မျက်အိတ်ဖောင်းခြင်း – အလှအပဆိုင်ရာခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာကြည်ချမ်းကိုနှင့်တွေ့ဆုံခြင်း (၁)

(၁) ဘာကြောင့် မျက်အိတ်ဖောင်းတာပါလဲဆရာ။

မျက်တွင်းညိုဖောင်းနေခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ မျက်တွင်းအရေပြားရဲ့ အောက်မှာ အဆီထုပ်များ စုပုံနေပြီး စုပုံနေတဲ့အဆီတွေက အရေပြားအပြင်ဘက်ကို တွန်းဖိထားလို့ ဖြစ်ပါတယ်။

ဒီထက်အသေးစိတ် ပြောရရင်တော့ မျက်တွင်းအရေပြား၊ အရေပြားအောက်ရှိ မျက်တွင်း ကြွက်သား (Orbicularis oculi) နှင့် မျက်တွင်းအောက်ရှိ အဆီများအား ကာရံထုပ်ပတ်ပေးထားတဲ့ အကာ (Orbital septum) တွေဟာ တင်းရင်းမှူ လျှော့နဲလာပါတယ်။

အဲဒီလို တင်းရင်းမှူ လျှော့နဲနေတဲ့နေရာကို မျက်တွင်းအောက်ရှိ အဆီတွေစုပုံပြီး သွားဖိတဲ့အခါ အောက်မျက်ခမ်း (မျက်တွင်း) ညိုနေခြင်း၊ ဖောင်းနေခြင်းတို့ကို ဖြစ်စေပါတယ်။ ပုံ ၁၊ ၂၊ ၃ နှင့် ၄ တွင် ကြည့်ရှူနိုင်ပါတယ်။

(၂) ဘယ်သူတွေမှာ မျက်အိတ်ဖောင်းတာကို ပိုပြီးတွေ့နိုင်ပါသလဲဆရာ။( မျိုးရိုးကြောင့်၊ ရောဂါတစ်ခုခုကြောင့်)

အများစု (၇၀% လောက်) တော့ မျိုးရိုးကြောင့်ဖြစ်ပါတယ်။

အသက်အရွယ်အားဖြင့် ၄၅ နှစ်နောက်ပိုင်းသူတွေမှာ စတွေ့ရတတ်ပါတယ်။

တချို့ကတို့ အဝလွန်တဲ့သူတွေ၊ အဆီ၊ အစိမ့် နဲ့ အငန် အစားများတဲ့သူတွေမှာလည်း အောက်မျက်အိတ် အဆီတွေ စုနေတတ်ပါတယ်။

ဆေးလိပ်သောက်တာများတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

မျက်ကပ်မှန် နေ့စဉ်တပ်တဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

တချို့ကတော့ ညအိပ်ချိန် နည်းတဲ့သူတွေ၊ ညအိပ်ချိန် မလုံလောက်ပဲ မမှန်တဲ့သူတွေ မှာလည်း ဖြစ်တတ်ပါတယ်။

 

(၃) အသက်အရွယ်နဲ့ကော ဆိုင်ပါသလား ဆရာ။

အသက်အရွယ်အားဖြင့်လည်း ဆိုင်ပါတယ်။ အသက်ကြီးတာနဲ့အမျှ မျက်အိတ်ကိုကာထားတဲ့ ကြွက်သားတွေ လျှော့ကျပြီး အဆီတွေစုပုံလာတဲ့အခါ ပေါ်လာတတ်ပါတယ်။

(၄) မြန်မာနိုင်ငံမှာ မျက်အိတ်ဖောင်းတာကို ဘယ်လိုကုသနည်းတွေနဲ့ ကုသလို့ရပါပြီလဲဆရာ။

ခွဲစိတ်ပြီး ပြုပြင်လို့ရပါတယ်။ ခွဲစိတ်တဲ့နည်း (Surgical technique ) ၂ ခု ရှိပါတယ်။

ပထမနည်းကတော့ Transconjunctival incision method ဆိုပြီး အောက်မျက်ခမ်းရဲ့ အတွင်းဘက်ကနေ စုပုံနေတဲ့ အဆီကို ထုပ်တဲ့နည်းပါ။ ဒီနည်းကတော့ အသက်အရွယ်အားဖြင့် ၄၀ အောက် လူတွေကို လုဎ်တာများပါတယ်။ အောက်မျက်ခမ်းမှာရှိတဲ့ အဆီကိုသာ ထုပ်တဲ့ နည်းဖြစ်ပါတယ်။ အောက်မျက်ခမ်း (မျက်တွင်း)ဖောင်းတဲ့သူများအတွက် သင့်တော်ပါတယ်။

ဒုတိယနည်းကတော့ Transcutaneous incision method ဆိုပြီး အောက်မျက်ခမ်းရဲ့ အပြင်ဘက် အရေပြားကနေ စုပုံနေတဲ့အဆီတွေကို ထုပ်တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းကတော့ အောက်မျက်ခမ်းမှာရှိတဲ့ အဆီကိုထုပ်ပြီး တွဲကျနေတဲ့ (ပိုနေတဲ့) အရေပြားကိုပါ ဖြတ်ပြီး အရေပြားကိုတင်းအောင် လုဎ်တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းကတော့ အသက်အရွယ်အားဖြင့် ၄၀ အထက် လူတွေ (အထူးသဖြင့် အောက်မျက်တွင်းဖောင်းပြီး အရေပြားပါ လျှော့ပြီးတွဲကျနေတဲ့သူများ) အတွက် သင့်တော်ပါတယ်။

(၅)မျက်အိတ်ဖောင်းတာကို အိမ်တွင်းကုထုံးတွေဖြစ်တဲ့ သခွားသီးကပ်တာ၊ ရေခဲကပ်တာတွေနဲ့ ခွဲစိတ်ကုသမှုတွေရဲ့ ကွာခြားပုံကို ပြောပြပေးပါဆရာ။

အိမ်တွင်းကုထုံးတွေဖြစ်တဲ့ သခွားသီးကပ်တာ၊ ရေခဲကပ်တာတွေနဲ့ ပါတ်သက်ပြီး အတိအကျ သုတေသန လုဎ်ထားတာမျိုးမရှိသေးပါဘူး။ ဒါ့ကြောင့် ဒီနည်းတွေနဲ့ မျက်အိတ်ဖောင်းတာကို ကုသလို့ ရမှာမဟုတ်ပါဘူး။

မျက်အိတ်ဖောင်းတာဟာ အဆီတွေစုပုံနေခြင်းဖြစ်တဲ့အတွက် စုပုံနေတဲ့အဆီတွေကို ခွဲစိတ်ပြီး ဖယ်ရှားလိုက်ရုံနဲ့တင် အောက်မျက်အိတ်ဖောင်းတာကို အလွယ်တကူပဲ ခွဲစိတ်ကုသ ဖယ်ရှားပစ်လို့ရပါတယ်။

 

(၆) လေဆာနဲ့ကော ကုသလို့ရပါသလားဆရာ။

လေဆာနဲ့ကုသလို့လည်းရပါတယ် ။ ဒါပေမဲ့ မျက်စိနဲ့နီးတဲ့နေရာဖြစ်တဲ့အတွက် အများစုကတော့ ရိုးရိုး ခွဲစိတ်ခန်းသုံး ဓားနဲ့ပဲ အရာပေးပြီး အဆီပိုတွေကို ထုတ်လေ့ရှိပါတယ်။

 

(၇) မျက်အိတ်မခွဲခင်သိသင့်တဲ့ အကြောင်းအရာတွေရှိရင်ပြောပြပေးပါဆရာ။

မျက်အိတ်အဆီထုတ်ခွဲစိတ်တာဟာ အသေးစားခွဲစိတ်မှုလေး ဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကြိုးလည်း နဲပါတယ်။ တော်တော်များများကတော့ ထုံဆေးနဲ့သာ ခွဲစိတ်လေ့ရှိပါတယ်။

ခွဲစိတ်ချိန်က ၁ နာရီခန့် ကြာမြင့်ပြီး ခွဲစိတ်ပြီး နာရီဝက်လောက် ရေခဲကပ်ပြီး အိမ်ပြန်နားလို့ရပါတယ်။

ခွဲစိတ်ပြီး  ၂၄ နာရီအတွင်း ခန်နာကိုယ် လှုပ်ရှားမှူအား တတ်နိုင်သမျှ မလုဎ်ပဲ ထိုင်ခုံး သို့မဟုတ် ကုတင်ပေါ်တွင် အနားယူနေသင့်ပါတယ်။

မျက်အိတ် အဆီထုပ်ပြီး ၂၄ နာရီကျော်ပါက ရေချိုးလို့ရပါတယ်။ သို့သော်လည်း ရေချိုးပြီးရင် မျက်နှာအား တတ်နိုင်ပါက ရေကြာကြာမထိရပါဘူး။

မျက်တွင်းအဆီထုပ်ပြီး ၃ ရက် အထိ အိပ်နေစဉ် ဦးခေါင်းအား အမြင့်နေရာတွင် ထားအိပ်သင့်ပါတယ်။ ညအိပ်စဉ်အတွင်း ခေါင်းအုန်း ၂ လုံး ပေါ်တွင် ဦးခေါင်းတင်ပြီး အိပ်ရပါမယ်။

အနာမကျပ်ခင် ၅ ရက်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ညော်နံ့ ရှူ ခြင်း၊ ဖုံ၊သဲ၊ အမှိုက် ဝင်ခြင်း စသည် တို့မှ ရှောင်ကျင်ရပါမယ်။

ချုပ်ရိုးမဖြည်ခင် ၇ ရက်အတွင်း ၁ရက် ၁ကြိမ် Hydrogen peroxide solution ကို ပေါင်းတင်ထားတဲ့ ဂွမ်း(နားကြပ်တံဂွမ်း) နဲ့ စိမ်ပြီး ချုပ်ရိုးနေရာကို ဆေးကြောရပါမယ်။ ဆေးကြောပြီးပါက ချုပ်ရိုးနေရာအား Anti-biotic ointment ၁ခုခု လိမ်းရပါမယ်။

ချုပ်ရိုးမဖြည်ခင် အပြင်ထွက်ရမည်ဆိုပါက နေကာမျက်မှန် တပ်ပြီးမှ ထွက်သင့်ပါတယ်။

၇ ရက်မြောက်နေ့မှာ ချုပ်ရိုးဖြည်ပါမယ်။ သို့သော်လည်း မျက်အိတ်အဆီထုပ်ပြီး ၂ ပတ်အတွင်း မျက်ကပ်မှန်၊ Eye liner နှင့် Eye make-up မလိမ်းသင့်ပါဘူး။

လူတဦးနှင့်တဦး၏ အနာကျပ်အားကောင်းမှူပေါ်မှာ မူတည်ပြီး ကွဲပြားမှူရှိတတ်ပါတယ်။ တချို့သောသူတွေမှာ မျက်တွင်းအဆီထုပ်ပြီး ၃ ရက်၊ ၄ ရက် အထိ မျက်စိဝန်းကျင်တွင် အနီရောင် သို့မဟုတ် ပန်းနုရောင် အကွက်ကြီးငယ်များ ပေါ်လေ့ရှိပါတယ်။

ချုပ်ရိုးမဖြည်ခင် ခွဲကြောင်းနေရာကို လက်ဖြင့်ထိခြင်း၊ ချုပ်ရိုးအားဖြဲကြည့်ခြင်း၊ ချုပ်ရိုးပေါ်တွင် တိုင်းရင်းဆေးလူးခြင်း လုံးဝမလုဎ်ရပါဘူး။

အကာင်းဆုံး ရလဒ် Final result ကတော့ ၂ ပတ် ကနေ ၁ လကျော် မှ စတင်သိရှိနိုင်ပေလိမ့်မယ်။

မခွဲစိတ်ခင် ဒါတွေအားလုံးကို သိရှိထာသင့်ပါတယ်။

 

(ဂ) ဘယ်လိုလူမျိုးတွေက မျက်အိတ်ခွဲစိတ်မှုကို မပြုလုပ်သင့်ပါဘူးလဲ ဆရာ။(ဥပမာ-ရောဂါတစ်ခုခုရှိတာ)

အသက်အရွယ်အားဖြင့် ၇၀ကျော် ဆိုရင် အနာကျက်နှုန်း နှေးတဲ့အတွက် မလုဎ်သင့်ပါဘူး။

သွေးတိတ်နှုန်း အလွန်နှေးတဲ့သူတွေ၊ ဆီးချိုရောဂါ ရှိပြီး အနာကျက်နှုန်း နှေးတဲ့သူတွေကိုတော့ မခွဲစိတ်သင့်ပါဘူး။

သွေးတိုးရောဂါ (အလွန်အမင်း သွေးတိုး)တဲ့ သူတွေကိုလည်း မခွဲစိတ်သင့်ပါဘူး။

 

(၉) မျက်အိတ်ကို ဘယ်လိုဆရာဝန်အမျိုးအစားဆီမှာ ခွဲစိတ်ကုသသင့်ပါသလဲဆရာ။

မျက်အိတ်ကို ကျွမ်းကျင်တဲ့ Plastic Surgeon, Aesthetic Surgeon နဲ့ Eye Surgeon  တွေဆီမှာ ခွဲစိတ်ကူသသင့်ပါတယ်။

(၁၀) မျက်အိတ်မခွဲခင် ဆောင်သင့်ရှောင်သင့်တာတွေရှိရင် ပြောပြပေးပါဆရာ။(အစားအသောက်၊ အနေအထိုင်)

ခွဲစိတ်ချိန်က ၁ နာရီခန့် ကြာမြင့်ပြီး ခွဲစိတ်ပြီး နာရီဝက်လောက် ရေခဲကပ်ပြီး အိမ်ပြန်နားလို့ရပါတယ်။

ခွဲစိတ်ပြီး  ၂၄ နာရီအတွင်း ခန်နာကိုယ် လှုပ်ရှားမှူအား တတ်နိုင်သမျှ မလုဎ်ပဲ ထိုင်ခုံး သို့မဟုတ် ကုတင်ပေါ်တွင် အနားယူနေသင့်ပါတယ်။

မျက်အိတ် အဆီထုပ်ပြီး ၂၄ နာရီကျော်ပါက ရေချိုးလို့ရပါတယ်။ သို့သော်လည်း ရေချိုးပြီးရင် မျက်နှာအား တတ်နိုင်ပါက ရေကြာကြာမထိရပါဘူး။

မျက်တွင်းအဆီထုပ်ပြီး ၃ ရက် အထိ အိပ်နေစဉ် ဦးခေါင်းအား အမြင့်နေရာတွင် ထားအိပ်သင့်ပါတယ်။ ညအိပ်စဉ်အတွင်း ခေါင်းအုန်း ၂ လုံး ပေါ်တွင် ဦးခေါင်းတင်ပြီး အိပ်ရပါမယ်။

အနာမကျပ်ခင် ၅ ရက်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ညော်နံ့ ရှူ ခြင်း၊ ဖုံ၊သဲ၊ အမှိုက် ဝင်ခြင်း စသည် တို့မှ ရှောင်ကျင်ရပါမယ်။

ချုပ်ရိုးမဖြည်ခင် ၇ ရက်အတွင်း ၁ရက် ၁ကြိမ် Hydrogen peroxide solution ကို ပေါင်းတင်ထားတဲ့ ဂွမ်း(နားကြပ်တံဂွမ်း) နဲ့ စိမ်ပြီး ချုပ်ရိုးနေရာကို ဆေးကြောရပါမယ်။ ဆေးကြောပြီးပါက ချုပ်ရိုးနေရာအား Anti-biotic ointment ၁ခုခု လိမ်းရပါမယ်။

ချုပ်ရိုးမဖြည်ခင် အပြင်ထွက်ရမည်ဆိုပါက နေကာမျက်မှန် တပ်ပြီးမှ ထွက်သင့်ပါတယ်။

၇ ရက်မြောက်နေ့မှာ ချုပ်ရိုးဖြည်ပါမယ်။ သို့သော်လည်း မျက်အိတ်အဆီထုပ်ပြီး ၂ ပတ်အတွင်း မျက်ကပ်မှန်၊ Eye liner နှင့် Eye make-up မလိမ်းသင့်ပါဘူး။

လူတဦးနှင့်တဦး၏ အနာကျပ်အားကောင်းမှူပေါ်မှာ မူတည်ပြီး ကွဲပြားမှူရှိတတ်ပါတယ်။ တချို့သောသူတွေမှာ မျက်တွင်းအဆီထုပ်ပြီး ၃ ရက်၊ ၄ ရက် အထိ မျက်စိဝန်းကျင်တွင် အနီရောင် သို့မဟုတ် ပန်းနုရောင် အကွက်ကြီးငယ်များ ပေါ်လေ့ရှိပါတယ်။

ချုပ်ရိုးမဖြည်ခင် ခွဲကြောင်းနေရာကို လက်ဖြင့်ထိခြင်း၊ ချုပ်ရိုးအားဖြဲကြည့်ခြင်း၊ ချုပ်ရိုးပေါ်တွင် တိုင်းရင်းဆေးလူးခြင်း လုံးဝမလုဎ်ရပါဘူး။

အစားအသောက် အနေနဲ့ ထွေထွေထူးထူး ဘာမှ ရှောင်စရာ မလိုပါဘူး (မိမိနဲ့Allergyဖြစ်တတ်တဲ့ အစားအစာကလွဲရင်ပေါ့)။

အကာင်းဆုံး ရလဒ် Final result ကတော့ ၂ ပတ် ကနေ ၁ လကျော် မှ စတင်သိရှိနိုင်ပေလိမ့်မယ်။

ဆက်ရန်…

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *