သွေးတွင်းကိုလက်စထရောများတာကြောင့် ခြေထောက်ကို ဘယ်လိုထိခိုက်နိုင်လဲ

သွေးတွင်းမှာ ကိုလက်စထရောများ တာကြောင့် သွေးလွှတ်ကြောတွေမှာ ပိတ်ဆို့မှု ဖြစ်စေပါတယ်။ နှလုံးကို အောက်ဆီဂျင်တွေ ပြည့်ဝနေတဲ့ သွေး တွေ ထောက်ပံ့တဲ့အခါ သွေးတွင်းမှာ ကို လက်စထရောတွေ ပါလာတဲ့အခါ သွေး လွှတ်ကြောပိတ် ဆို့မှုတွေ ဖြစ်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ အစွန်အဖျား သွေးလွှတ် ကြောမှာ ပိတ်ဆို့တဲ့အခါ တချို့သွေးလွှတ် ကြောတွေက ခြေထောက်ကို ထောက်ပံ့ ပေးနေတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် သွေးတွင်းမှာ ကိုလက်စထရောတွေ များ တဲ့အခါ ခြေထောက်မှာ အောက်ပါကျန်း မာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ခြေထောက်နာကျဉ်ခြင်း
သွေးလွှတ်ကြောရောဂါတွေရဲ့ လက္ခဏာတစ်ခုက ခြေထောက်နာကျဉ် တာပါ။ အများအားဖြင့် ကိုယ်လက်လှုပ် ရှားပြီးတဲ့အခါ ဥပမာ – လမ်းလျှောက် တာ၊ ပြေးတာ၊ လှေကားတက်တာ များတဲ့ အခါ စတာတွေမှာ ခြေထောက်နာကျင် တာက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ သွေး တွင်းကိုလက်စထရောများတာကြောင့် ခြေထောက်နာကျင်တာက နိစ္စဓူဝလုပ် ဆောင်စရာတွေ လုပ်ပြီးလို့ နားလိုက်တာ နဲ့ ချက်ချင်းဖြစ်လာတာမျိုးပါ။ တချို့တွေ မှာတော့ သွေးတွင်းကိုလက်စထရော များတာကြောင့် ခြေထောက် နှစ်ဖက်စ လုံးဖြစ်စေ တစ်ဖက်တည်းမှာဖြစ်စေ လေးလံနေတာ၊ ညောင်းညာနေတာ၊ ပူ လောင်သလို ခံစားနေရတာတွေ ဖြစ်တတ် ပါတယ်။

ပုံမမှန်အရေပြားအရောင် ပြောင်းလဲခြင်း
သွေးတွင်းမှာ ကိုလက်စထရောများ တဲ့အခါ ခြေထောက်ရဲ့ သွေးလွှတ်ကြော တွေ ပိတ်တာကြောင့် ခြေထောက်အရေ ပြားအရောင်က ပြောင်းသွားတတ်ပါ တယ်။ ပိတ်ဆို့တဲ့အခြေအနေပေါ်မူတည် ပြီး အရေပြားအရောင် ပြောင်းလဲနိုင်ပါ တယ်။ ခြေထောက်ကို မြှောက်ထားလိုက် တဲ့အခါ အရေပြားအရောင်က ဖြူဖျော့ ဖျော့ဖြစ်သွားပြီးနောက်မှာတော့ အပြာ ရောင် ဒါမှမဟုတ် ခရမ်းရောင် ပြောင်း သွားတတ်ပါတယ်။ ခြေထောက်သွေး လွှတ်ကြောရောဂါတွေ ရှိတဲ့အခါ ထိုင်တဲ့ အခါ သတိပြုမိနိုင်ပါတယ်။ ကြာကြာထိုင် တဲ့အခါ ခြေမအရောင်က ဖြူဖျော့နေရာ ကနေ အပြာရောင်ကို ပြောင်းသွားတတ်ပါ တယ်။

ခြေဖျားအေးနေခြင်း
ခြေထောက်အရေပြားအရောင် သာ မကဘဲ အပူချိန်လည်း ပြောင်းလဲနိုင်ပါ တယ်။ သွေးတွင်းကိုလက်စထရောများပြီး ခြေထောက်သွေးလွှတ်ကြောပြဿနာရှိ သူတွေရဲ့ ခြေထောက်က အေးနေတတ်ပါ တယ်။ သွေးလွှတ်ကြောပိတ်တာကြောင့် ခြေထောက်ကို သွေးရောက်ရှိမှု နည်းသွား တာကြောင့်ဖြစ်ပါတယ်။ ဒီလိုအေးနေတာ ကြောင့် ထိုင်ရတာထပြီးရင် ရုတ်တရက် လမ်းစလျှောက်ဖို့ ခက်ခဲတတ်ပါတယ်။

ခြေသည်း၊ လက်သည်းအရောင်နှင့် အထူ ပြောင်းလဲခြင်း
ခြေသည်း၊ လက်သည်းတွေကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ထောက်ပံ့ပေးနေမှသာ ကျန်းမာနေမှာ ဖြစ်ပါတယ်။ ခြေထောက်ကို သွေးရောက် ရှိမှု နည်းသွားတဲ့အခါ အာဟာရဓာတ်တွေ လုံလောက်စွာ မရတဲ့အတွက် ခြေသည်း အရောင်လည်း သိသိသာသာ ပြောင်းလဲ သွားနိုင်ပါတယ်။ ခြေသည်းအရောင်က အနေအထားပေါ်မူတည်ပြီး ဖြူဖျော့တာ ဒါမှမဟုတ် ခရမ်းရောင်ဖြစ်တာတွေလည်း ရှိပါတယ်။ ပညာရှင်တွေက ခြေသည်း အရှည် နှေးနိုင်တယ်လို့လည်း ပြောပါ တယ်။ ခြေထောက်သွေးလွှတ်ကြော ပြဿနာကြောင့် ဖြစ်တဲ့ ခြေသည်းထူတာ က မှိုပိုးကူးစက်တာနဲ့ ဆင်တူတတ်ပါ တယ်။

အနာကျက်နှေးခြင်း
ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက် တွဲပြဿနာတစ်ခုက ခြေထောက်မှာ အ နာဖြစ်ပြီးရင် အကျက်နှေးတာပဲ ဖြစ်ပါ တယ်။ သွေးတွင်းကိုလက်စထရောများပြီး သွေးလှည့်ပတ်မှု မကောင်းခဲ့ရင်လည်း ခြေထောက်မှာ အနာကျက်နှေးတတ်ပါ တယ်။ ဆီးချိုသွေးချိုရဲ့ နောက်ဆက်တွဲ ကြောင့် ဖြစ်လာတဲ့ ခြေထောက်အနာက နာကျင်မှုမရှိပေမယ့် သွေးတွင်း ကိုလက် စထရောများလို့ ဖြစ်လာတဲ့ ခြေထောက် အနာက နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါမှာ ခြေထောက်မှာရှိတဲ့အာရုံကြောလေးတွေကိုပါ ဖျက်ဆီး လိုက်တာကြောင့် နာကျင်မှု မခံစားရတာ ဖြစ်ပါတယ်။

♥ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal