သင် ကိုယ်တိုင်ပြုလုပ်နိုင်သည့် ကျန်းမာရေးစစ်ဆေးခြင်း

မိမိကိုယ်မိမိယုံကြည် စိတ်ချမှုရှိရှိနဲ့အလုပ်လုပ်နိုင်ဖို့ ကိုယ်ခံအား ကောင်းအောင် အိပ်ရေးဝဝအိပ်တာ၊ ဗီတာမင်ပြည့်ပြည့်ဝဝရနိုင်မယ့် အစားအစာ စားတာ၊ အားဖြည့်ဆေးမှီဝဲတာလိုမျိုး ခုခံအားမြင့်တက်နိုင်တဲ့အပြုအမူတွေကိုပြု လုပ်ရမှာဖြစ်တဲ့အပြင် မိမိမှာ ကျန်းမာရေးရောဂါအခံ ရှိ မရှိ ကိုလည်း စစ်ဆေး ထားရပါမယ်။
ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံဆေးခန်းသွားရမှာကို အကြောင်းအမျိုး မျိုးကြောင့် ဝန်လေးနေသူတို့အတွက် မိမိအိမ်မှာပဲ မိမိကိုယ်မိမိ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

လျှပ်တပြက် စစ်ဆေးခြင်း
ကိုလက်စတရောစစ်ဆေးခြင်း
♦ မျက်ခွံအပေါ်အောက်လှန်ကြည့်ပါ
♦ အဲဒီနေရာမှာ အဝါရောင်အဆီခဲလေးတွေရှိနေရင် သင့်သွေးထဲမှာ ကိုလက်စတရော အလွန်များနေပါပြီ။

အဆုတ်ကျန်းမာရေးစစ်ဆေးခြင်း
♦ ဖယောင်းတိုင်တစ်တိုင်ကို မီးထွန်းပြီး ၃ ပေအကွာကနေ မီးမှုတ်လိုက်ပါ။
♦ ပထမတစ်ကြိမ်တည်းနဲ့ မီးငြိမ်းသွားရင် သင့်အဆုတ်ကျန်းမာရေးအလွန် ကောင်းမွန်ပါတယ်။
♦ ဖယောင်းတိုင်နဲ့နီးနီးကပ်ကပ်မှုတ်ရလေလေ အဆုတ်ကျန်းမာရေးမ ကောင်းလေလေပါ။

ဇီဝအသက်အရွယ်စစ်ဆေးခြင်း
♦ ညာဘက်ခြေထောက်ပေါ်မှာ မတ်တတ်ရပ်ပြီး ဘယ်ဘက်ခြေထောက်ကို ကြမ်းပြင်နဲ့ ၄ လက်မခန့်ခွာထားပါ။
♦ စက္ကန့် ၃၀ နေနိုင်ရင် သင့်ဇီဝအသက်က ၂၀ နှစ်ပါ။
၂၅ စက္ကန့် = ၃၀ နှစ်
၂၀ စက္ကန့် = ၄၀ နှစ်
၁၀ စက္ကန့်အောက် = ၆၀ နှစ်ပါ။

ကိုယ်တွင်းရောဂါ ရှိ မရှိ စစ်ဆေးခြင်း
နှလုံး သို့မဟုတ် အဆုတ်ရောဂါ
♦ လက်ချောင်းတွေကိုဖြောင့်ဖြောင့်ထားပြီး လက်ဖဝါးနှစ်ဖက်ကိုမျက်နှာ ချင်းဆိုင်ထားပါ။ လက်မနှစ်ဖက်ကိုကွေးပြီး ပုံပါအတိုင်း တစ်ချောင်းနဲ့တစ်ချောင်း ထပ်ထားပါ။ လက်ညှိုး နှစ်ခုကိုကွေးပြီး လက်သည်းချင်းထိကပ်ထားပါ။
♦ လက်နှစ်ခုကြား Diamond ပုံသဏ္ဌာန် ကွက်လပ်မြင်ရရင် သင့်နှလုံးနဲ့ သွေးကြောကျန်းမာရေးကောင်းမွန်ပါတယ်။
♦ လက်ချောင်းကြားမှာ ကွက်လပ်မရှိရင် လက်သည်းတင်းပုတ်ပုံ (Club finger) ဖြစ်တဲ့လက္ခဏာပါ။ ကိုယ်ခန္ဓာတွင်းအောက်ဆီဂျင်လိုအပ်နေတာကို ပြသနေပါတယ်။ အဆုတ်ရောဂါ၊နှလုံးသွေးကြောရောဂါနဲ့ အစာခြေလမ်းကြောင်း ပြဿနာတွေကြောင့် ကိုယ်တွင်း အောက်ဆီဂျင်လျော့နည်းနိုင်ပါတယ်။

သူငယ်ပြန်ခြင်းနှင့်လေဖြတ်ခြင်း
နာရီတစ်လုံးအနားမှာရှိဖို့ လိုအပ်ပါတယ်။
♦ ပုံမှာပြထားတဲ့အတိုင်းခြေထောက်တစ်ဖက်ရဲ့ဒူးနဲ့ပေါင်ကို ကြမ်းပြင်နဲ့ မျဉ်းပြိုင်ဖြစ်အောင်မြှောက်ထားပါ။
♦ ဒီအတိုင်း စက္ကန့် ၂၀ နေနိုင်ရင် သင့်မှာ လေဖြတ်နိုင်ခြေ၊ သူငယ်ပြန်နိုင် ခြေမရှိပါဘူး။
♦ ခြေထောက်တစ်ဖက်တည်းနဲ့ ခန္ဓာကိုယ်ဟန်ချက်ကိုထိန်းဖို့ ခက်ခဲနေတာ က ဦးနှောက်သွေးကြောမှာ ပြဿနာရှိနေလို့ပါ။

သွေးအားနည်းခြင်း
♦ မှန်ရှေ့မတ်တတ်ရပ်ပြီး အောက်မျက်ခွံကိုလှန်ကြည့်ပါ။
♦ ပန်းရောင်ဖျော့တော့တော့ဖြစ်နေရင် ဒါမှမဟုတ် အဝါရောင်ဖျော့ဖျော့ဖြစ် နေရင် သွေးအားနည်းတဲ့လက္ခဏာပါ။
♦ သံဓာတ်ချို့တဲ့တာ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါတွေကြောင့် သွေးအားနည်းနိုင်ပါတယ်။
♦ သင့်မှာ မောပန်းတာ၊ ရင်တုန်တာ၊ အသက်ရှူမဝတာတွေပါဖြစ်နေရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

ဟော်မုန်းမညီမျှခြင်း၊ အာဟာရချို့တဲ့ခြင်း
ဆံပင်ကျွတ်တာကပုံမှန်ဖြစ်စဉ်ပါ။ တစ်နေ့ကို ဆံခြည်မျှင်ပေါင်း ၅၀-၁၀၀ ချောင်းလောက် ကျွတ်လေ့ရှိပါတယ်။ ဆံပင်ကျွတ်တာနဲ့ပတ်သက်ပြီး ကျန်း မာရေးအခြေအနေကို စစ်ကြည့်လို့ရပါတယ်။
♦ ခေါင်းလျှော်ပြီးလို့ အခြောက်ခံပြီးရင် သင့်လက်နဲ့ဆံပင်ကိုဆွဲကြည့်ပါ။
♦ ၂-၃ ပင် ပါလာတာက ပုံမှန်ပါ။
♦ အဆုပ်လိုက်ပါလာရင်တော့ စိတ်ဖိစီးမှုများတာ၊ အာဟာရချို့တဲ့တာ၊ ဟော်မုန်းမညီမျှတာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး မကောင်းတာကြောင့်ပါ။

လက်ဥမင်ရိုးလိုဏ်ခေါင်းလက္ခ ဏာစု
ကွန်ပျူတာနဲ့အလုပ်လုပ်ရသူတွေမှာ အဖြစ်များပါတယ်။
♦ လက်နှစ်ဖက်ကို မçတင်ပြီး ပုံပြထားတဲ့အတိုင်း လက်ဖျံနဲ့ မျက်နှာ မျဉ်း ပြိုင်အနေအထား ထားပါ။ လက်သည်းက လက်ဖဝါးအောက်ခြေနဲ့ထိနေအောင် လက်သီးဆုပ်ထားရပါမယ်။
♦ ၁-၂ မိနစ်ခန့်ပြုလုပ်နိုင်ရင် ကျန်းမာရေးကောင်းပါတယ်။
ထုံတာ၊ ကျဉ်တာ၊ နာတာတွေဖြစ်လာရင်တော့ carpal tunnel syndrome ရဲ့ စောစောစီးစီးလက္ခဏာပါ။

ဆီးချိုရောဂါ
စစ်ဆေးဖို့အတွက် မိသားစုဝင်တစ်ဦးနဲ့ ခဲဖျက်ပါ ခဲတံတစ်ချောင်း လိုအပ်ပါတယ်။
♦ သင့်ခြေချောင်းကို ခဲတံအချွန်နဲ့ထိခိုင်းပါ။ ပြီးရင်ခဲဖျက်နဲ့ထိခိုင်းပါ။
♦ သင့်ကိုထိမိတာက ခဲတံအချွန်လား၊ ခဲဖျက်လားကို ခွဲခြားနိုင်ရင် သင့် မှာ ဆီးချိုရောဂါမရှိဘူးလို့ အကြမ်းဖျင်း ခန့်မှန်းလို့ရပါတယ်။

သွေးကြောပိတ်ဆို့ခြင်း
♦ ပက်လက်အိပ်ပြီး သင့်ခြေထောက်ကိုကြမ်းပြင်နဲ့ ၄၅ ဒီဂရီစောင်းထောင် ပြီး ခြေဖဝါးကို နံရံနဲ့ကပ်ထားပါ။
♦ ဒီအနေအထားကိုမိနစ်အနည်းငယ် ခန့်ထားပြီး ခြေဖဝါးအရောင် စစ်ဆေးပါ။
♦ အဖြူရောင် ဒါမှမဟုတ် အရောင်ဖျော့တော့တော့ဖြစ်နေရင် သင့်သွေး ကြောကျဉ်းနေပါပြီ။
♦ ထုံကျဉ်တာ၊ နာကျင်တာတွေပါ တွဲဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင် ပြီး ကုသမှုခံယူဖို့လိုအပ်ပါတယ်။
♦ ကုသမှုမခံယူရင် နှလုံးရောဂါနဲ့ လေဖြတ်တာ ဖြစ်လာနိုင်ပါတယ်။

အကြားအာရုံစမ်းသပ်ခြင်း
တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းမှာ စစ်ဆေးရပါမယ်။
♦ သင့်လက်ကို နားနဲ့ကပ်ပြီး လက်ဖျောက်တီးပါ။
♦ အသံကြားရရင် လက်ကိုနားနဲ့ဝေးဝေးထားပြီး လက်ဖျောက်ပြန်တီးကြည့် ပါ။
♦ အသံကြားရရင် ပုံမှန်ပါ။ မကြားရရင်တော့ အကြားအာရုံ ချို့ယွင်းနေပါပြီ။

နှလုံးသွေးကြောရောဂါစစ်ဆေးခြင်း
♦ ဖုန်းပြောရင်း ဒါမှမဟုတ် သီချင်းဆိုရင်းလှေကားတက်ကြည့်ပါ။
♦ နှလုံးတုန်လာပြီး အသက်ရှူမဝဖြစ်ခဲ့ရင် နှလုံးနဲ့အဆုတ်က ကာယလှုပ် ရှားမှုကို မခံနိုင်ပါဘူး။ နှလုံး ဒါမှမဟုတ် အဆုတ်ရောဂါရှိနေနိုင်ပါတယ်။

ကြို့ထိုးနေရင်
ကြို့ထိုးတာက အစားများတာ၊ gas ပါတဲ့ဖျော်ရည်သောက်တာ၊ အရက် သောက်တာနဲ့ အထိတ်တလန့် ဖြစ်တာကြောင့်ပါ။
နာတာရှည်ဖြစ်နေရင်တော့
♦ စိတ်ဖိစီးမှုများလွန်းတာ
♦ အစာခြေစနစ်ပြဿနာ
♦ အသက်ရှူလမ်းကြောင်းပြဿနာ
♦ ကျောက်ကပ်၊ အသည်း ဒါမှမဟုတ် နှလုံးပြဿနာကြောင့်ပါ။

ခံတွင်းအနံ့ဆိုးထွက်နေရင်
ခံတွင်းသန့်ရှင်းရေးကိုစနစ်တကျပြုလုပ်ပေမယ့် အနံ့ဆိုးထွက်နေရင်
♦ အသက်ရှူလမ်းကြောင်းပိုးဝင်တာ
♦ ထိပ်ကပ်နာဖြစ်တာ
♦ ကျောက်ကပ် ဒါမှမဟုတ် အသည်းရောဂါ
♦ အစာခြေစနစ်ပြဿနာကြောင့်ပါ။

ဒေါက်တာခင်မိုးမိုး
(လွယ်ကူစစ်ဆေး သင့်ကျန်းမာရေး စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။)

Post Author: Good Health Journal