကြော့ပြန်ဆိုပြီးတဲ့အထိ ဆေးကြော ရမှာပါ။ ဆပ်ပြာနဲ့ ရေ အလွယ်တကူ မရရှိရင် အနည်းဆုံး အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ Hand Sanitizer ကို အသုံးပြုရပါမယ်။ အထူးသဖြင့် ထမင်းဟင်း မချက်ခင်၊ အစာစားအပြီး၊ အိမ်သာတက်အပြီး၊ နှပ်ညှစ်အပြီး၊ ချောင်းဆိုးအပြီး၊ နှာချေ အပြီးမှာ မဖြစ်မနေ လက်ဆေးရပါမယ်။
♦ တုပ်ကွေးရောဂါနဲ့ ဆင်တူဖြစ်တဲ့ အောက်ပါလက္ခဏာတွေကို ဂရုပြုပါ။
◘ အဖျားရှိခြင်း
◘ ချောင်းဆိုးခြင်း
◘ အသက်ရှူမဝခြင်း
◘ ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်ခံရရင် များသောအားဖြင့် နှာမစေးတတ်ပါ။
(အထက်ပါလက္ခဏာတွေရှိနေရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ)
◘ နှာစေး၊ ချောင်းဆိုးနေသူနဲ့ အနည်းဆုံး ခြောက်ပေအကွာမှာ နေပါ။
◘ အိပ်ရေးဝအောင် အိပ်ပါ။
◘ ရေများများသောက်ပါ။ အာဟာရပြည့်ဝတဲ့အစားအစာတွေ စားသုံးပါ။
◘ သင်ရဲ့ အိမ်ဝင်ပေါက်၊ ရုံးအဝင်ဝနဲ့ ကားထဲမှာ Hand Sanitizer ထားထားပါ။ ဖြစ်နိုင်ရင် အိတ်ဆောင် Hand Sanitizer ကို ဆောင်ထားပါ။
◘ သင်ဟာ အသက် ၆၀ ထက်ကျော်သူဖြစ်ရင် ဒါမှမဟုတ် နှလုံးရောဂါ၊ ဆီးချို ရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလိုမျိုး နာတာရှည်ရောဂါရှိသူဖြစ်ရင် လူစုလူဝေးများတဲ့နေရာတွေကို ရှောင်ကြဉ်ပါ။
◘ ရောဂါကူးစက်ခံရတယ်လို့ ဖော်ပြထားတဲ့ တိုင်းပြည်တွေ (ဥပမာ တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ ဂျပန်နဲ့ အီရန်နိုင်ငံ)ကို မဖြစ်မနေ သွားရောက်ရမှာက လွဲလို့ ဖြစ်နိုင်ရင် မသွားသင့်ပါဘူး။
◘ သင့်အိမ်မှာ ဖျားနာသူ ဒါမှမဟုတ် သီးခြားစောင့်ကြည့်ဖို့ လိုအပ်သူတွေအတွက် ကြိုတင်ပြီး ပစ္စည်းတွေ စုဆောင်းထားပါ။ ရောဂါဖြစ်သူအတွက် Mask အလုံအ လောက်နဲ့ မိသားစုဝင်တွေအတွက် တစ်ခါသုံးလက်အိတ်၊ ဆရာဝန်ညွှန်ကြားချက်နဲ့ အမြဲတမ်းသောက်နေရတဲ့ဆေးဝါးတွေ၊ ဆိုင်ပေါ်မှာ တင်ရောင်းတဲ့ အကိုက်အခဲ ပျောက်ဆေးတွေ၊ အိမ်သုံးသန့်ရှင်းရေးပစ္စည်းနဲ့ ပိုးသတ်ပစ္စည်းတွေကို အလုံအ လောက် စုဆောင်းထားပါ။ ကိုရိုနာဗိုင်းရပ်စ်က အရာဝတ္ထုမျက်နှာပြင်ပေါ်မှာ ရက် ပေါင်းများစွာ တည်ရှိနေတတ်တဲ့အတွက် အဲဒီဗိုင်းရပ်စ်တွေ သေဆုံးအောင် မျက် နှာပြင်တွေပေါ် ပိုးသတ်ဆေးတွေနဲ့ ပုံမှန်သန့်စင်ပေးရပါမယ်။
◘ ဇင့်ပါတဲ့ ခံတွင်းငုံဆေးတွေကိုလည်း စုဆောင်းထားပါ။ ဒီငုံဆေးတွေက ကိုရိုနာ ဗိုင်းရပ်စ်တွေ လည်ချောင်းတစ်ဝိုက်မှာ ပြန့်ပွားမှုမဖြစ်အောင် တားဆီးပိတ်ပင်နိုင်ပါ တယ်။ သင့်အနေနဲ့ အအေးမိဝေဒနာလိုမျိုး စတင်ခံစားရတာနဲ့ ဒီငုံဆေးကို မကြာခဏ ငုံပေးပါ။ ငုံဆေးငုံတဲ့အခါမှာ ပက်လက်လဲလျောင်းပြီး ငုံပေးပါ။ ဒါမှ ငုံဆေးတွေက လည်ချောင်းထဲ ပျော်ဝင်ကျလာမှာဖြစ်ပါတယ်။
◘ မိမိအိမ်အတွက် ရေနဲ့ အစားအသောက်တွေကို အမြဲတမ်းနှစ်ပတ်စာ ကြိုတင်စု ဆောင်းထားပါ။

Don’ts
 မျက်လုံး၊ နှာခေါင်းနဲ့ပါးစပ်ကို လက်နဲ့ လုံးဝမကိုင်တွယ်ပါနဲ့။ သင့်အနီးအနားမှာ ရောဂါပိုးကူးစက်ခံရသူရှိနေရင် သင့်မျက်နှာကို သင့်လက်နဲ့ ကိုင်တွယ်မိတာကြောင့် သင့်ထံ ရောဂါကူးစက်နိုင်ပါတယ်။
 သင်က ကျန်းမာနေသူဖြစ်ရင် Mask မတပ်ပါနဲ့။ Mask တွေကို နာမကျန်းဖြစ် သူ၊ နှာစေးချောင်းဆိုးနေသူတွေကသာ မိမိဆီက ရောဂါကို တခြားသူဆီ မကူးစက်စေ ဖို့ တပ်ထားသင့်တာပါ။ အခုဈေးကွက်ထဲမှာ ရောင်းချနေတဲ့ Surgical Mask က သင့်နှာခေါင်း ဒါမှမဟုတ် ပါးစပ်ကို သင့်လက်နဲ့ မကိုင်တွယ်မိအောင်သာ ကာကွယ်ထား နိုင်ပါတယ်။ ကျွန်မတို့ဟာ မိမိကိုယ်မိမိ သတိမထားမိဘဲ နှာခေါင်း/ပါးစပ်ကို တစ်နေ့ အကြိမ် ၉၀ လောက် ကိုင်တွယ်မိတတ်ကြပါတယ်။ ကျန်းမာနေသူတွေအနေနဲ့ မလို အပ်ဘဲ Mask ဝယ်တပ်ခဲ့ရင် ဈေးကွက်ထဲမှာ ပစ္စည်းပြတ်လပ်ပြီး အမှန်တကယ်ဖျား နာသူ၊ နေမကောင်းဖြစ်နေသူတွေအတွက် လုံလုံလောက်လောက် ရရှိမှာမဟုတ်တော့ပါ ဘူး။ ရောဂါရှိနေသူ Mask မတပ်ထားမှသာလျှင် သင့်ထံကို ရောဂါကူးစက်ခံရနိုင်ခြေ များသွားမှာပါ။
 သင့်မှာ အဖျားရှိနေရင် ခရီးမထွက်ပါနဲ့။ သင်ဟာ လေယာဉ်ပျံပေါ်မှာ ဖျားနာနေ ရင် လေယာဉ်ဝန်ထမ်းတွေကို ချက်ချင်းအကြောင်းကြားပါ။
 တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံရင် လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာ၊ နမ်းတာမျိုးတွေ မပြုလုပ်ပါနဲ့။ အဲဒီအစား ဦးခေါင်းညွတ်တာ၊ လက်သီး ဆုပ်ချင်းထိ လိုက်တာ၊ ခြေထောက်ချင်းတိုက်လိုက်တာမျိုးတွေနဲ့ပဲ နှုတ်ဆက်ပါ။
 တွေ့ကရာနေရာမှာ တံတွေးမထွေးပါနဲ့။
 ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးဝါးတွေကို မိမိသဘောနဲ့မိမိ မသောက်ပါနဲ့။
 လူသုံးများတဲ့ တံခါးလက်ကိုင်ဖု၊ ဓာတ်လှေကားခလုတ်၊ လှေကားလက်ရန်းတွေ ကို တတ်နိုင်ရင် သင့်လက်နဲ့ မကိုင်ပါနဲ့။ မီးခလုတ်၊ ဓာတ်လှေကားခလုတ်တွေကို လက်ဆစ်ခေါက်နဲ့ အဖွင့်အပိတ်လုပ်ပါ။ တံခါးလက်ကိုင်ဖု၊ ကားဓာတ်ဆီတိုင်ကီအဖုံးတွေကို (အထူးသဖြင့် အများသုံးအိမ်သာတံခါးနဲ့ လူအများ အသုံးပြုနေတဲ့ အဆောက်အအုံက တံခါးတွေကို ဖွင့်ရင်)တစ်ရှူး ဒါမှမဟုတ် လက် အိတ်ဝတ်ပြီး ကိုင်တွယ်ပါ။ တံခါးတွန်းဖွင့်ရင် တံတောင် ဒါမှမဟုတ် တင်ပါးကို အသုံးပြုပြီး တွန်းဖွင့်ပါ။ ဒီလိုနေရာတွေကို ကိုင်မိရင်လည်း ကိုင်ပြီးတိုင်း သင့်လက်ကို Hand Sanitizer ဒါမှမဟုတ် ရေ၊ ဆပ်ပြာနဲ့ သေချာဆေးကြောပါ။

နေမကောင်းဖြစ်နေစဉ် Do’s & Don’ts

Do’s
 သင့်မှာ အဖျားရှိရင်၊ ချောင်းဆိုးရင်၊ အသက်ရှူရခက်ခဲနေရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။ ဆေးခန်းထဲမှာ လူအများအပြားရှိနေတတ်တဲ့အတွက် ဆေးခန်းကို တိုက်ရိုက်တန်းမဝင်ပါနဲ့။ ဆရာဝန်ဆီကို ဦးစွာဖုန်းဆက်အကြောင်းကြားပြီးမှ လူရှင်း ချိန်မှာ ဆေးခန်းသွားပြပါ။
Don’ts
 ဆရာဝန်နဲ့ ဆေးခန်းသွားပြရမှာကလွဲပြီး အိမ်ပြင်မထွက်ပါနဲ့။ ဆေးခန်းသွားပြရာ မှာလည်း လူအသုံးများတဲ့ ဘတ်စကား၊ ရထားလိုမျိုးတွေ မစီးဘဲ ကိုယ်ပိုင်ကား၊ တက္ကစီ၊ ဆိုက်ကားလိုမျိုး သီးသန့်စီးနိုင်တဲ့ယာဉ်မျိုးနဲ့သာ သွားပါ။

Dos
 တစ်ရှူး ဒါမှမဟုတ် လက်ကိုင်ပဝါအုပ်ပြီးမှ နှာချေ၊ ချောင်းဆိုးပါ။ အဲဒီတစ်ရှူး ကို အမှိုက်ပုံးထဲ သေချာလွှင့်ပစ်ပြီး အမှိုက်ပုံးကို အဖုံးဖုံးထားပါ။ တစ်သျှူးအလွယ်တ ကူမရှိရင် တံတောင်ဆစ်ကာပြီး နှာချေ၊ ချောင်းဆိုးနိုင်ပါတယ်။
Don’ts
 သင့်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သံသယဝင်နေရင် မိသားစု ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်တွေနဲ့ ခွဲနေပါ။ သင်တစ်ယောက်တည်း သီးသန့်ခန်းမှာ နေထိုင်ပြီး ဖြစ်နိုင်ရင် သင့်တစ်ယောက်တည်းအတွက် သီးသန့်ပန်းကန်ခွက်ယောက်တွေအပြင် သီးသန့်အိမ်သာအသုံးပြုပါ။ မိမိအဝတ်အစားတွေကိုလည်း သီးသန့်လျှော်ဖွပ်ပါ။

Do’s
 သင့်မှာ ရောဂါကူးစက်ခံရတယ်လို့ သံသယဖြစ်နေရင် Mask တပ်ထားပါ။ မျက်နှာနဲ့ Mask ကြားမှာ လေဟာနယ်မရှိအောင် Mask ကို တပ်ရပါမယ်။
Don’ts
 ပဋိဇီဝဆေးဝါးမမှီဝဲပါနဲ့။ ဒါပေမဲ့ သင့်မှာ တခြားရောဂါတွေအတွက် ပဋိဇီဝဆေးဝါးမှီဝဲနေရရင်တော့ ဆက်လက်မှီဝဲနိုင်ပါတယ်။ ပဋိဇီဝဆေးဝါးတွေက ဗိုင်းရပ်စ်ပိုးအတွက် အသုံးမဝင်ပါဘူး။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal