အဆစ်ရောင်ရောဂါ ရှိသူတွေ စားသင့် သော အစားအစာများ

အဆစ်နာကျင်ပြီး ရောင်ရမ်းနေတဲ့ အဆစ်ရောင် ရောဂါ က အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ဖြစ်ရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အဆစ်နာကျင်တာနဲ့ ရောင်ရမ်းတာ သက်သာဖို့ အောက်ဖော်ပြပါ အစားအစာတွေကို စားသုံးပါ။

လိမ္မော်သီး
သူ့မှာပေါကြွယ်ဝစွာ ပါဝင်တဲ့ ဗီတာမင် စီ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အဆစ်ရောင်ရမ်းတာနဲ့ နာကျင်တာကို လျော့ချ ပေးနိုင်ပါတယ်။

အခွံမာသီး
သစ်ကြားသီးနဲ့ ဗန်ဒါစေ့ လိုမျိုး အခွံမာသီးတွေမှာ အမျှင်နဲ့ အိုမီဂါ -၃ အဆီ ပေါကြွယ်ဝစွာ ပါဝင်တာမို့ ရောင်ရမ်းမှုနဲ့ အဆစ်လှုပ်ရှားရခက်ခဲမှု ကို လျော့နည်း စေနိုင်ပါတယ်။

ချင်းနှင့်ကြက်သွန်ဖြူ
သူတို့ နှစ်မျိုးစလုံးက ရောင်ရမ်းမှု လျော့ကျနိုင်ပြီး အနာကျက်မြန် နိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။

သလဲသီး
အဆစ်နာကျင်ပြီး ရောင်ရမ်းရတဲ့ အဓိက အကြောင်းရင်းက အရိုးအဆစ် ရောင်ရောဂါ ကြောင့်ပါ။
သလဲသီးမှာ ဗီတာမင် စီ နဲ့ အီး အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်တာကြောင့် အဆစ်နာကျင်ကိုက်ခဲတာနဲ့ ရောင်ရမ်းတာ လျော့ကျစေ နိုင်ပါတယ်။

ဘယ်ရီသီးနှင့်ချယ်ရီသီး
စတော်ဘယ်ရီ၊ ကရင်ဘယ်ရီနဲ့ ဘလူးဘယ်ရီ လိုမျိုး ဘယ်ရီသီးအုပ်စုဝင်အသီး အားလုံးမှာ အဆစ်ရောင်ရောဂါကို ကုသရာမှာ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

လက်ဖက်စိမ်း
အခုအခါမှာ လက်ဖက်ကို ရောဂါတော်တော်များများကို ကုသဖို့ အသုံးပြုနေကြပြီး အဆစ်ရောင်ရောဂါကို ကုသရာမှာလည်း အကျိုးရှိတယ်လို့ သိရပါတယ်။ သူ့မှာ များစွာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ သတ္တုဓာတ်တွေကြောင့် ရောင်ရမ်းမှုနဲ့ အဆစ်ကပ်နေတာ လျော့နည်းသွားပြီး ခုခံအားစနစ် သန်မာလာ နိုင်ပါတယ်။

နနွင်း
နနွင်းက ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကြွက်သားသန်မာ နိုင်ပါတယ်။

သံလွင်ဆီ
သူ့မှာ ပါဝင်တဲ့ များစွာသောသတ္တုဓာတ် တွေက အဆစ်ပေါ်တိုက်ရိုက် အကျိုးပြုပါတယ်။ သံလွင်ဆီနဲ့ ချက်ပြုတ်ထားတဲ့ အစားအစာကို စားသုံးတာက အဆစ်ရဲ့ ကျန်းမာရေး ကောင်းမွန် စေနိုင်ပါတယ်။

ဘရိုကိုလီ
ဘရိုကိုလီလို့ ခေါ်တဲ့ အစိမ်းရောင် ပန်းဂေါ်ဖီမှာ ပါဝင်တဲ့ ဆာလိဖိုရဖိန်းတွေက အဆစ်ရောင်တာနဲ့ အဆစ်ရောင် ကြောင့် ဖြစ်ပေါ်တဲ့ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

သစ်ကြပိုးခေါက်
သူ့မှာပါဝင်တဲ့ သတ္တုဓာတ်နဲ့ ဒြပ်ပေါင်းတစ်ချို့က အနာကျက်မြန် နိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။

ဒေါက်တာခင်မိုးမိုး

 

Post Author: Good Health Journal