အရေပြားအတွက် ဂလိုင်ကောလစ်အက်စစ်

ဂလိုင်ကောလစ်အက်စစ် (Glycolic Acid) ကို မျက်နှာ သစ်ဆေး၊ ကြေးချွတ်ဆေး၊ မျက်နှာကပ်တဲ့ Mask တွေ၊ လိုး ရှင်းတွေနဲ့ Skincare အလှကုန်တွေမှာ ထည့်သွင်းထုတ်လုပ် လာကြပါတယ်။ ဂလိုင်ကောလစ်အက်စစ်က ဘာအတွက် ကောင်းတာလဲဆိုတာ အမေးများလာတာကြောင့် ဒီအတွက် ဖြေပေးလိုက်ပါတယ်။
♦ ဂလိုင်ကောလစ်အက်စစ်က အရေပြားပေါ်က ဆဲလ်သေ တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။ ချွေး ပေါက်ပိတ်ပြီး ဝက်ခြံထွက်တတ်တဲ့သူတွေ၊ မျက်နှာအဆီ ပြန်တတ်တဲ့သူတွေအတွက် သင့်တော်ပါတယ်။
♦ အရေပြားကထွက်တဲ့အဆီနဲ့ အညစ်အကြေးတွေကြောင့် ချွေးပေါက်တွေပိတ်မိသွားတဲ့အခါ ဗက်တီးရီးယားပေါက် ဖွားမှုဖြစ်စေပြီး ဝက်ခြံထွက်တာဖြစ်ပါတယ်။ ဂလိုက်ကော လစ်အက်စစ်က ချွေးပေါက်တွေကို ပွင့်စေနိုင်တာကြောင့် အရေပြားပိုပြီးကြည်လာစေပါတယ်။
♦ ဂလိုင်ကောလစ်အက်စစ်ပါဝင်တဲ့ Skincare တွေကို အလွန်အကျွံအသုံးမပြုဖို့နဲ့ ပါဝင်တဲ့ ဂလိုင်ကောလစ် အက်စစ်ရာခိုင်နှုန်းကို ကြည့်ဝယ်ဖို့တော့လိုပါတယ်။
♦ စစချင်းအသုံးပြုမယ်ဆိုရင် ဂလိုင်ကောလစ်အက်စစ်ရာ ခိုင်နှုန်းအနည်းဆုံးပါဝင်တာကို ရွေးချယ်ပါ။ သင့်အရေ ပြားက ဘယ်လို တုံ့ပြန်လဲဆိုတာကိုသိဖို့ အနည်းငယ် အရင်စမ်းလိမ်းကြည့်ပါ။ ဂလိုင်ကောလစ်အက်စစ်နဲ့ မတည့်ရင် အရေပြားယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာကို ခံစားရနိုင်ပါတယ်။
♦ ဂလိုင်ကောလစ်အက်စစ်ကို နေ့စဉ်အသုံးပြုမယ်ဆိုရင် ၇-၁၀ ရာခိုင်နှုန်းထိပါတာကိုပဲ ရွေးချယ်ပါ။ ဂလိုင်ကော လစ်အက်စစ် ၃၀ ရာခိုင်နှုန်းလောက်ပါဝင်တဲ့ Skincare တွေကိုတော့ တစ်ပတ်ကို တစ်ကြိမ်ကနေ နှစ်ကြိမ်ထိပဲ အသုံးပြုပါ။
♦ ဂလိုင်ကောလစ်အက်စစ်ပါဝင်တဲ့ Skincare တွေ အသုံး ပြုနေရင် မျက်နှာကြေးချွတ်တဲ့ Scrubs တွေ၊ Peeling တွေအသုံးပြုစရာမလိုပါဘူး။ ဆဲလ်သေဖယ်ရှားတဲ့ Ex­fo­liation Methods တွေ သုံးတာ စုံသွားရင်အရေပြားကို ထိခိုက်မခံ၊ ထိရှလွယ်စေပြီး ဝက်ခြံတွေ ပိုထွက်လာစေနိုင် ပါတယ်။
♦ ချင့်ချိန်တတ်ဖို့က အဓိကပါပဲ၊ Skincare တိုင်းကို ဂလိုင် ကောလစ်အက်စစ်ပါဝင်တာတွေ ရွေးချယ်ရမှာတော့ မဟုတ်ပါဘူး၊ သူက Peeling အာနိသင်ရှိနေတော့ အရေပြားကို အစိုဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်မယ့် Serum တွေ၊ Moisturizer တွေ အဓိက အသုံးပြုပေး ဖို့လည်းမမေ့ပါနဲ့။
♦ ဂလိုင်ကောလစ်အက်စစ်ပါဝင်တဲ့ Skincare တွေအသုံး ပြုနေရင် နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ဖို့လည်း လိုပါလိမ့်မယ်။
♥ Darliko

Post Author: Good Health Journal