ဒီမိုးမှာ အအေးမိတုပ်ကွေးမဖြစ်အောင်

ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ များစွာ ရှိနေပါတယ်။ မိုးဦးကျမှာ မိုးမိလို့ ရွှဲရွှဲစို၊ ခန္ဓာကိုယ်ခုခံအားက မကောင်းဘူးဆိုရင် ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်ထဲ အလွယ်တကူ ၀င်ရောက်ကူးစက်ပြီး အအေးမိ တုပ်ကွေးဝေဒနာ ခံစားရပါတော့တယ်။ ဗိုင်းရပ်စ်ပိုးရှိသူတစ်ယောက် နှာချေလိုက်တဲ့အခါ ထွက်လာတဲ့ အမှုန်အမွှားလေးတွေကို တခြားလူတစ်ဦးက ရှူရှိုက်မိရာကနေ ကူးစက်နိုင်ပါ တယ်။ ဗိုင်းရပ်စ်ပိုးပါတဲ့အမှုန်အမွှားတွေနဲ့ ထိတွေ့ထားတဲ့ လက်က မျက်နှာ၊ နှာခေါင်းနဲ့ မျက်လုံးတွေကို ပွတ်မိရာကနေလည်း ကူးစက်နိုင်ပါ တယ်။ ဒီမိုးမှာ အအေးမိတုပ်ကွေးမဖြစ်အောင် ဗိုင်းရပ်စ်ပိုးတွေ မကူးစက်နိုင်အောင် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုပါတယ်။
မကြာခဏ လက်ဆေးပါ
အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်း ရပ်စ်ပိုးတွေ မကူးစက်နိုင်အောင် မကြာခ ဏ လက်ဆေးဖို့ လိုပါတယ်။ အထူးသ ဖြင့် ဈေးဝယ်ထွက်တာ၊ အားကစားခန်းမ ကနေ ပြန်လာတာ၊ လူအများစုဝေးတဲ့နေ ရာတွေကို သွားလာပြီးပြန်လာတာ စတဲ့ အချိန်မှာတော့ မဖြစ်မနေ လက်ဆေးဖို့ လိုပါတယ်။ လက်သန့်ဆေးရည်ကိုလည်း အိတ်ထဲ ဆောင်ထားပါ။ ရေဆေးဖို့ အ ဆင်မပြေတဲ့နေရာမျိုးမှာ အလွယ်တကူ လက်သန့်စင်ဖို့ သုံးနိုင်ပါတယ်။ လက်မ ဆေးရသေးဘဲ မျက်နှာကို ပွတ်သပ်တာ မျိုးတွေ ရှောင်ပါ။ 
ဆေးလိပ်မသောက်ပါနဲ့
ဆေးလိပ်က အသက်ရှူလမ်းကြောင်း ကို လှုံ့ဆော်မှုဖြစ်စေပြီး အအေးမိတုပ် ကွေးဖြစ်စေတဲ့ ရောဂါပိုးမွှားတွေကိုဝင် လွယ်စေပါတယ်။ ကိုယ်တိုင်ဆေးလိပ် သောက်သူ မဟုတ်ရင်တောင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ရုံနဲ့ အသက်ရှူလမ်း ကြောင်းကို အားနည်းစေလို့ ပိုးမွှားတွေ ၀င်လွယ်စေပါတယ်။ ကိုယ်တိုင်ဆေးလိပ် မသောက်သင့်သလို ပတ်ဝန်းကျင်ကို လည်း ဆေးလိပ်ငွေ့ကင်းစင်အောင် နေ ထိုင်သင့်ပါတယ်။
အသုံးအဆောင်တွေကို သန့်ရှင်းရေး ပုံမှန်လုပ်ဆောင်ပါ
တံခါးလက်ကိုင်၊ အံဆွဲလက်ကိုင်၊ ကွန်ပျူတာကီးဘုတ်၊ မီးခလုတ်၊ တယ်လီ ဖုန်း၊ အဝေးထိန်းခလုတ် စတာတွေမှာ လည်း ဗိုင်းရပ်စ်ပိုးတွေ ကပ်ငြိနေနိုင်တာ ကြောင့် သန့်ရှင်းရေးကို ပုံမှန်လုပ်ဆောင် ဖို့ လိုပါတယ်။ ကလေးငယ်တွေ ကစားတဲ့ အရုပ်တွေကိုလည်း မကြာခဏ သန့်စင် ပေးဖို့ လိုပါတယ်။ လက်သုတ်ပ၀ါတွေမှာ ပိုးမွှားတွေက နာရီများစွာ အသက်ရှင်နေ နိုင်တာကြောင့် တစ်ခါသုံးတစ်သျှူးတွေ ကိုသာ အသုံးပြုပါ။ တစ်သျှူးစတွေ လွှင့် ပစ်တဲ့အခါမှာလည်း အဲဒါတွေကနေ ပိုးမွှား တွေ ကူးစက်နိုင်တာကြောင့် စနစ်တကျ စွန့်ပစ်ဖို့ လိုပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ နေထိုင်ပါ
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာ အာဟာရတွေကို ပြည့်ဝအောင် စားသုံးဖို့ လိုပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်း ရွက်နဲ့ သစ်သီးဝလံတွေကို စားသုံးပါ။ အမှည့်လွန်သစ်သီးနဲ့ ရက်လွန်အစားအ စာတွေကို မစားသုံးသင့်ပါ။
ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ပါ
မြန်မာတွေ အများစုက နွေရာသီနဲ့ ဆောင်းရာသီမှာ အားကစားလုပ်ကြပြီး မိုးရာသီရောက်တဲ့အခါ အားကစားလုပ် တာကို ရပ်နားတတ်ကြပါတယ်။ တကယ် တော့ မိုးရာသီမှာ တုပ်ကွေးအအေးမိရော ဂါတွေ မဖြစ်အောင် အားကစားပုံမှန်လုပ် ဆောင်ဖို့ လိုပါတယ်။ မိုးရွာလို့ အပြင် ထွက်ပြီး အားကစား မလုပ်နိုင်ရင်တောင် အိမ်တွင်းမှာပဲ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို လုပ်ဖြစ်အောင် လုပ်ပါ။
စိတ်ဖိစီးမှုကို လျှော့ချပါ
လေ့လာမှုများစွာအရ စိတ်ဖိစီးမှု များတဲ့အခါ ခန္ဓာကိုယ်ခုခံအားစနစ်လျော့ နည်းပြီး အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်လွယ်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုလျော့နည်းအောင် ယောဂကျင့်တာ၊ တရားထိုင်တာ၊ သူငယ် ချင်းထံ ရင်ဖွင့်ပြောဆိုတာ၊ မိသားစုနဲ့ အပန်းဖြေ အနားယူတာတွေ လုပ်ဆောင် ဖို့ လိုပါတယ်။
◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *