ကိုဗစ်ရောဂါကာကွယ်ဆေးရရှိအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဘယ်လိုဆောင်ရွက်နေသလဲ

နိုဝင်ဘာလ ၂၅ရက်က မြန်မာနိုင်ငံ Covid-19 ကာကွယ်ဆေး စီမံချက်အ တွက် Covid-19 ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ Video – conferencing စနစ်နဲ့ပြုလုပ်ခဲ့တဲ့ ပထမအကြိမ်အစည်းအဝေးမှာ ပြည် ထောင်စုဝန်ကြီးပြောကြားခဲ့တဲ့ အမှာ စကားကို ကောက်နုတ်ရေးသားထားတာ ဖြစ်ပါတယ်။

Covid-19 ကာကွယ်ဆေးထိုးရရှိချိန်မှာ ထိုးနှံပေးမယ့် အစီအစဉ်တွေအနေနဲ့ ဘယ်လိုဆောင်ရွက်ထားပါသလဲ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနအနေနဲ့ ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်တဲ့ Covid-19 ကာကွယ်ဆေးတွေရရှိလာတဲ့အခါ ပြည်သူ တွေကို ဦးစားပေးအစီအစဉ်အလိုက် စ နစ်တကျ ထိုးနှံနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေပါတယ်။ ဝန်ကြီးဌာနအ နေနဲ့ မြန်မာနိုင်ငံ Covid-19 ကာကွယ် ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေး စီမံ ခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee-CNCC) နဲ့ မြန်မာနိုင်ငံ Covid-19 ကာ ကွယ်ဆေးလုပ်ငန်းအဖွဲ့(COVAX National Technical Working Group-CTWG) တို့ကို အောက်တို ဘာလအတွင်း ဖွဲ့စည်းခဲ့ပြီး အမျိုးသား အဆင့်ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင် ရာ နည်းပညာအကြံပေးအဖွဲ့Nati-onal Immunization Technical Advisory Group-NITAG) ကို ထပ်မံတိုးချဲ့ဖွဲ့စည်းပြီး လုပ်ငန်းတွေ တစ် ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပါ တယ်။

ကာကွယ်ဆေးရရှိနိုင်အောင် အဓိက ထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေက ဘာတွေရှိပါသလဲ။
မြန်မာနိုင်ငံအနေနဲ့ အရည်အသွေး ပြည့်ဝတဲ့ ကာကွယ်ဆေးတွေ ကျယ် ကျယ် ပြန့်ပြန့်ထိုးနှံနိုင်ရေးအတွက် ရန်ပုံ ငွေတွေ အဓိကထောက်ပံ့ပေးနေတဲ့ Gavi, The Vaccine Alliance အဖွဲ့ အနေနဲ့ Covid Facility ကတစ်ဆင့် မိမိတို့နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း အတွက် Covid-19 ကာကွယ်ဆေးကို အထူးသက်သာတဲ့နှုန်းထား (ဒါမှမဟုတ်) အခမဲ့ ရရှိနိုင်ရေး ဆောင်ရွက်ပေးမှာဖြစ် ပါတယ်။ မြန်မာနိုင်ငံအတွက် Covid-19 ကာကွယ်ဆေးတွေ ရရှိနိုင်ရေးအ တွက် Gavi ,The Vaccine Alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နဲ့ အ ချိန်နဲ့တစ်ပြေးညီ ဆွေးနွေးညှိနှိုင်းလျက် ရှိပါတယ်။

ကာကွယ်ဆေးရရှိရေး ဆောင်ရွက်ရာမှာ ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါသလဲ။
ပြည်သူတွေအနေနဲ့ သတိပြုအ လေးထားရမှာက ကမ္ဘာ့နိုင်ငံအားလုံးက Covid-19 ကာကွယ်ဆေးကို လိုအပ် နေတာကြောင့် အပြိုင်အဆိုင်ဝယ်ယူဖို့ ကြိုးစားနေကြပါတယ်။ မြန်မာနိုင်ငံအနေ နဲ့လည်း နိုင်ငံတစ်ဝန်းလုံး Covid-19 ကာကွယ်ဆေးထိုးနှံခြင်းလွှမ်းခြုံမှုဟာ ကာကွယ်ဆေးရရှိတဲ့ပမာဏအပေါ် မူတည်ပြီးဆောင်ရွက်ရမှာဖြစ်တာ ကြောင့် လူထုအတွင်း ရောဂါခုခံကာ ကွယ်နိုင်မှုပမာဏ အင်အားကို အချိန်တို အတွင်း ရရှိနိုင်ဖို့က ခက်ခဲပါတယ်။ ဒါ ကြောင့် ပြည်သူလူထုအနေနဲ့ ရောဂါ ကာကွယ်ရေးနဲ့ထိန်းချုပ်ရေးစည်းကမ်း တွေကို လပေါင်းများစွာ မဖြစ်မနေ ဆက်လက်ပြီးလုပ်ဆောင်ရမှာ ဖြစ်သလို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက် စေလို ပါတယ်။ Covid-19 ကာကွယ်ဆေး တွေကို ပိုမိုရရှိထိုးနှံနိုင်ဖို့ နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi ,The Vaccine Alliance ကထောက်ပံ့ငွေနဲ့ ကမ္ဘာ့ ဘဏ်ချေးငွေတွေကို အသုံးပြုပြီး ဝယ် ယူမှာဖြစ်ပါတယ်။ ပုဂ္ဂလိက ဆေးရုံတွေ နဲ့ ဆေးခန်းတွေမှာ Covid-19 ကာ ကွယ်ဆေးတွေ ထိုးနှံနိုင်ရေးအတွက်ကို လည်း စနစ်တကျ လမ်းညွှန်ချက်တွေ အမြန်ဆုံးချမှတ်ပြီး ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ခွင့်ပြုတဲ့အခါမှာ လည်း အာနိသင်မပြည့်ဝတဲ့ ကာကွယ် ဆေးတွေ မဖြစ်စေရေးအတွက် ကျန်းမာ ရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနတွေအပါအဝင် နှီးနွှယ်ဌာန ဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူး ပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထိုးနှံအသုံးပြုဖို့ Covid-19 ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အသိအမှတ်ပြုတဲ့ (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံရဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း(FDA) တွေက တရား ဝင်အသိအမှတ်ပြုထားတဲ့ (သို့မဟုတ်) သက်ဆိုင်ရာ ကာကွယ် ဆေးထုတ်လုပ်တဲ့နိုင်ငံတွေက အရေး ပေါ်သုံးစွဲခွင့် (Emergency use authorization) ရရှိထားတဲ့ ကာကွယ် ဆေးတွေကိုသာ အသုံးပြုခွင့်ပေးမှာဖြစ် ပြီး အခြားသော အရည်အသွေးနဲ့အာနိ သင် အာမခံချက်မရှိသော ကာကွယ် ဆေးတွေကို လုံးဝအသုံးပြုခွင့်ပေးမှာ မဟုတ်ပါ။

အရည်အသွေးပြည့်ဝတဲ့ ကာကွယ်ဆေး ကို ဘယ်လိုရွေးချယ်မလဲ။
ဝန်ကြီးဌာနအနေနဲ့ Covid-19 ကာကွယ်ဆေးကိုရွေးချယ်ရာမှာ ကာ ကွယ်ဆေးထိုးနှံပြီးနောက်ဆက်တွဲဖြစ် ရပ်တွေ၊ အနည်းဆုံးဖြစ်စေဖို့၊ သယ်ယူပို့ ဆောင်ရာမှာ မိမိတို့နိုင်ငံအခြေအနေနဲ့ ကိုက်ညီခြင်းတွေ၊ ဓာတ်ခွဲခန်းနဲ့သုတေ သနလေ့လာစမ်းသပ်ရာတွင် စွမ်းရည် ထက်မြက်ရုံမက လက်တွေ့ပြင်ပမှာ လည်း စွမ်းရည်ထက်မြက်မှုတွေ၊ ထိုးနှံရ မယ့်အကြိမ်အရေအတွက်၊ ရောဂါကာ ကွယ်နိုင်စွမ်းရှိတဲ့အတိုင်းအတာ စတဲ့အ ချက်တွေနဲ့တိုက်ဆိုင်သုံးသပ်ကာ အမျိုး သားအဆင့်ကာကွယ်ဆေးထိုးလုပ်ငန်း ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ရဲ့ အ ကြံပြုချက်တွေနဲ့အညီ Coronavirus Disease 2019 (Covid-19 ) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုတင်ပြကာ ကာကွယ် ဆေးတွေကို ရွေးချယ်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့နိုင်ငံတွေနဲ့ ကုမ္ပဏီအများအပြားက လက်တွေ့စမ်း သပ်သုတေသနပြုမှု ပြုလုပ်လျက်ရှိတဲ့ Covid-19 ကာကွယ်ဆေးတွေအနက် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု လမ်းစတွေတွေ့ရှိနေတဲ့ ကာကွယ်ဆေး အချို့ဟာ အလွန်အမင်းအေးတဲ့အအေး လမ်းကြောင်း သိုလှောင်မှု(အနုတ် ၇၀ ဒီဂ ရီစင်တီဂရိတ်) နဲ့ ထားရှိရမှာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ အဲဒီကာကွယ်ဆေးကို ဝယ်ယူမယ်ဆိုရင် အလွန်အမင်းအေးတဲ့ အအေးလမ်းကြောင်းသိုလှောင်မှုစနစ်ကို ရရှိနိုင်ရေးအတွက် လိုအပ်တာတွေ ကို ဝယ်ယူနိုင်ရေးအတွက် စီစဉ်ဆွေး နွေးနေပါတယ်။ ဝန်ကြီးဌာနရဲ့ တိုးချဲ့ ကာကွယ်ဆေးထိုးစီမံချက်က လက်ရှိ အသုံးပြုနေတဲ့ အအေးလမ်းကြောင်း စနစ်နဲ့ ကိုက်ညီတဲ့ ကမ္ဘာမှာသုတေသန ပြုတာ အတိုင်းအတာတစ်ခုအထိ အောင် မြင်မှုလမ်းစတွေ တွေ့ရှိနေတဲ့ Covid-19 ကာကွယ်ဆေးအမျိုးအစားတွေ လည်း ရှိနေပါတယ်။ ကာကွယ်ဆေး ထိုးနှံမှုနဲ့ပတ်သက်ပြီး တိုးချဲ့ကာကွယ် ဆေးထိုးစီမံချက်ဟာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပါတယ်။

ကာကွယ်ဆေးရရှိတဲ့အခါ ဦးစားပေး ထိုးနှံဖို့ ဘယ်လိုအစီအစဉ်တွေ ရှိပါ သလဲ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနအနေနဲ့ Covid-19 ကာကွယ်ဆေး စတင်ရရှိလာတဲ့အခါ လူနာတွေကိုကိုင် တွယ် ကုသပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေလို ရောဂါကူးစက်နိုင်ခြေများ ပြားသူတွေ၊ အသက်ကြီးပြီး ရောဂါအခံရှိ သူတွေ၊ နေရာဒေသအလိုက် ရောဂါကူး စက်ပျံ့နှံ့မှုအခြေအနေအပါအဝင် အ ခြေအနေအရပ်ရပ်ကို ဘက်စုံခြုံငုံစဉ်း စားပြီး ဦးစားပေးထိုးနှံမယ့် အုပ်စုတွေ သတ်မှတ်ထိုးနှံသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးအရေအတွက် ပိုမိုပြီး ရရှိ လာရင် အဆင့်ဆင့် တိုးချဲ့ထိုးနှံပေးသွား မှာဖြစ်ပါတယ်။Covid-19 ကာကွယ် ဆေးရရှိနိုင်ရေး အဆိုပြုလွှာ (appli-cation) ကို Gavi, The Vaccine Alliance ထံကို ယခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့အရောက် ပေးပို့နိုင်ရေးအ တွက် ပြင်ဆင်ထားပြီး အချိန်မီပို့ပေးမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ကာ ကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံ ပေးအဖွဲ့နဲ့ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်တွေအနေနဲ့ ကမ္ဘာ့ကျန်း မာရေးအဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့တွေနဲ့ အမြဲတမ်းဆက် သွယ်ချိတ်ဆက်ပြောဆိုနေရမှာဖြစ်ပါ တယ်။

ဒေါက်တာမြင့်ထွေး (ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

Post Author: Good Health Journal