ဒီမိုးမှာ ဒီတုပ်ကွေးမဖြစ်အောင်

အအေးမိတုပ်ကွေးရောဂါက မိုးအေး အေးနဲ့ စိုစိုစွတ်စွတ်ရှိတဲ့ ဒီရာသီမှာ ပိုပြီး အဖြစ်များတာကြောင့် တခြားရာသီဥတု တွေထက် ကိုယ်ခံစွမ်းအားကောင်း အောင် ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်သင့်ပါ တယ်။ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်သာ ကောင်းနေမယ်ဆိုရင် တော်ရုံနဲ့ ရောဂါပိုး ကူးစက်မှု မရှိနိုင်တာကြောင့် အအေးမိ တုပ်ကွေးဖြစ်ဖို့ အခွင့်အလမ်း အတော် ကို နည်းသွားပါလိမ့်မယ်။

ငါး

ဘာအတွက်လဲ – ရောဂါပိုးတွေ မ၀င် နိုင်စေရန်
ဆီလီနီယမ်ဓာတ်ကြွယ်ဝတဲ့ ကမာ ကောင်၊ ပုစွန်ထုပ်၊ ကဏန်း စတာတွေက သွေးဖြူဥတွေကနေ ဆိုက်တိုကိုင်းပရို တင်းကို ထုတ်လုပ်စေပြီး တုပ်ကွေးဖြစ် စေတဲ့ ဗိုင်းရပ်စ်တွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားရှင်းလင်းပေးပါတယ်။ ဆယ်လ် မွန်ငါး၊ မက်ကရယ်ငါးနဲ့ ဟာရင်းငါး စတဲ့ အိုမီဂါ -၃ အဆီ ကြွယ်ဝတဲ့ ငါးတွေက ရောင်ရမ်းမှုတွေကို လျှော့ချပေးပြီး အ ဆုတ်တွင်း လေ၀င်လေထွက်ကောင်းစေ တာကြောင့် အဆုတ်တွင်း ဗိုင်းရပ်စ်ပိုး တွေဝင်ရောက်မှုမရှိအောင် ကာကွယ် ပေးပါတယ်။

ဘယ်လိုလုပ်သင့်သလဲ
တစ်ပတ်ကို အနည်းဆုံး ငါးဟင်း နှစ်ကြိမ်လောက်ပါအောင်ချက်စားပါ။

ကြက်စွပ်ပြုတ်
ဘာအတွက်လဲ – ပိုးမွှားကာကွယ်ရန်၊ ခုခံစွမ်း အား မြှင့်တင်ရန်
ကြက်စွပ်ပြုတ်နဲ့ တုပ်ကွေးရောဂါရဲ့ ဆက်စပ်မှုကို သုတေသီတွေက လေ့လာ ကြည့်တဲ့အခါ ကြက်သားကို ချက်ပြုတ် နေချိန်မှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ စစ္စတင်းထွက်လာပါတယ်။ အဲဒီစစ္စတင်း က လေပြွန်လေးတွေ ရောင်ရမ်းမှုကျစေ တဲ့ဆေး အစီတိုင်းစစ္စတင်းနဲ့ အာနိသင် တူတာကိုတွေ့ရှိခဲ့ပါတယ်။ အသက်ရှူ လမ်းကြောင်းကတစ်ဆင့် ၀င်ရောက်နိုင် တဲ့ ပိုးမွှားတွေကို ကာကွယ်နိုင်ပါတယ်။ ကြက်စွပ်ပြုတ်ထဲထည့်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေက သင့်ကို ခုခံအားမြင့် တက်စေပါတယ်။

ဘယ်လိုလုပ်သင့်သလဲ
တုပ်ကွေးအအေးမိဖြစ်တော့မယ့် လက္ခဏာမျိုးတွေ ခံစားရပါက ကြက်စွပ် ပြုတ် တစ်ပန်းကန်လုံး သောက်ပေးပါ။

ဗီတာမင် စီ
ဘာအတွက်လဲ – အအေးမိဖျားနာခြင်းမှ အမြန် ဆုံးပျောက်ကင်းရန်
ဗီတာမင် စီက အအေးမိဖျားနာတာ ကို အကောင်းဆုံးကာကွယ်ပေးနိုင်တယ် လို့ နိုဘယ်လ်ဆုရ သိပံ္ပပညာရှင် Linus Pauling ကပြောပါတယ်။ အော်ရီဂွန် တက္ကသိုလ်မှ သိပ္ပံပညာရှင် Jane Higdon ကတော့ သုတေသနအများစုမှာ ဗီတာမင် စီက အအေးမိဖျားနာတာကိုကာကွယ်ပေး တယ်ဆိုတာ မတွေ့ရပါဘူးတဲ့။ ဒါပေမဲ့ သုတေသနတချို့မှာတွေ့ရတာက အအေး မိဖျားနာဖြစ်ချင်တဲ့လက္ခဏာတွေ ပြလာ ချိန်မှာ ဗီတာမင်စီကိုသုံးစွဲမယ်ဆိုရင် ဖျား နာတဲ့ ရက်တိုစေတယ်လို့ပြောပါတယ်။

ဘယ်လိုလုပ်သင့်သလဲ
ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံရနိုင်ဖို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့ စဉ် စားပါ။ ဗီတာမင်စီပါ လုံလုံလောက် လောက် ရရှိနိုင်ပါတယ်။ အအေးမိ ဖျား နာဖြစ်ချင်တဲ့ အစောဆုံး လက္ခဏာတွေ ပြလာပြီဆိုရင်တော့ ဗီတာမင်စီ ဆေးပြား ဖြည့်စွက်သောက်သုံးဖို့ လိုပါတယ်။

အကျိုးပြုဘက်တီးရီးယား
ဘာအတွက်လဲ – ကိုယ်ခံစွမ်းအားမြှင့် တင်ရန်
ဘက်တီးရီးယားဆိုလို့ မစိုးရိမ်ပါနဲ့။ ဒိန်ချဉ်မှာပါတဲ့ ဘက်တီးရီးယားတွေက ခန္ဓာကိုယ်ကို ရောဂါဖြစ်စေတဲ့ပိုးမွှားတွေ ၀င်ရောက်တာကနေ အကောင်းဆုံး ကာ ကွယ်မှုပေးနိုင်ပါတယ်။ အကျိုးပြုဘက် တီးရီးယားတွေက ခန္ဓာကိုယ်မှာ ခုခံကာ ကွယ်မှုပေးတဲ့ဆဲလ်တွေကို ၇၀ ရာခိုင် နှုန်းအထိ တိုးတက်များပြားစေပြီး အဲဒီ ဆဲလ်တွေကနေ ခုခံဓာတ်တွေထုတ်လုပ် ပေးပါတယ်။ ခန္ဓာကိုယ်မှာ ခုခံဓာတ်တွေ ရှိနေတာဟာ သင့်ခန္ဓာကိုယ်တွင်းကိုတုပ် ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေမ၀င် ရောက်နိုင်အောင် တွန်းလှန်နိုင်ပါတယ်။

ဘယ်လိုလုပ်သင့်သလဲ
ခန္ဓာကိုယ်ခုခံအားကို မြင့်တင်ပေး နိုင်တဲ့ ဆေးတွေရှိပါတယ်။ သင့်ခန္ဓာ ကိုယ်အတွက် အသင့်တော်ဆုံးက သ ဘာဝကရတာတွေပါ။ ဒိန်ချဉ်သောက် ပေးပါ။ အကျိုးပြုဘက်တီးရီးယားတွေကို သဘာဝအတိုင်း ရရှိစေပါတယ်။

ဇင့်
ဘာအတွက်လဲ – တုပ်ကွေးလက္ခဏာများ သက် သာရန်၊ ဗိုင်းရပ်စ်ပိုး
သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဇင့်ဓာတ် က နှာရည်ယို၊ နှာပိတ်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိဖျား နာဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက နှာခေါင်းထဲ ၀င်ရောက်ပြီး မော်လီကျူးနဲ့ ပေါင်းနေ တတ်ပါတယ်။ ဇင့်က ဗိုင်းရပ်စ်ပေါင်းမယ့် မော်လီကျူးနဲ့ ပေါင်းလိုက်ပြီး ဗိုင်းရပ်စ်ပိုး တွယ်ကပ်တာကို တားဆီးပေးပါတယ်လို့ လော့စ်အိန်ဂျလိစ်မှ နား၊ နှာခေါင်း၊ လည် ချောင်းရောဂါအထူးကုMurray Gros­san က ရှင်းပြပါတယ်။

ဘယ်လိုလုပ်သင့်သလဲ
ဇင့်ဓာတ်များများရနိုင်အောင် အ စားအစာတွေစားပါ။ ဇင့်ဓာတ်ပါတဲ့ နှာ ခေါင်းတွင်းရှူဆေးက ထိရောက်မှုရှိပေ မယ့် ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီး ညွှန်ကြားချက်ရ ယူပါ။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *