ကိုယ်ဝန်ဆောင်ကာလမှာ မာလကာသီး စားသင့်ပါသလား

မာလကာသီးကို ဝမ်းချုပ်တတ်တဲ့ အစားအစာ၊ အူအတက်ပေါက်နိုင်တဲ့ အစားအစာလို့ ထက်မှတ်ပြီး အရသာရှိလို့ စားချင်ပေမယ့် ရှောင်ကြဉ်ကြသူတွေ ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်ထားချိန်မှာ မလကာသီးကိုစားသုံး တာက အန္တရာယ်ကင်းနိုင်ပါသလားလို့ ဆိုရင်တော့ သူ့မှာ ကျန်းမာရေးအတွက် အကျိုးများစွာရှိတာမို့ ကိုယ်ဝန်ဆောင် ကာလတောက်လျှောက် စားသုံးနိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ မှည့်နေပြီး အခွံနွှာထားကာ အစေ့ကုန်အောင်ထုတ်ထား တဲ့ မာလကာသီး ဖြစ်ရမှာဖြစ်ပြီး တစ်နေ့ကို တစ်လုံးထက်ပို မစားသုံးရပါဘူး။
ကိုယ်ဝန်ဆောင်ကာလမှာ မာလ ကာသီးစားသုံးတာကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ခုခံအားစနစ်ကောင်းမွန်နိုင်ခြင်း။

မာလကာသီးမှာ ပေါကြွယ်ဝစွာ ပါဝင်တဲ့ ဗီတာမင် C တွေက ခုခံအား စနစ်ကို သန်မာစေနိုင်ပါတယ်။ ဗီတာမင် C က ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ် မြင့် တက်စေကာ ခုခံအားစနစ်ကို သန်မာစေ ပြီး ကိုယ်တွင်းရောဂါမျိုးစုံနဲ့ ပိုးမွှားကူး စက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါ တယ်။

သွေးဖိအားထိန်းညှိပေးခြင်း။
ကိုယ်ဝန်ဆောင်ကာလမှာ သွေး ပေါင်တက် (သွေးဖိအားမြင့်တက်) နိုင်ခြေများပါတယ်။ မာလကာသီးက သွေးဖိအား ပုံမှန်ဖြစ်အောင် ထိန်းညှိ ပေးပြီး ကိုယ်ဝန်ပျက်နိုင်ခြေနဲ့ လမစေ့ ကလေး မွေးနိုင်ခြေကို နည်းပါးအောင် လျှော့ချပေးနိုင်ပါတယ်။ မာလကာသီး မှာ ပိုတက်စီယမ်လည်း များစွာပါဝင်တာ မို့ သူ့ကိုစားသုံးရင် သွေးဖိအားအလွန် မြင့်တက်မှု မရှိတော့ဘဲ ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း။
ကိုယ်ဝန်ဆောင်ကာလမှာ ဆီးချို ဖြစ်တာကလည်း အဖြစ်များတဲ့ ပြဿ နာပါ။ အထူးသဖြင့် ကိုယ်ဝန် ၂၄ ပတ်မှာ ဖြစ်တတ်ပါတယ်။ မာလကာသီးမှာ ပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ များစွာသော အမျှင်တို့က သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာ ကွယ်နိုင်ပါတယ်။

ဝမ်းမချုပ်အောင်နဲ့ လိပ်ခေါင်း မဖြစ် အောင် ကာကွယ်နိုင်ခြင်း။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ဟော်မုန်းလျော့နည်းနေတာကြောင့် ဝမ်း ချုပ်တတ်ပြီး လိပ်ခေါင်း ထွက်တတ်ကြပါ တယ်။ မာလကာသီးမှာ များစွာပါဝင်တဲ့ အမျှင်တွေက ဒီပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အစာကြေနိုင်ခြင်း။
ကိုယ်ဝန်ဆောင်ကာလမှာ မာလ ကာသီးကို စားသုံးတာက အစာခြေစနစ် ကျန်းမာရေးကို အထောက်အကူပြုပါ တယ်။ ရင်ပူတာ၊ ပျို့တာလိုမျိုး အစာမ ကြေတဲ့ ပြဿနာမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ မာလကာသီးက အယ်လ်ကာ လီအစားအစာဖြစ်ပြီး အစာအိမ်ထဲက အက်စစ်ပါဝင်မှုကို ညီညွတ်မျှတစေပါ တယ်။ ကိုယ်ဝန်ဆောင်ကာလမှာ အက် စစ်ပမာဏ လျော့ကျစေဖို့နဲ့ စားချဥ့်ပြန် တာ မဖြစ်အောင် အယ်လ်ကာလီအစား အစာတွေကို စားသုံးဖို့ ညွှန်ကြားထားပါ တယ်။ အစာကြီးတစ်နပ်နဲ့ တစ်နပ်ကြား မာလကာသီးကို စားသုံးတာက အစာအိမ် ရဲ့ အက်စစ်စံညီညွတ်မျှတမှု ရှိနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေနည်းခြင်း။
ကင်ဆာရောဂါက ကိုယ်ဝန်ဆောင် တွေမှာ အဖြစ်နည်းပါတယ်။ ၁၀၀၀ မှာ တစ်ယောက်နှုန်းသာ ဖြစ်တတ်ပါတယ်။ မဖြစ်အောင် ကာကွယ်ထားတာကလည်း ကုသရေးထက် ကောင်းမွန်ပါတယ်။ မာ လကာသီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေက ကင်ဆာကို တွန်းလှန် နိုင်ပါတယ်။ မာလကာသီးမှာ များစွာပါ ဝင်တဲ့ လိုင်ကိုပင်းနဲ့ ဗီတာမင် C က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အမြင်အာရုံ တိုးတက်ကောင်းမွန်နိုင် ခြင်း။
မာလကာသီးမှာ ဗီတာမင် A လည်းများစွာပါဝင်တာမို့ မိခင်နဲ့ကလေး အမြင်အာရုံ ကောင်းမွန်နိုင်ပြီး အမြင် ကွယ်မှုမရှိအောင် ကာကွယ်နိုင်ပါတယ်။

ကလေးရဲ့ အာရုံကြောစနစ်ကောင်းမွန် နိုင်ခြင်း။
မာလကာသီးမှာ ပါဝင်တဲ့ ဖောလစ် အက်စစ်နဲ့ ဗီတာမင် B9 က သန္ဓေသားဦး နှောက်နဲ့ အာရုံကြောဖွံ့ဖြိုးဖို့ ကူညီပေး ပါတယ်။ ဖောလစ်အက်စစ်က ကိုယ်ဝန် သည်တွေအတွက်လည်း အရေးကြီးတဲ့ အာဟာရဖြစ်ပြီးမွေးလာမယ့်ကလေးမှာ မွေးရာပါအာရုံကြောနှစ်ခွ (Spinal bifida) မဖြစ်အောင်ကာကွယ်ပေး နိုင် ပါတယ်။ မာလကာသီးအမှည့်ကို ကိုယ် ဝန်ဆောင်ချိန် တောက်လျှောက်စားသုံး သင့်ပါတယ်။

ရောဂါပိုးကိုတွန်းလှန်နိုင်ခြင်း။
မာလကာသီးမှာ ဗီတာမင်C,E, Carotenoids, Isoflavonoids နဲ့ Polyphenol တွေများစွာပါဝင်ပြီး သူ တို့က ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ် သတ္တိရှိပါတယ်။ သူတို့ကပိုးမွှားတွေနဲ့ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တာ ကြောင့် ဖျားနာနိုင်ခြေနည်းပါးသွားပါ တယ်။

စိတ်အေးချမ်းနိုင်ခြင်း။
ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီး မှုများတာက ကော်တီ စောထွက်လာပြီး ကျန်းမာရေးအတွက် ပြဿနာဖြစ်နိုင်ပါ တယ်။ မာလကာသီးမှာ ပေါကြွယ်ဝစွာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်က အာရုံကြောနဲ့ ကြွက်သားအတွက် relax ရရှိနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရောကို ထိန်းချုပ် နိုင်ခြင်း။
မာလကာသီးမှာပါဝင်တဲ့ အမျှင် ဓာတ်တွေက နှလုံးအတွက် အလွန် ကောင်းမွန်ပါတယ်။ သူကသွေးတွင်းကိုလက်စထရောထိန်းချုပ်ဖို့ ကူညီပေးပြီး နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ အမျှင်ဓာတ်ကို ပမာဏများများ စားသုံးတာကြောင့် သွေးတွင်းကောင်းတဲ့ကိုလက်စထရော LDL ပမာဏ မြင့်တက်လာပြီး မကောင်း တဲ့ ကိုလက်စထရော LDL ပမာဏ လျော့ကျနိုင်ပါတယ်။ မာလကာသီးမှာ များစွာပါဝင်တဲ့ ရေမှာပျော်ဝင်တဲ့ အမျှင် တွေက HDL နဲ့ ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။

သွေးအားနည်းခြင်းကို ကုသနိုင်ခြင်း။
ကိုယ်ဝန်ဆောင်ကာလမှာ သံဓာတ် လိုအပ်ချက်က ပိုပြီးများပြားပါတယ်။ မာလကာသီးမှာ သံဓာတ်က လုံလောက် မှုရှိတဲ့ပမာဏ ပါဝင်တာကြောင့် ဟေမိုဂ လိုဗင် ပုံမှန်ဖြစ်နိုင်ပါတယ်။

ဗီတာမင် B3 နဲ့ B6 များစွာပါဝင်ခြင်း။
မာလကာသီးမှာ ဗီတာမင် B3 နဲ့ B6 တို့ပေါကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဗီတာ မင်တွေက ဦးနှောက်ကျန်းမာရေးအ တွက် အရေးကြီးတာမို့ ကိုယ်ဝန်သည် တွေ မဖြစ်မနေ စားသုံးသင့်ပါတယ်။ သူတို့က သန္ဓေသားဦးနှောက်ဖွံ့ဖြိုးဖို့ လိုအပ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး တွေ အာရုံစူးစိုက်မှုကောင်းမွန်စေနိုင် ပါတယ်။

ကိုယ်ဝန်ဆောင် ပျို့အန်ခြင်းကို သက် သာနိုင်ခြင်း။
မာလာကာသီးမှာပါဝင်တဲ့ ဗီတာမင် C က ကိုယ်ဝန်ဆောင်ကာလမှာ ပျို့အန် တာမဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပါ တယ်။ ပျို့အန်ချင်လာရင် မာလကာသီး တစ်ကိုက်လောက် စားသုံးလိုက်ပါ။

ကိုယ်ဝန်ဆောင်ကာလမှာ မာလကာသီး စားတာကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ

မာလကာသီးမှာ အမျှင်ပါဝင်မှုများ တာကြောင့် သူ့ကို ပမာဏ များများစားသုံး ရင် ဝမ်းလျှောနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ မမှည့် သေးတဲ့ ဒါမှမဟုတ် အစိမ်းတိုင်း ဖြစ်နေ တဲ့ မာလကာသီးကို မစားသုံးသင့်ပါ။ သွားကိုက်တာ ဒါမှမဟုတ် သွားပြဿနာ ဖြစ်နိုင်တာကြောင့်ပါ။
မာလကာသီးကို သေချာမဆေး ကြောပဲ ဒါမှမဟုတ် အခွံမနွှာဘဲစားသုံး ရင် Listeriosis ရောဂါပိုးကူးစက်နိုင်ပါ တယ်။
ဆေးဝါးဒါမှမဟုတ် အားဖြည့်ဆေး အနေနဲ့ ပြုလုပ်ထားတဲ့ မာလကာသီးကို မစားသုံးပါနဲ့။ သစ်သီးအနေနဲ့သာစားပါ။

Tips
မာလကာသီးအဖြူမျိုးက အူနီမျိုး ထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။
မာလကာသီးကို နံနက်စာနဲ့အတူ စားသုံးတာ ဒါမှမဟုတ် အဆာပြေအစာ အဖြစ်စားသုံးနိုင်ပါတယ်။
သင်က မာလကာသီးနဲ့ ဓာတ်မ တည့်သူ ဖြစ်နေရင် သူ့အစား လိမ္မော် သီးနဲ့ စတော်ဘယ်ရီသီးတွေကို စားသုံး နိုင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal