DVT အကြောင်း သင်ဘယ်လောက်သိပါသလဲ

DVT ဆိုတာ Deep Vein Thrombosis ရဲ့ အတိုကောက်ဖြစ်ပြီး အတွင်းပိုင်း သွေးပြန်ကြောမှာ သွေးခဲ တာပဲဖြစ်ပါတယ်။ DVT နဲ့ပတ်သက်ပြီး ဘယ်လောက်သိလဲ လေ့လာကြည့်ကြရ အောင်။

၁။ လေယာဉ်အကြာကြီးစီးရင်DVT ရနိုင်လား။
(က) ရနိုင်တယ်
(ခ) မရနိုင်ဘူး

၂။DVTက ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ် အပိုင်းမှာ ဖြစ်လေ့ရှိပါသလဲ။
(က) ခြေထောက်
(ခ) တင်ပါး
(ဂ) လက်မောင်း

၃။ DVT ရှိမှန်းမသိဘဲ ရှိနေနိုင်လား။
(က) ရှိနိုင်တယ်
(ခ) မရှိနိုင်ဘူး

၎။ DVTက လေဖြန်းတာကို ဖြစ်စေနိုင် ပါတယ်။
(က) မှန်
(ခ) မှား

၅။ ခွဲစိတ်ကုသမှုခံယူအပြီး ဘယ်လောက် အကြာမှာDVT အဖြစ်နိုင်ဆုံးလဲ။
(က) နှစ်နာရီ
(ခ) နှစ်ရက်
(ဂ) နှစ်ပတ်

၆။ သွေးကြဲဆေးတွေက သွေးခဲတွေကို ပျောက်ကင်းစေတယ်။
(က) မှန်
(ခ) မှား

၇။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ် အလေးချိန်ရှိရင် DVT  ဖြစ်နိုင်ခြေ နည်းတယ်။
(က) မှန်
(ခ) မှား

၈။DVT  ဖြစ်နိုင်ခြေအများဆုံး လူတွေ က
(က) အသက်ကြီး အမျိုးသား
(ခ) အသက်ငယ် အမျိုးသား
(ဂ) အသက်ကြီး အမျိုးသမီး

ကဲ . . . အဖြေလေးတွေ ဖြေကြည့်ရအောင် ♥ ♥ ♥

၁။ (က) ရနိုင်တယ်
DVT ဆိုတာ ကြွက်သားအတွင်း ဘက်မှာရှိတဲ့ သွေးပြန်ကြောမှာ သွေးခဲ တာပဲဖြစ်ပါတယ်။ နေရာကျဉ်းကျဉ်း လေးမှာ လေးနာရီနဲ့အထက် အကြာကြီး ထိုင်ရင်ဖြစ်တတ်ပါတယ်။ ဒါကြောင့်လေယာဉ်အကြာကြီးစီးရမယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။ လေယာဉ်ကြာကြာစီးရ မယ်ဆိုရင် ရေများများသောက်ပါ။ ချောင် ချိတဲ့အ၀တ်အစားဝတ်ပါ။ မကြာခဏ ထပြီး လမ်းလျှောက်ပါ။ အကြောဆန့်ပါ။ သွေးခဲတာဖြစ်နိုင်ခြေများရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ခရီးမထွက်ခင် Aspirin ဆေး သောက်သင့်မသောက်သင့် တိုင် ပင်ပါ။

၂။ (က) ခြေထောက်
သွေးခဲတာတွေအများစုက ခြေသ လုံး ဒါမှမဟုတ် ပေါင်မှာ အဖြစ်များပါ တယ်။ ဒါပေမဲ့ လက်မောင်း၊ တင်ပဆုံနဲ့ တခြား သွေးပြန်ကြောကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ သွေးပြန်ကြောတွေ ထိခိုက်ပျက်စီးတာ၊ သွေးနဲ့ပတ်သက်ပြီး ပြဿနာရှိတာတို့ဆိုရင်လည်း ဖြစ်တတ် ပါတယ်။

၃။ (က) ရှိနိုင်တယ်
DVT ရောဂါရှိသူတွေရဲ့ တစ်ဝက် လောက်မှာ ရောဂါလက္ခဏာတွေ မတွေ့ ရတတ်ပါဘူး။ သင့်ခြေထောက်တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးရောင်ကိုင်းနေရင်၊ ခြေထောက်တစ်ဖက်နာကျင်နေရင် ဆ ရာဝန်နဲ့ပြပါ။ ခြေထောက်နှစ်ဖက် အရွယ် တူမတူ စစ်ဆေးကြည့်ပါ။ တစ်ဖက်က ကြီးနေရင် သွေးခဲတာကြောင့်ဖြစ်တတ်ပါ တယ်။ DVTရဲ့ တခြားလက္ခဏာရပ် ကတော့ ခြေထောက်မှာပူနွေးတာ၊ နီရဲ တာ ဒါမှမဟုတ် အရောင်ပြောင်းတာပါ။

၎။ (ခ) မှား
သွေးခဲတာ နှစ်မျိုးရှိပါတယ်။ သွေးပြန်ကြောထဲမှာဖြစ်တဲ့သွေးခဲရယ် သွေး လွှတ်ကြောတွေမှာဖြစ်တဲ့ သွေးခဲရယ်ဆို ပြီး နှစ်မျိုးရှိပါတယ်။ သွေးလွှတ်ကြောတွေ မှာဖြစ်တာက နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြန်းတာကိုဖြစ်စေနိုင်ပါတယ်။ သွေး ပြန်ကြောထဲသွေးခဲတာကတော့ မဖြစ် စေနိုင်ပေမယ့် သူတို့လည်း အန္တရာယ်ရှိ တာပါပဲ။ သွေးထဲလျှောက်သွားပြီး အ ဆုတ်ထဲကသွေးကြောကိုပါ ပိတ်စေနိုင် ပါတယ်။ အဲဒီလိုသာဆိုရင် အသက် အန္တရာယ်ရှိတာကြောင့် ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။

၅။ (ခ) နှစ်ရက်
ခြေထောက်ဒါမှမဟုတ် တင်ပါးခွဲ စိတ်ကုသမှုခံယူပြီးနောက်မှာ ဖြစ်လေ့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ခွဲစိတ် ကုသမှုက သွေးစီးဆင်းမှုနဲ့ သွေးခဲတွေ အပေါ် အကျိုးသက်ရောက်မှု ရှိစေတာ ကြောင့်ပါ။ ခွဲစိတ်အပြီး ၁၀ ရက် လောက် အထိDVT ဖြစ်နိုင်ခြေအများဆုံးပါ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ဆရာဝန်ကသင့်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ ပြောပြပါ လိမ့်မယ်။ ခွဲပြီးတဲ့အခါ လှုပ်ရှားလို့ရတာနဲ့ လှုပ်ရှားဖို့ ဆရာဝန်က ဩန်ကြားပါလိမ့် မယ်။ ဒါမှမဟုတ် သွေးစီးဆင်းမှုကောင်း တဲ့ဆေးတွေ ပေးချင်ပေးပါလိမ့်မယ်။ သွေးစီးဆင်းမှုကောင်းစေတဲ့ Compression Stockings တွေလည်း ပေး ကောင်းပေးပါလိမ့်မယ်။

၆။ (ခ) မှား
DVT ရှိရင်တော့ ဆရာဝန်တွေက သင့်ကို သွေးကြဲဆေးတွေ ပေးဖို့များပါ တယ်။ ဒီဆေးတွေက သွေးခဲတွေကို ပို မကြီးလာအောင်လုပ်ပေးပြီး ပိတ်မနေဘဲ ရွေ့လျားအောင်လည်းလုပ်ပေးပါတယ်။ သွေးမခဲအောင်လည်း ကာကွယ်ပေးပါ တယ်။ ဒါပေမဲ့ သွေးခဲတွေကိုတော့ မချေ ဖျက်မဖြိုခွဲပေးနိုင်ပါဘူး။ လူအများစုက သွေးကြဲဆေးတွေ၊ Compression stocking တွေနဲ့ သက်သာပျောက်ကင်း သွားလေ့ရှိပါတယ်။ အချိန်ကြာလာတာ နဲ့အမျှ သွေးခဲတွေပျော်ပြီး ပျောက်သွား တတ်ပါတယ်။

၇။ (က) မှန်
ကိုယ်အလေးချိန်လျှော့ဖို့ နောက် ထပ်အကြောင်းပြချက်တစ်ခုပေါ့။ အ၀ လွန်တာကလည်း DVT ဖြစ်နိုင်ခြေကို များစေပါတယ်။ DVT ဆိုတာ ဖြစ်မှကု တာထက် ကာကွယ်တာပိုကောင်းပါ တယ်။ ခုလက်ရှိမှာ လှုပ်လှုပ်ရှားရှားမနေ ရင် Gym တစ်ခုခုကိုသာ Join လိုက်ပါ။ ဒါမှသာ လေ့ကျင့်ခန်းလုပ်ဖြစ်မှာပါ။ ဆေးလိပ်သောက်တတ်သူဆိုရင်လည်း ဆေးလိပ်ဖြတ်ပါ။ အလုပ်မှာ ထိုင်ခုံကနေ ခဏခဏလမ်းထလျှောက်ပါ။ အိမ်မှာ ဆိုရင်လည်း ခုတင်ပေါ်မှာပဲ လှဲမနေပါ နဲ့။ လမ်းလျှောက်ပေးမှ ခြေထောက် ကြွက်သားကို အလုပ်ပေးသလိုဖြစ်မှာပါ။

၈။ (က) အသက်ကြီး အမျိုးသား
အသက် ၅၀ အထက် အမျိုးသား တွေမှာ ဖြစ်နိုင်ခြေအများဆုံးပါ။ အမျိုး သမီးတွေမှာလည်း ကိုယ်ဝန်ဆောင်တဲ့ အခါနဲ့ ပဋိသန္ဓေတားဆေးတွေ သုံးတဲ့ အခါမျိုးမှာ ဖြစ်နိုင်ခြေများပါတယ်။ ဆေး လိပ်သောက်တဲ့သူတွေမှာလည်းDTV ဖြစ်နိုင်ခြေပိုများပါတယ်။

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *