အိပ်ရေးပျက်သူတွေအတွက် Dos & Don’ts

“အိပ်မပျော်တဲ့ညတစ်ည သံသရာ လည်” ဆိုသလိုပဲ အိပ်မပျော်တဲ့ ညတွေ များလာတဲ့အခါ အလုပ်မှာ အာရုံစူးစိုက် မှုတွေ လျော့နည်းလာပြီး အမှားတွေ များ လာတတ်ပါတယ်။ ဒါ့အပြင် အိပ်ရာထဲ မှာ လူးလှိမ့်နေရတဲ့အတွက်လည်း ဒုက္ခ ဝေဒနာတွေ ခံစားရသလို ဖြစ်လာပါ တယ်။ အိပ်ရေးပျက်သူတွေအတွက် အိပ်မပျော်တဲ့ ညတွေ သံသရာမလည်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင် ဆောင်ရန် ရှောင်ရန်တွေ ဖော်ပြပေး လိုက်ပါတယ်။

ရှောင်ရန်

♦ နှိုးစက်ပိတ်ပြီး ဆက်မအိပ်နဲ့           

အိပ်ရေးမ၀တဲ့အတွက် ၁၀ မိနစ် လောက်ထပ်အိပ်ဦးမယ်ဆိုပြီး အိပ်ရာထဲ မှာ နှပ်နေတာက မှားယွင်းပါတယ်။ ၁၀ မိနစ်လောက်နဲ့တော့ စွမ်းအင်ပြည့်ပြည့် ၀၀ ရမှာ မဟုတ်ပါဘူး။ အနည်းဆုံး တစ် နာရီလောက် ထပ်အိပ်မှသာ စွမ်းအင် ရရှိ နိုင်ပါတယ်။ အချိန်ပိုအိပ်လိုက်တဲ့အ တွက် မနက်လုပ်စရာရှိတဲ့အလုပ်တွေ မပြီးမြောက်တော့ဘဲ စိတ်ဖိစီးမှု ပိုများ သွားနိုင်ပါတယ်။

♦ ခွင့်ယူပြီး အိပ်လိုက်မယ်လို့ မစဉ်းစား ပါနဲ့

အိပ်ရေးမ၀လို့ဆိုပြီး မနက်တစ်ပိုင်း နေ့တစ်ဝက်ခွင့်ယူကာ နေ့လယ်အထိ ဆက်အိပ်လိုက်မယ်လို့ စိတ်ကူးနေရင် လည်း မှားပါတယ်။ ခန္ဓာကိုယ်မှာ ဇီဝနရီ ရှိပါတယ်။ နေ့စဉ်နေ့တိုင်းအတွက် တူညီ တဲ့ အိပ်ချိန်ထချိန်ရှိပါမှ ဇီဝနာရီရဲ့ လှုပ် ရှားမှုကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နိုင်မှာပါ။

♦ အရက်မသောက်ပါနဲ့

အရက်သောက်တာက ငိုက်မျည်း စေနိုင်ပေမယ့် အိပ်ပျော်ပြီး ခဏအကြာ မှာ ခန္ဓာကိုယ်က အရက်ကို ချေဖျက်ရ တာကြောင့် ပြန်လည်နိုးထလာနိုင်ပါတယ်။ အရက်သောက်ပြီး အိပ်တာက နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်မှုမရရှိနိုင်ပါဘူး။

♦ ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာက ကျန်းမာ ရေးအတွက် ဆိုးရွားနိုင်တယ်လို့ သိပြီး သားဖြစ်ပါလိမ့်မယ်။ သင်က ဆေးလိပ်စွဲ နေသူဖြစ်ပြီး အိပ်ရေးဝချင်ရင်တော့ အိပ် ရာဝင်ခါနီး ဆေးလိပ်သောက်တာကို ရှောင်ကြဉ်ပါ။ ဆေးလိပ်ဟာ ကဖင်းလို မျိုးလိုပဲ စိတ်ကြွစေနိုင်တာကြောင့် အိပ် ပျော်ဖို့ ခဲယဉ်းတတ်ပါတယ်။

♦ အင်တာနက် မကြည့်ပါနဲ့

နေ၀င်သွားပြီးနောက်ပိုင်းမှာ အ လင်းရောင်အများကြီးနဲ့ ထိတွေ့မှုရှိတာ က အိပ်စက်မှုကို အနှောင့်အယှက် ဖြစ် စေနိုင်ပါတယ်။ အထူးသဖြင့် လက်ကိုင် ဖုန်း၊ ကွန်ပျူတာနဲ့ တက်ဘလက်က လာ တဲ့အလင်းရောင်တွေဆို ပိုဆိုးပါတယ်။ သင့်အိပ်ခန်းက မှောင်နေပြီး ဆိတ်ငြိမ် မှုရှိနေရပါမယ်။

♦ ဆုံးဖြတ်ချက်ကြီးကြီးမားမားတွေ မပြုလုပ်ပါနဲ့

အိပ်ရေးမ၀တဲ့အတွက် သင်ရဲ့ ဆုံး ဖြတ်ချက်တွေက မှားယွင်းနိုင်ပါတယ်။ ဦးနှောက်က အလွန်အကျွံလုပ်နေရတဲ့ အတွက် အခြေခံကျတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ မေ့နေနိုင်ပါတယ်။ အိပ်ရေးဝမှသာ ဦးနှောက်ကြည်လင်စွာနဲ့ ဆုံးဖြတ်ချက်ကိုမှန်မှန်ကန်ကန် ချနိုင်မှာပါ။

ဆောင်ရန်

♦ နေရောင်ခြည်ခံယူပါ

နေရောင်ခြည်နဲ့ ထိတွေ့တာက ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို ပြန်လည်ပြုပြင် ပေးနိုင်ပါတယ်။ အိပ်ရေးမ၀လို့ ချို့ယွင်း သွားတဲ့ စိတ်ခံစားချက်နဲ့ ဦးနှောက်ကို ပြန်လည်ပြင်ဆင်ပေးနိုင်ပါတယ်။ အိပ် ရေးပျက်ထားလို့ နောက်တစ်ညမှာ ပိုမို အိပ်ရေးဝချင်ရင် အိပ်ရာကထပြီးချိန်မှာ နေရောင်ခြည်ခံယူလိုက်ပါ။ အလုပ်ထဲ ရောက်ခဲ့ရင်လည်း နေ့လယ်စာစားတဲ့ အချိန်မှာ အပြင်ခဏထွက်ပြီး နေရောင် ခြည်နဲ့ ထိတွေ့လိုက်ပါ။

♦ ကဖင်းဓာတ်အနည်းငယ်ရယူပါ

အိပ်ရေးမ၀လို့ မနက်သောက်ရ မယ့်ကော်ဖီကို မသောက်ဘဲ ထားခဲ့ရင် သင့်အနေနဲ့ ပိုပြီး ငြီးစီစီဖြစ်နေပါလိမ့် မယ်။ ခေါင်းကိုက်တာ၊ ဒေါသထွက်လွယ် တာတွေလည်း ဖြစ်နိုင်ပါတယ်။ ကော်ဖီ အနည်းငယ်သောက်ထားမှသာလျှင် သင့်ကို လန်းဆန်းတက်ကြွနိုင်မှာပါ။ ကော်ဖီဟာ သွေးထဲမှာ အချိန်ကြာမြင့် စွာ တည်ရှိနိုင်တာမို့ ကော်ဖီအများကြီး တော့ မသောက်သင့်ပါဘူး။

♦ လေ့ကျင့်ခန်းပြုလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက မြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပါတယ်။ ဒါပေမဲ့ အိပ်ရာဝင်ခါနီးမှာတော့ လေ့ကျင့် ခန်း မပြုလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းပြု လုပ်ရင် ခန္ဓာကိုယ်က ကော်တီစောဟော် မုန်းတွေ ထွက်ရှိလာအောင် လှုံ့ဆော်နိုင် ပါတယ်။ ဒီဟော်မုန်းက တက်ကြွမှုကို ဖြစ်စေနိုင်လို့ပါ။ အိပ်ရာမ၀င်ခင် သုံးနာရီ အတွင်း လေ့ကျင့်ခန်းမပြုလုပ်သင့်ပါ။

♦ တစ်မှေးအိပ်ပါ

နေ့ခင်း မိနစ် ၂၀ လောက်အိပ်တာ က သင်ရဲ့ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန် နိုင်ပြီး ဖန်တီးနိုင်စွမ်းတွေ ပိုမိုရရှိနိုင်ပါ တယ်။ တစ်နာရီကျော်ကြာအောင် တစ် မှေးအိပ်တာကတော့ သင့်ကို ငြီးစီစီ ပိုဖြစ်စေနိုင်ပါတယ်။ တစ်မှေးအိပ်ချိန်က ညအိပ်ချိန်နဲ့ မနီးကပ်ဖို့တော့ လိုအပ်ပါ တယ်။

♦ ပေါ့ပေါ့ပါးပါးအစားအစာ စားပါ

အရင်ညက အိပ်ရေးမ၀တာကြောင့် မြန်မြန်အိပ်ပျော်လိုဇောနဲ့ အဆီများတဲ့ အစားအစာတွေ၊ ဘာဂါတွေ စားမိနေပါ သလား။ အိပ်ရာမ၀င်ခင် နာရီအနည်း ငယ်အလိုမှာ အစာကြေလွယ်ပြီး အဆီပါ ၀င်မှုနည်းတဲ့ အစာအနည်းငယ်သာ စား ရပါမယ်။ အဆီများတဲ့အစာတွေက အိပ် စက်မှုကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဗိုက်ဆာလွန်းရင် နွားနို့ ဒါမှမဟုတ် ဒိန်ချဉ် အသောက်ပေးပါ။

♦ ရေဓာတ်ပြည့်ဝပါစေ

ရေကိုလုံလုံလောက်လောက် သောက်ထားပါမှ ရေငတ်တဲ့အတွက် အိပ်ရာက တစ်ရေးနိုးထလာတာတွေ မဖြစ်နိုင်တော့ပါဘူး။ ရေသောက်များ လွန်းရင်လည်း ဆီးသွားချင်တာကြောင့် အိပ်ရာကနေ တစ်ရေးနိုးထလာနိုင်ပါ တယ်။ အိပ်ရာဝင်ခါနီး အရက်နဲ့ ကဖင်း သောက်တာကိုတော့ ရှောင်ကြဉ်သင့်ပါ တယ်။

♦ အိပ်ခန်းကို အေးနေအောင် ထားပါ

သင့်အိပ်ခန်းကို အမှောင်ချပြီး ငြိမ် သက်အောင် ထားရမှာဖြစ်သလို အခန်း အပူချိန်ကိုလည်း ၂၅ ဒီဂရီစင်တီဂရိတ် လောက်ထားနိုင်ပါမှ မြန်မြန်အိပ်ပျော်နိုင် မှာ ဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ အ ငြင်းအခုန်ဖြစ်ရမယ့်စကားတွေ မပြောမိ ဖို့ လိုသလို တောက်ပတဲ့အလင်းရောင် တွေနဲ့ မထိတွေ့ဖို့လည်း လိုအပ်ပါတယ်။

♦ မယ်လတိုနင် မှီဝဲပါ

ခန္ဓာကိုယ်က သဘာဝအတိုင်း မယ် လတိုနင်ကို ထုတ်လုပ်ပေးပြီး များသော အားဖြင့် လုံလောက်မှုရှိပါတယ်။ ဒါပေမဲ့ အိပ်ရေးမ၀တဲ့ ညတွေ များလွန်းရင် အိပ် ရာမ၀င်ခင် မယ်လတိုနင်ဆေးပြားကို မှီ ၀ဲနိုင်ပါတယ်။ ဒီဆေးကတော့ သင့်ကို အိပ်ငိုက်စေတာမဟုတ်ပါဘူး။ စိတ်အေး ချမ်းမှုရရှိစေတဲ့အတွက် အိပ်ပျော်သွား နိုင်တာပါ။ ကိုယ်ဝန်ဆောင်မိခင် ဒါမှ မဟုတ် နို့တိုက်မိခင်တွေက ဒီဆေးဝါး ကို မမှီဝဲသင့်ပါဘူး။ အတက်ရောဂါရှိသူ၊ Auto Immune ရောဂါရှိသူတွေနဲ့ စိတ် ကျဝေဒနာရှိသူတွေကလည်း ဒီဆေးကို မမှီဝဲသင့်ပါဘူး။ သင့်မှာ ဆီးချိုရောဂါ ဒါ မှမဟုတ် သွေးတိုးရောဂါရှိနေရင်တော့ ဆေးမမှီဝဲခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

ဆရာဝန်နဲ့ ဘယ်အချိန် ပြမလဲ

တစ်ခါတလေမှာ အိပ်မပျော်ဖြစ် တတ်တာက ပုံမှန်အခြေအနေပါပဲ။ သင် ရဲ့ ဘ၀ဖြစ်စဉ်မှာ ကြီးမားတဲ့အပြောင်း အလဲတွေကြောင့် အိပ်မပျော်တာတွေ ဖြစ်နိုင်ပါတယ်။ မကြာခဏ ဖြစ်နေရင် လည်း စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ အိပ် မပျော်တဲ့ ပြဿနာကြောင့် သင်ရဲ့ ပုံမှန် စိတ်နေစိတ်ထားပြောင်းလဲတာ၊ အလုပ် လုပ်တဲ့အကျင့် ပြောင်းလဲနေရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *