နံနက်စာမစားဘဲ နေတာကြောင့် သင့်ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ

မနက်အိပ်ရာထ နောက်ကျတာ ကြောင့် မနက်စာလွတ်သွားတတ်ကြပါ တယ်။ တချို့ကလည်း မနက်စာ မစားတဲ့ အတွက် ခန္ဓာကိုယ်အတွင်း ကယ်လိုရီ ရရှိမှု နည်းသွားနိုင်တာကြောင့် ကိုယ်အ လေးချိန် ကျသွားမယ်လို့ထင်ပြီး မနက် စာကို ရှောင်လေ့ရှိကြပါတယ်။ ဒီအကျင့် က မှားယွင်းတဲ့အယူအဆပါ။ အစာမစား ဘဲ နေတာကြောင့် သင်ရဲ့ နေ့စဉ် လှုပ် ရှားမှုအတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေ မရရှိနိုင်တဲ့အပြင် အောက်ပါဆိုးကျိုးတွေပါ ရရှိနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် မတည်မငြိမ်ဖြစ်ခြင်း

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အတွက် သကြားဓာတ်က အလွန်အရေးပါပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ကောင်းမွန်စွာ အ လုပ်လုပ်ဖို့အတွက် သကြားက အဓိက လောင်စာပါ။ သကြားကို ကျွန်မတို့စားနေ တဲ့အစားအစာကနေ ရရှိပါတယ်။ စား လိုက်တဲ့အစားအစာတွေကို ခန္ဓာကိုယ်က သကြားနဲ့အဆီအဖြစ် ဖြိုခွဲပါတယ်။ အ စာမစားဘဲ နေတာကြောင့် ရုတ်တရက် သွေးတွင်းသကြားဓာတ် ကျဆင်းနိုင်ပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားလာ ပါတယ်။

ကယ်လိုရီကို လောင်ကျွမ်းမှုမပြုလုပ်နိုင် သည့်အပြင် ခန္ဓာ ကိုယ်တွင်း အဆီအဖြစ် စုဆောင်းလာခြင်း

ခန္ဓာကိုယ်က သူ အသက်ရှင်ဖို့အ တွက် လိုအပ်တဲ့အာဟာရတွေ မရရှိတဲ့ အခါမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အနေနဲ့ လိုအပ်ရင် စွမ်းအင်အဖြစ် အ သုံးပြုနိုင်ဖို့အတွက် ခန္ဓာကိုယ်အတွင်း အဆီတွေ စုဆောင်းမှုပြုလုပ်လာပါတယ်။ အစာမစားတဲ့အတွက် ကိုယ်တွင်းက ကယ်လိုရီတွေ လောင်ကျွမ်းမယ်လို့ သင် ထင်နေတာက မှားနေပါတယ်။ ကယ်လို ရီလောင်ကျွမ်းမယ့်အစား ကယ်လိုရီကို အဆီအဖြစ် ပိုမိုစုဆောင်းလာတာပါ။

ဦးနှောက်အပေါ် သက်ရောက်မှုရှိခြင်း

ခန္ဓာကိုယ်က တုံ့ပြန်ဖို့၊ အစာစား ချင်စိတ်ကို ထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့ ဓာတုပစ္စည်း ဒိုပါမင်းကို ဦးနှောက်ထုတ် လုပ်နိုင်ဖို့ လောင်ကျွမ်းစာ လိုအပ်ပါတယ်။ သင့်အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့မနက်စာကို စားသုံးမယ်ဆိုရင် သင်ရဲ့ ဒိုပါမင်းအဆင့်ဟာလည်း ကောင်းမွန်နိုင် ပါတယ်။ တစ်နေ့တာလုံး အချိုစားချင် စိတ်နဲ့ လွန်လွန်ကြူးကြူး စားချင်စိတ် တွေ မရှိတော့ပါဘူး။ ဒါပေမဲ့ အစာမစား ထားတာကြောင့် သင့်ခန္ဓာကိုယ်ကစွမ်း အင်ဂလူးကို့စ် လိုအပ်နေမယ်ဆိုရင် ခန္ဓာကိုယ်က အချိုတည်းချင်စိတ်တွေ၊ လွန်လွန်ကြူးကြူး စားချင်စိတ်တွေ ပေါ် ပေါက်လာမှာပါ။

စိတ်ဖိစီးမှု များနိုင်ခြင်း

မကြာခဏ အစာနပ်ရှောင်တာက ကိုယ်တွင်းက ဇီဝရုပ်ဖြစ်စဉ်ကို နှေးကွေး စေပါတယ်။ ဒီလိုဖြစ်တာကြောင့် စိတ်ဖိ စီးမှုဟော်မုန်းတွေ ထွက်လာပါတယ်။ သင့်အနေနဲ့ မနက်စာ၊ နေ့လယ်စာ ဒါမှ မဟုတ် ညနေစာကို များများရှောင်လေ လေ၊ သင့်ခန္ဓာကိုယ်အတွင်း ကော်တီ စောအဆင့်တွေမြင့်တက်လာပြီး စိတ် ဖိစီးမှုတွေ များလာလေလေပါ။ စိတ်ဖိစီးမှု များတာကြောင့် ဖျော်ရည်အေးအေး သောက်ချင်တာ၊ ရေခဲမုန့်စားချင်တာ၊ အ ရက်သောက်ချင်တာ၊ ဆေးလိပ်သောက် ချင်လာတာတွေ ဖြစ်ပေါ်လာနိုင်တဲ့အ တွက် ကျန်းမာရေးကို ဆိုးကျိုးရရှိစေနိုင် ပါတယ်။

ဝမ်းချုပ်ခြင်း

အစာကို လုံလုံလောက်လောက် မစားတာကြောင့် ၀မ်းချုပ်နိုင်ပါတယ်။ သင်ဟာ အစာတစ်နပ်ကို ပုံမှန်လျှော့စား နေရင် သင့်ခန္ဓာကိုယ်ရဲ့ အစာခြေစနစ် အတွက် လိုအပ်တဲ့ အမျှင်ဓာတ်တွေ လုံ လုံလောက်လောက် မရရှိနိုင်တာကြောင့် ၀မ်းချုပ်နိုင်ပါတယ်။

ရေအလေးချိန်သာ လျော့ကျသွားပြီး အဆီ လျော့ကျမှုမရှိခြင်း

ခန္ဓာကိုယ်အတွင်း အဆီတွေ လျော့ ကျဖို့အတွက် ကာယလှုပ်ရှားမှုတစ်မျိုး တည်းသာ စွမ်းဆောင်နိုင်ပါတယ်။ အစာ မစားဘဲ နေတာကြောင့် ခန္ဓာကိုယ်အ တွင်း ရေတွေသာ လျော့ကျသွားနိုင်ပါ တယ်။ အစာကို လိုအပ်နေတဲ့အချိန်မှာ အစာမစားတဲ့အတွက် ခန္ဓာကိုယ်အတွင်း အဆီစုဆောင်းမှုတွေသာ ဖြစ်ပေါ်လာနိုင် ပါတယ်။

အရေပြားနှင့် ဆံသားထိခိုက်နိုင်ခြင်း

ကျွန်မတို့ရဲ့ အရေပြားနဲ့ ဆံသား တွေ တောက်ပလင်းလက်နေဖို့အတွက် အာဟာရဓာတ်တွေလိုအပ်ပါတယ်။ အာဟာရချို့တဲ့တာကြောင့် အရေပြား ခြောက်သွေ့ပြီး ညစ်ထပ်ထပ်ဖြစ်နိုင်သ လို ဆံသားကလည်း ကျိုးလွယ်၊ ကျွတ် လွယ်ပါတယ်။
အစားအစာဟာ ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ အစာ နပ်ရှောင်တာက ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ် ငန်းတွေကို တိုက်ရိုက်စိန်ခေါ်နေသလို ဖြစ်နေပါတယ်။ သင် ကိုယ်အလေးချိန်ကျ ဆင်းလိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာကို ပုံမှန်အတိုင်း စားသုံးပေးရပါ မယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *