ကိုယ်တွေ့ဝိတ်ချနည်း

ဝိတ်ချရတာ မလွယ်ပါဘူး။ ဒါကို ဝိတ်ချဖူးသူတိုင်း သိကြတယ်။ စာရေးသူ ကိုယ်တိုင်လည်း ဝိတ်ချဖူးသူဖြစ်တော့ ဘယ်လောက်ခက်ခဲလဲ ပိုသိတယ်။ လွန် ခဲ့တဲ့ တစ်နှစ်လောက်က ဝိတ်ချဖူးတယ်။ အစားအသောက်၊ အနေအထိုင်၊ လေ့ကျင့် ခန်းကစပြီး စနစ်တကျ သေချာတစ်စိုက် မတ်မတ်လုပ်တော့ သုံးလအတွင်း သိသိ သာသာ ပိန်ကျသွားတယ်။ ဒါကိုမသိတဲ့ လူနာတွေကတော့ သူတို့ဆရာလုပ်သူကို ကြည့်ပြီး သနားနေရှာတယ်။ ဆရာလည်း နည်းနည်းပိန်သွားတယ်နော်။ အလုပ်များ နေလို့နဲ့ တူတယ်ပေါ့။

အမှန်က ကိုယ့်ဝမ်း နာ ကိုယ်သာသိ ဆိုသလို ကိုယ်တိုင်ဝိတ် ချ၊ အစားအသောက်ရှောင်တော့ မျက်နှာ က ကျသွားသလို လူကလည်း သေးသွား တယ်။ ပိန်တာမှ တုတ်ချောင်းလေး ထောင် ထားသလိုကို ပိန်သွားတာ။ နောက်ဆုံး တော့ ဒီလောက်ပိန်တော့လည်း ကြည့်မ ကောင်းပါဘူးကွာ ဆိုပြီးတော့ အစား လေး ဘာလေးပြန်စားပြီး ဝိတ်ဖြည့်ရပြန် တယ်။ အခုချိန်ထိ ချထားတဲ့ ဝိတ်ကို တက်မလာအောင် တတ်နိုင်သမျှ ထိန်းခဲ့ ရတယ်။

အခုလည်း ဝိတ်ချချင်သူ ရွှေမြန်မာတွေအတွက် ဝိတ်ချနိုင်တဲ့နည်းလမ်းတွေ၊ သီအိုရီတွေကို စာတွေ့နဲ့ ကိုယ်တွေ့ နှိုင်းယှဉ်ပြီး ရေးသားတင်ပြပါ့မယ်။

ဘာကြောင့် မပိန်သေးတာလဲ

ဝိတ်ချမယ်လို့ ပြောလိုက်တာနဲ့ လူ တွေပြေးမြင်လိုက်တာက ပိန်ဆေးဖြစ်ပါ တယ်။ ဒါလည်း မထူးဆန်းပါဘူး။ လူ့သ ဘောက ပျင်းတတ်တယ်။ လှုပ်လှုပ်ရှား ရှား လုပ်ရမယ်ဆိုရင် ဘာတစ်ခုမှမလုပ်ချင် ဘူး။ ဥပမာ အနီးအနားက ဈေးဆိုင်ကို ပစ္စည်းတစ်ခု သွားဝယ်မယ်ဆိုပါတော့။ ဆိုင်ကယ်၊ ကား စတာတွေနဲ့မှ သွားချင် ကြတာ မဟုတ်လား။ ဝိတ်ကျချင်တယ်ဆို ရင် ဒီလိုအသေးစိတ်အမူအကျင့်တွေက အစ ပြောင်းရမှာ ဖြစ်ပါတယ်။ သွားတဲ့အ ခါ ဖြစ်နိုင်သမျှ လမ်းလျှောက်သွားပါ။ ဟုတ်ပြီ။ ဒီလို လမ်းလျှောက်လိုက်လို့ တ ကယ်ကော ထူးခြားမှာလားဆရာလို့ မေး စရာရှိပါတယ်။ သိပ်ကို ထူးခြားပါတယ်။ လမ်းလျှောက်ခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးရလဒ်ကို တွက်ပြပါမယ်။  သာမန်လူတစ်ယောက်ဟာ တစ်ရက် ကို ခြေလှမ်း ၂၀ဝ၀ ကျော် လမ်းလျှောက် ကြပါတယ်။ ဒါက နေ့စဉ် ပုံမှန်သွားလာ လှုပ်ရှားတာကို ပြောတာပါ။ တက်နေတဲ့ ဝိတ်ကို ချပစ်ဖို့ လမ်းလျှောက်မယ်ဆိုရင် ဒီလောက်နဲ့ မရတော့ဘူး။ ဒီထက်ပို လျှောက်ရမယ်။ ဒါဆိုဘယ်လောက် လမ်းပိုလျှောက်ရမှာလဲ မေးစရာရှိလာ တယ်။ မခက်ပါဘူး။ တွက်လို့ရပါတယ်။ လူတစ်ယောက်ရဲ့ ခြေလှမ်းတစ်လှမ်းချင်း စီ အကွာအဝေးကို တိုင်းကြည့်တဲ့အခါ နှစ်ပေခွဲ(၂ ဒသမ ၅ ပေ) စီရှိနေတာ တွေ့ရပါတယ်။ ဒါက ခြေထောက်တစ်စုံရဲ့ ရှေ့ဆုံးနဲ့ နောက်ဆုံးရဲ့ အကွာအဝေးကို ပြောတာဖြစ်ပါတယ်။ ၁၂ ပေရှည်တဲ့ အ ခန်းတစ်ခုကို ပုံမှန်အတိုင်း ဖြတ်လျှောက် ကြည့်တဲ့အခါ ခြေလှမ်း ငါးလှမ်း လှမ်းရ လိမ့်မယ်။ ပုံမှန်ဘာသိဘာသာ သွားရင် တော့ ခုနစ်လှမ်းလောက် လှမ်းရတယ်။  ဒီအခြေခံအကျဆုံးအချက်ကို မူတည်ပြီး ဝိတ်ချတဲ့ သီအိုရီမှာ apply လုပ်ကြည့်ရ အောင်။  အားလုံးသိတဲ့အတိုင်း တစ်မိုင်မှာ ၅၂၈၀ ပေ ရှိပါတယ်။ တစ်မိုင်ရှိတဲ့ အ ကွာအဝေးကို လမ်းလျှောက်ဖို့  ခြေလှမ်း ပေါင်း ၂၀ဝ၀ ကျော်လှမ်းရပါတယ်။ အဲဒီ လို တစ်မိုင်(ခြေလှမ်း ၂၀ဝ၀ကျော်)လမ်းလျှောက်မှ ကုန်ဆုံးတဲ့ ကယ်လိုရီက (၁၀ဝ)ပဲ ရှိပါသေးတယ်။ အလေးချိန်ပို များ၊ ပိုဝရင်တော့ ကယ်လိုရီခပ်များများ ၁၃၀ လောက် ကုန်မှာပေါ့။ တွက်ကြည့် ရင် ခြေလှမ်း ၂၀ လမ်းလျှောက်မှ တစ် ကယ်လိုရီပဲ ကုန်ပါသေးတယ်။ ဒီအချက် က အရေးကြီးလို့ သေချာလေးမှတ်ထား ပါ။  အထက်မှာပြောခဲ့သလို အနီးက ပေ ၃၀ဝ လောက်ပဲဝေးတဲ့ ဆိုင်တစ်ဆိုင် ကို သွားမယ်ဆိုပါစို့။ ခြေကျင်သွားမယ် ဆိုရင် ခြေလှမ်း ၁၂၀ သွားရပါမယ်။ အဲဒီ အတွက် ကုန်ဆုံးသွားတဲ့စွမ်းအင်က ငါး ကယ်လိုရီပဲ ရှိတယ်။ အသွားအပြန်ဆိုရင် ၁၀ ကယ်လိုရီ ကုန်ဆုံးစေတယ်။ ဒါပေ မဲ့ အထင်မသေးပါနဲ့။ ဘာမှမဟုတ်တဲ့ လမ်းလျှောက်တဲ့ အဆိုပါကိစ္စလေးကို အကြိမ် ၃၀ဝ ကျော်လုပ်ရုံနဲ့ ဝိတ်တစ် ပေါင်ကျသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ကယ်လိုရီ ၃၅၀ဝ ကုန်ဆုံး တိုင်း ဝိတ်တစ်ပေါင်လျှော့သွားမှာ ဖြစ် လို့ပါ။ ဒါကြောင့် ကျုံးဘက်၊ မန္တလေး တောင်ဘက်ကို လမ်းလျှောက်မှ မဟုတ် ပါဘူး။ လိုအပ်တာက လမ်းလျှောက်ဖို့ပဲ ဖြစ်ပါတယ်။  တစ်ရက်ကို နာရီဝက်လမ်းလျှောက် ရမယ်လို့ လူတွေပြောကြတယ်။ အဲဒါ ဟုတ်ပါတယ်။ ရှင်းရရင် လမ်းလျှောက်တဲ့ အခါ ဝိတ်တက်မလာစေဖို့ နောက်ထပ် ခြေလှမ်းပေါင်း ၂၀ဝ၀ ထပ်လျှောက်ရ တယ်။ ဝိတ်ကျချင်သေးတယ်ဆိုရင် နောက် ခြေလှမ်း ၂၀ဝ၀ ပိုလျှောက်ရ ပါတယ်။ အဲဒီမှာ လူတွေပြောပြောနေတဲ့ တစ်ရက်ကို နာရီဝက်(ခြေလှမ်း ၄၀ဝ၀)လမ်းလျှောက်ပါဆိုတာ ဖြစ်လာတယ်။ ဒါက အသေးစိတ်မြင်နိုင်အောင် တွက် ချက်ပြတာဖြစ်ပါတယ်။ ဝိတ်ချတဲ့အခါ အများစု သတိမထား မိတဲ့ အရေးကြီးအချက်ကလေးတစ်ခုရှိ သေးတယ်။ ကြည့်လိုက်ရင်တော့ ဘာမှမ ဟုတ်သလိုပဲ။ တကယ်က သူက ဒုက္ခပေး တာ။

ဥပမာတစ်ခုပြောပါမယ်။ ဝိတ်ကျ အောင် လူတွေ အစောကြီးထ၊ လမ်း လျှာက်ကြတယ်။ တစ်မိုင်(၁၅မိနစ်)လောက် လျှောက်လိုက်တော့ လူကနည်း နည်း ပန်းလာတယ်ပေါ့။ ဒါနဲ့ အိမ်ရောက် တော့ အားရှိအောင် ကိုလာတစ်လုံး (၃၅၀ml) သောက်လိုက်မိတယ်။  မောမောနဲ့ သောက်လိုက်တဲ့ အဲဒီကိုလာလေးတစ် လုံးမှာ အနည်းဆုံး ကယ်လိုရီ ၁၀ဝ လောက်ပါတယ်။ လက်တစ်ဆုပ်စာပု လင်းလေးတစ်လုံးက စောစောက ပင် ပန်းတကြီး၊အားကြိုးမာန်တက် (၁၅)မိနစ်စာ လမ်းလျှောက်တဲ့ကယ်လိုရီနဲ့ သွားညီမျှတယ်။ အဖြေထုတ်လိုက်တော့ ဒုံရင်းက ဒုံရင်းပဲဖြစ်သွားတယ်။ ဝိတ်ကျ ဖို့ လေ့ကျင့်ခန်းတော့ လုပ်ပါရဲ့။ ဒါပေ မဲ့ ပိန်မသွားဘူး။ အဖြေက အဲဒါပါပဲ။ လုပ် နည်းမမှန်တော့ သဲထဲရေသွန်ဖြစ်ရတယ်။ ဒါကြောင့် မန္တလေးကျုံးဘက်ကို သွားပြီး လမ်းတွေလျှောက်ကြ၊ အပြန်ကျတော့ လက်ဖက်ရည်ဆိုင်ဝင်ပြီး အစားတွေ တ နင့်တပိုး စားကြတာ အလွန်မှားတဲ့ နည်း တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ကော်ဖီ၊ လက်ဖက်ရည်တစ်ခွက်မှာပါတဲ့ ကယ်လို ရီ ၅၀ လောက်က မိုင်ဝက်လောက် လမ်း လျှောက်တာနဲ့ ညီမျှလို့ပါ။ စနစ်တကျ ဝိတ်ချချင်တယ်ဆိုရင် အဆိုပါ အသေး စိတ်အချက်အလက်တွေထိ သေချာဂရု စိုက်ဖို့ လိုအပ်ပါတယ်။ အစားရှောင်တယ်၊ လေ့ကျင့်ခန်းလုပ်တယ် ဘာကြောင့်မပိန် လဲ ကိုယ့်ကိုယ်ကိုယ် အဖြေရှာကြည့်ပါ။ ဝိတ်ချဖို့အတွက် ပိန်ဆေး သောက် ဖို့လိုလား မေးရင် မလိုပါဘူး ဖြေပါမယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူဝိတ်ချ တုန်းကလည်း ဘယ်ပိန်ဆေးမှ မသောက် ခဲ့ပါဘူး။ ပိန်ဆေးမသောက်ပေမယ့် ရေ တော့ သောက်တယ်။ မနက်အိပ်ရာထ တာနဲ့ ရေသန့်ဘူးတစ်ဝက်လောက် ကုန် အောင် သောက်ပစ်တယ်။ မနက်စာစား တဲ့အခါ သတိထားပြီး ကော်ဖီ၊ လက်ဖက် ရည်စတာတွေ လုံးဝမသောက်ခဲ့ဘူး။ နေ့ပိုင်း အားလပ်ချိန်မှာ လေ့ကျင့်ခန်း လုပ်ဖို့ အကသင်တန်းသွားတက်တယ်။ ဘာကြောင့်လဲဆိုတော့ အကလေ့ကျင့် ခန်း (Dancing) တစ်နာရီလုပ်တာက ကယ်လိုရီ ၄၀ဝ ကျော်ကို ဖြုန်းတီးပစ် နိုင်လို့ပါ။ တခြားလေ့ကျင့်ခန်းတွေလည်း ကောင်းပါတယ်။ မိမိစိတ်ဝင်စားရာရွေး ချယ်ပါ။ ဥပမာ ယောဂ တစ်နာရီစာကျင့် ရင် ကယ်လိုရီ ၂၀ဝ၊ါပာ ကစားရင် ကယ် လိုရီ ၃၀ဝ ကျော်လောက် ကုန်ဆုံးစေမှာ ဖြစ်တယ်။

ဒေါက်တာအေးမင်းထူး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *