နေ့စဉ်ပတ်ဝန်းကျင်အခြေအနေကြောင့် အရေပြား၏ တုံ့ပြန်ချက်များ

အရေပြားက ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ပါ။ ကိုယ်တွင်းက အကြီးဆုံး ကိုယ်တွင်းအင်္ဂါလည်းဖြစ်ပါတယ်။ သူက နေလောင် ဒဏ်ခံရရင် အရောင်၊ အသွေးနဲ့ Texture ပြောင်းသွားတတ်တာကိုတော့ လူတိုင်း သိထားကြပါတယ်။ ဒါပေမဲ့ ကြက်သီးထတာ၊ သွေးရောင်လွှမ်းတာလိုမျိုး အရေ ပြားရဲ့ တုံ့ပြန်မှုတွေက ဘယ်လိုအချိန်မှာ ဘာကြောင့်ဖြစ်တာလဲဆိုတာကိုတော့ နားလည်ဖို့လိုအပ်ပါတယ်။ အောက်ဖော်ပြပါတွေက ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး အရေပြားရဲ့တုံ့ပြန်မှုတွေပါ။

စိတ်ခံစားချက်ရှိလာရင် အရေပြားနဲ့ ဦးနှောက်က တစ်ခုတည်းပါ။
လူတွေမှာ အရေပြားအာရုံခံဖုတွေ အများကြီးရှိကြပြီး သူတို့တွေက ကိုယ် တွင်းကိုယ်ပကလာတဲ့ အဖြစ်အပျက် တွေကို ဏနမခနငလန လုပ်ပါတယ်။ ဒီအာ ရုံခံဖုအများစုကို အရေ ပြားပေါ်မှာတွေ့ ရှိနိုင်ပါ တယ်။ သူတို့က ကျွန်မ တို့နေ့စဉ်ကြုံတွေ့နေတဲ့ အပူ၊ အအေးနဲ့တခြား အကြောင်းအရာတွေကို တစ်စိတ်တစ်ပိုင်းတာဝန် ယူပေးပါတယ်။ ဒီဆက် သွယ်မှုကို ကြက်သီးထတဲ့အခါမှာ မြင် တွေ့ရနိုင်ပါတယ်။ ကြောက်လန့်လာတဲ့ အခါမှာ ချမ်းတုန်လာတာကလည်း ဒီသဘောပါ။

ရေထဲမှာ လက်စိမ်တာကြာရင် ဘာကြောင့်လက်ထိပ်တွေတွန့်သွားရတာလဲ။
အရေပြားရဲ့ အပေါ်ဆုံးအလွှာကို စပါယ်ရှယ်အဆီတွေနဲ့ ဖုံးအုပ်ထားတာ ကြောင့် အရေပြားရဲ့အစိုဓာတ်ကိုထိန်း ပေးပြီး အကာအကွယ် ပေးထားပါ တယ်။ လက်ကိုရေဆေးလိုက်တဲ့အခါ မှာ ရေက အရေပြားထဲ စိမ့်မဝင်ဘဲ အပြင်ကိုလျှောထွက်သွားတာမြင်ရမှာ ပါ။ အဆီက အရေပြားကို ကြားခံရေ မြှုပ်လိုပြုလုပ်ကာ အရည်တွေကိုစုပ် ယူလိုက်ပါတယ်။ ဒါပေမဲ့ ရေကူးတာ၊ ရေစိမ်ချိုးတာလိုမျိုး လက် တွေကို ရေထဲအချိန်အ ကြာကြီးစိမ်လိုက်တဲ့အ ခါမှာ ဒီအဆီတွေပျောက် ကွယ်သွားပါတယ်။ ဒီအ ခါမှာ အရေပြားအပေါ် ယံလွှာက ရေအလွယ် တကူ ထိုးဖောက်ဝင်ရောက်နိုင်သွားပြီး ရေကိုစုပ်ယူလိုက်ပါတယ်။ လက်ချောင်း မှာ ပဲကြီးရေခွံတွန့်တာက အရေပြားက ရေကိုစုပ်ယူတာကြောင့် ဖြစ်တယ်ဆိုတဲ့ သီအိုရီကလည်း အခုထိ ပြတ်ပြတ် သားသားမရှိသေးပါဘူး။ တချို့က လည်း ရေထဲမှာပစ္စည်းကိုယူရင် ချော ထွက်နေတာကြောင့် ကိုင်ရလွယ်ကူ အောင် အရေပြားတွန့်တာလို့လည်း ဆို ပါတယ်။

အရေပြား၊ လက်သည်းခြေသည်းနဲ့အမွေးအမှင်တွေက အုပ်စုတစ်စုတည်းပါ။
ဆံသားနဲ့ လက်သည်းခြေသည်း တွေက အမှန်မှာတော့ မတူညီကြတဲ့ အရေပြားအမျိုးအစား ၂ ခုပါ။ သူတို့က ကိုယ်ရဲ့ တချို့အစိတ်အပိုင်းတွေကို ကာကွယ်ပေးထားကြပါတယ်။ အမွေး အမှင်တွေက ကိုယ်အနှံ့မှာ ပေါက်ပေ မယ့် နှုတ်ခမ်းပေါ်၊ နားရွက်နောက်၊ ခြေဖဝါး၊ လက်ဖဝါး၊ ချက်နဲ့ အမာရွတ် တစ်သျှူးမှာ မပေါက်ပါဘူး။
ဒါ့အပြင် လက်သည်းခြေသည်း တွေက လက်ချောင်းခြေချောင်းတွေရဲ့ Sensitive အဖြစ်ဆုံး ထိပ်နေရာကို ဖုံးအုပ်ထားပေးပါတယ်။
အံ့သြစရာက အမွေး ဒါမှမဟုတ် လက်သည်း ခြေသည်း တွေက သက်ရှိဆဲလ်တွေ မဟုတ်တာမို့ နေ့စဉ် ဘယ်လိုကြီးထွားလာ ကြသလဲဆိုတာ သိချင် စရာ ဖြစ်နေပါတယ်။ အ မှန်မှာတော့ ဆဲလ်သစ် တွေ ထွက်လာတဲ့အခါမှာ ဆဲလ်သေ တွေကို တွန်းထုတ်လိုက်တာကြောင့် ဆံသားရှည်လာတာပါ။
လက်သည်းခြေသည်းကလည်း ဒီဖြစ်စဉ်အတိုင်းပါပဲ။ အရေပြားဆဲလ် တွေကြီးထွားလာပြီး လက်ချောင်းထိပ် မှာစုဆောင်းလာကာ ထူထပ်တဲ့ Keratin အလွှာဖြစ်လာတာပါ။ ဒီ Keratin တွေ က လက်သည်းခြေသည်းတွေ ဖြစ်ပါ တယ်။ ဆံပင်နဲ့ လက်သည်းခြေသည်း တွေက ဆဲလ်သေတွေ ဖြစ်တာမို့ သူတို့ ကို ညှပ်လိုက်ရင် မနာကျင်တာက ဒါကြောင့်ပါ။

♥ ရွှေမိုး

Post Author: Good Health Journal