နံနက်စာစားနည်း မှန်ကန်ရဲ့လား

မနက်စာ စားတာက နာတာရှည် ရောဂါဖြစ်နိုင်ခြေ၊ အ၀လွန်နိုင်ခြေ နည်း စေပြီး ကိုယ်အလေးချိန်ကို လျော့ကျစေ နိုင်တယ်ဆိုတာ လူအများ သိပြီးသား ဖြစ် ပါတယ်။
ဒါပေမဲ့ မနက်စာ စားရင်ပြီးရော ဘာစားစား ကျန်းမာရေးကောင်းကျိုးရ လဒ်တွေရလိမ့်မယ်လို့တော့ မဆိုထားပါ ဘူး။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စား မှသာ နံနက်စာစားခြင်းရဲ့ အကျိုးကျေး ဇူးတွေကို ရရှိခံစားရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားရမယ်၊ မညီညွတ်တာစားရင် ကျန်း မာရေးကောင်းကျိုး မရဘူး၊ ဒါဆို ဘာမှ မစားဘူးလို့လည်း လုပ်လို့ မရပါဘူး။ နာ တာရှည်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေး ချို စတဲ့ရောဂါတွေ ဖြစ်နိုင်ခြေမြင့်တက်လာပြီး ကျန်းမာရေးကို ထိခိုက်စေပါ တယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နံနက် စာတွေကတော့ –

♥ ကုန်ခြောက်ရောင်းဆိုင်၊ Convenient stores တွေက Smoothies ဖျော် ရည်တွေ ပါဝင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့မှာ ပါဝင်တဲ့ ကယ်လိုရီ တွေက
ဘာဂါတစ်လုံး၊ အာလူးချောင်း ကြော်တစ်ထုပ်ထက်ကို ပိုများပြီး ဆော်ဒါ အအေးမှာ ပါဝင်နေကျ သကြားပမာဏ အတိုင်းလည်း ပါဝင်ပါတယ်။
ဒါကြောင့် သင်ဟာ Smoothies ဖျော်ရည် ကြိုက် သူဆိုရင် သကြားမထည့်ဘဲ ဒိန်ချဉ်၊ အ သီးအနှံ၊ နွားနို့ စတဲ့ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့ Smoothies ဖျော်ရည်တွေ ကိုယ်တိုင် ဖျော်သင့်ပါတယ်။

♥ သစ်သီးဖျော်ရည်တိုင်းကတော့ ကျန်း မာရေးနဲ့ မညီညွတ်ပြန်ပါဘူး။ ဘာကြောင့် လဲဆိုတော့ အသီးအနှံမှာ နဂိုပါဝင်တဲ့ အမျှင်ဓာတ်က ဖျော်ရည်မှာ လျော့နည်း ပြီး
သကြားဓာတ်ပိုများပါတယ်။ အရည် ပုံစံဖြစ်တာကြောင့် သစ်သီးအတိုင်း စား တာထက် သွေးတွင်းသကြားဓာတ်ကို လည်း အလျင်အမြန် မြင့်တက်စေပါ တယ်။
ဒါကြောင့် နံနက်စာမှာ အသီးအနှံ ဓာတ်ရအောင် ဒီတိုင်းစားပေးပါ။

♥ ကယ်လိုရီများတဲ့ ကော်ဖီယမကာတွေ (mochas,macchiatos and frappuccions) ကိုလည်း မနက်စာမှာ ထည့် သွင်းမသောက်သင့်ပါဘူး။
သူတို့တစ် ခွက်မှာ သကြား ခုနစ်ဇွန်းကနေ ရှစ်ဇွန်း လောက်ထိပါဝင်တတ်ပြီး တစ်နေ့တာအ တွက် သတ်မှတ်သကြားပမာဏလောက် ဖြစ်နေပြီ ဖြစ်ပါတယ်။
သကြားဓာတ်များ တာကြောင့် အစာပိုစားချင်စိတ်ဖြစ်စေ ပြီး အချိုတွေပဲ ထပ်စားချင်စိတ် ဖြစ်ပါ လိမ့်မယ်။

♥ နောက်တစ်ချက်က နံနက်စာ နည်း နည်းစားတာနဲ့ များများစားတာ ဘယ်ဟာ က မကောင်းတဲ့အကျင့်လဲဆိုရင် နည်း နည်း စားတာ မကောင်းပါဘူးတဲ့။
သုတေ သနတစ်ခုမှာ နံနက်စာ ၇၀၀ ကယ်လိုရီ စားတဲ့အုပ်စုနဲ့ ၂၀၀ ကယ်လိုရီပဲ စားတဲ့ အုပ်စုကို လေ့လာကြည့်တဲ့အခါ နံနက် စာများများစားတဲ့အုပ်စုက ကိုယ်အလေး ချိန်
လျော့ကျစေပြီး သွေးတွင်းသကြား ဓာတ်ကို ပိုပြီးထိန်းချုပ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် နံနက်စာကို ရှင်ဘုရင်လိုစားပြီး ညစာကို သူဖုန်းစားလို စားပါဆိုတဲ့
ဆိုရိုးကို လိုက်နာသင့်ပါတယ်။

◘ ဂျူးငယ် (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *