ကိုယ့်ဘဝကိုယ် နေပျော်အောင် ဘယ်လိုနေထိုင်ကြမလဲ

ဘဝက သာယာလှပပြီး နေပျော်စေ ဖို့ အောက်ပါဘဝနေနည်း ၂၁ နည်းကို လိုက်နာကျင့်သုံးသင့်ပါတယ်။

၁။
တစ်နေ့ကို ၁၀-၃၀ မိနစ် လမ်း လျှောက်ပါ။ လမ်းလျှောက်တဲ့အခါ သင့် မျက်နှာကို အလှဆုံးပြုံးထားပါ။

၂။
နေ့စဉ် ၁၀ မိနစ်လောက် တိတ် ဆိတ်ငြိမ်သက်စွာ ထိုင်ပါ။

၃။
မနက်ခင်း မိုးလင်းတဲ့အခါ ကိုး ကွယ်ရာ ဘာသာတရားကို သက်ဝင်ယုံ ကြည်စွာနဲ့ ဆောင်ရွက်ပါ။

၄။
လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်း သီးဟင်းရွက်တွေ ပိုစားပါ။

၅။
လက်ဖက်စိမ်းရည်သောက်ပါ။ ရေ များများသောက်ပါ။ ဘလူးဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဗာဒံစေ့တွေ စားပါ။

၆။
တစ်နေ့ကို အနည်းဆုံး လူသုံး ယောက်ကို ရယ်ပြပါ။

၇။
တစ်နေ့တာကို အတင်းအဖျင်းပြော တာ၊ အတိတ်အကြောင်းတွေ ပြန်ပြော နေတာ၊ မကောင်းမြင်စိတ်တွေ ဖြစ်နေ တာ၊ မကောင်းတဲ့အပြုအမူတွေ လုပ် ဆောင်နေတာတွေနဲ့ပဲ အချိန်ကုန် မခံပါနဲ့။

၈။
မနက်စာကို များများစားပါ၊ နေ့ လယ်စာကို ပုံမှန်စားပါ၊ ညစာကို လျှော့ စားပါ။

၉။
ဘဝက မမျှတဘူး၊ ဒါပေမဲ့ နေပျော် အောင်နေပါ။

၁၀။
ဘဝက တိုတောင်းလွန်းတာကြောင့် ဘယ်သူ့ကိုမှ အမုန်းမပွားပါနဲ့။ အရာအား လုံးက ခဏနဲ့ ဖြတ်ကျော်သွားမှာပါပဲ။

၁၁။
ဘယ်အရာမဆို အငြင်းပွားတာကို ရှောင်ပြီး သဘောတူတာ၊ မတူတာကို ညှိ ယူပါ။

၁၂။
ကိုယ့်ဘဝကို သူများဘဝတွေနဲ့ ဘယ် တော့ မနှိုင်းယှဉ်ပါနဲ့။ သူများတွေရဲ့ ကံ အကျိုးပေးနဲ့ ကိုယ်နဲ့ မတူနိုင်ပါဘူး။

၁၃။
ပျော်ရွှင်မှုဆိုတာ သူများပေးမှ ရ တာမျိုး မဟုတ်ပါဘူး။ ကိုယ့်ဘာသာရှာ ဖွေယူနိုင်ရပါမယ်။

၁၄။
သူများကို ဝေမျှပေးကမ်းနိုင်သူဖြစ် အောင် ကြိုးစားပါ။

၁၅။
အချိန်က အရာရာကို ကုစားသွားပါ လိမ့်မယ်။

၁၆။
ဘယ်လိုပြောင်းလဲမှုတွေပဲ တွေ့ ကြုံလာပါစေ ကောင်းတဲ့ပြောင်းလဲမှုလို့ မှတ်ယူပြီး မဆုတ်မနစ် ကြိုးပမ်းပါ။

၁၇။
နေထိုင်မကောင်းတဲ့အခါ သင့်အ လုပ်တွေက သင့်ကို ဂရုစိုက်နိုင်မှာ မဟုတ် ပါဘူး။ ဒါကြောင့် မကျန်းမမာဖြစ်လောက် အောင်အထိ အလုပ်ထဲ ဇောကပ်ပြီး မလုပ်သင့်ပါ။

၁၈။
မနာလိုစိတ်နဲ့ အချိန်ကုန်မခံပါနဲ့။ သင့်မှာလည်း သူလိုမျိုး အရည်အချင်း တွေ ရှိနေနိုင်ပါတယ်။

၁၉။
ညအိပ်ရာမဝင်ခင် ကိုးကွယ်ရာ ဘာ သာတရားကို ရိုသေစွာ လုပ်ဆောင်ပါ။

၂၀။
တစ်နေ့တာ ဖြစ်ပေါ်ခဲ့တဲ့ စိတ်ခံစား မှုမှာ ကောင်းတာ၊ ဆိုးတာတွေ ရှိခဲ့မှာပါ။ ဒါတွေကို ပြန်တွေးတောပြီး ဆင်ခြင်ပါ။

၂၁။
ပျော်ရွှင်စရာတွေကို ချစ်ခင်သူတွေ ဆီ ဝေမျှပေးပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal