နာနတ်သီးက အသားအရေနဲ့ ဆံသားအလှအပအတွက် ဘယ်လိုအကျိုးရှိလဲ

နာနတ်သီးရဲ့ ချိုချဉ်မြမြအရသာ ကို အများစုနှစ်သက်ကြပါတယ်။ အ ရောင်အဆင်းကလည်း ၀ါဝါ၀င်းဝင်းနဲ့မို့ ဆွဲဆောင်မှုရှိပြီး စားချင့်စဖွယ်ပါ။ နာ နတ်သီးတွေ လှိုင်လှိုင်ပေါ်နေတဲ့ အခု လိုအချိန်မှာ အလှအပအတွက် အကျိုး ရှိရှိအသုံးချကြရအောင် . . .

ဝက်ခြံတွေကို ကုသနိုင်တယ်
ဝက်ခြံကို ကုသဖို့အတွက် နာနတ် သီးကိုစားသုံးတာဖြစ်စေ၊ အရေပြားပေါ် တိုက်ရိုက်လိမ်းတာဖြစ်စေပြုလုပ်နိုင်ပါ တယ်။ နာနတ်သီးထဲမှာပါဝင်တဲ့ ဘရိုမီ လင်အင်ဇိုင်းက ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး ဗီတာမင် C က အနာကျက်မြန်စေပါတယ်။

အရေပြားနုပျိုကျန်းမာစေတယ်
နာနတ်သီးက အရေပြားကို တင်း ရင်းစေတဲ့ ကိုလာဂျင်ထုတ်လုပ်မှုကို အားကောင်းစေပါတယ်။ ကိုလာဂျင် ထုတ်လုပ်မှုကောင်းတာကြောင့် အရေ ပြားကျုံ့ဆန့်နိုင်စွမ်းအား ကောင်းမွန် စေပါတယ်။ အမိုင်နိုအက်စစ်နဲ့ ဗီတာ မင်တွေပါဝင်လို့ အရေပြားကိုအားဖြည့် ပေးပါတယ်။ ဆဲလ်သေတွေကိုဖယ်ရှား ပေးပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အား ပေးပါတယ်။ နာနတ်သီးကို စိတ်ပြီး အရည်ညှစ်ပါ။ ရလာတဲ့အရည်ကို မျက်ကွင်းတစ်ဝိုက်ရှောင်ပြီး မျက်နှာ ပေါ်လိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးမှ ကြက်သီးနွေးရေနဲ့ သန့်စင်ဆေးကြောပါ။

ကြေးချွတ်သန့်စင်စေတယ်
လတ်ဆတ်တဲ့ နာနတ်သီးကနေ အရည်ညှစ်ယူပြီး အရေပြားပေါ်လိမ်းကာ ညင်သာစွာ ပွတ်ပေးပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှုကိုကောင်း မွန်စေလို့ အရေပြားနုပျိုလှပစေပါတယ်။

ခြေဖ၀ါးကွဲအက်တာကို ပျောက်ကင်း စေတယ်
နာနတ်သီးကို သဘာဝကြေးချွတ် သန့်စင်မှုပြုလုပ်ဖို့အတွက် အသုံးပြုနိုင်ပါ တယ်။ နာနတ်သီးက အရေပြားကွဲအက် ပြီး ကွာကျတာတွေကို ဖယ်ရှားပေးပြီး အ သားအရေနူးညံ့ချောမွေ့လှပစေပါတယ်။ ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး ခြေဖ၀ါးကွဲအက်တာကို သက်သာစေပါ တယ်။

လက်သည်း၊ ခြေသည်းများကို နူးညံ့ လှပပြီး သန်မာစေတယ်
ခန္ဓာကိုယ်မှာ ဗီတာမင် A ချို့တဲ့ပါ က လက်သည်း၊ ခြေသည်းတွေ ခြောက် ပြီး ကွဲအက်နိုင်ပါတယ်။ ဗီတာမင်B ချို့ တဲ့တာကလည်း လက်သည်း၊ ခြေသည်း တွေ ခြောက်သွေ့ပြီး ကွဲအက်စေပါတယ်။ နာနတ်သီးစားသုံးတာ၊ လက်သည်း၊ ခြေ သည်းတွေပေါ် လိမ်းပေးတာတွေက ပိုး ၀င်တာကို ဖယ်ရှားနိုင်ပြီး လက်သည်း၊ ခြေသည်းတွေကို ပိုမိုသန်မာစေပါတယ်။

အရေပြားကို ရေဓာတ်ဖြည့်ပေးတယ်
ခြောက်သွေ့နေတဲ့အရေပြားက ဆွဲ ဆောင်မှုမရှိဘဲ မွဲခြောက်ခြောက်နဲ့ ကြည့် ရ ဆိုးစေပါတယ်။ နာနတ်သီးကို အရေ ပြား ရေဓာတ်ပြည့်ဝနေဖို့အတွက် အသုံး ပြုနိုင်ပါတယ်။ နာနတ်သီးကို အခွံနွှာပြီး ထမင်းစားဇွန်းသုံးဇွန်းစာယူပြီး ကြိတ် ခြေထားပါ။ ကြက်ဥတစ်လုံးနဲ့ နို့အနည်း ငယ်ရောထည့်ကာ ခြောက်သွေ့တဲ့အရေ ပြားပေါ် လိမ်းပေးပါ။ အချိန်အနည်းငယ် ထားပြီးနောက် ကြက်သီးနွေးရေနဲ့ သန့် စင်ပေးပါ။

နှုတ်ခမ်းခြောက်တာသက်သာစေတယ်
နာနတ်သီးကို အုန်းဆီအနည်းငယ် နဲ့ ရောပြီး နှုတ်ခမ်းခြောက်တာအတွက် အသုံးပြုနိုင်ပါတယ်။ နှုတ်ခမ်းကို ရေ ဓာတ်နဲ့ အာဟာရဓာတ်တွေ ဖြည့်ပေးတာ ကြောင့် နှုတ်ခမ်းခြောက်တာ အလျင်အ မြန် သက်သာသွားပြီး နှုတ်ခမ်းသား နူး ညံ့စေပါတယ်။

ဆံပင်ကျွတ်တာ သက်သာစေတယ်
နာနတ်သီးထဲမှာပါဝင်တဲ့ ဗီတာမင် C က ဆံပင်မကျွတ်အောင် ကူညီပေးနိုင် ပါတယ်။ နာနတ်သီးထဲမှာအင်တီအောက် ဆီးဒင့်တွေများစွာပါဝင်လို့ ဓာတ်တိုးမှု ကြောင့်ဖြစ်တဲ့ ပြောင်းလဲမှုတွေကို ပြန် လည်ပြုပြင်ပေးနိုင်ပါတယ်။ နာနတ် သီးထဲမှာ ရေပျော်ဗီတာမင်ဓာတ်တွေ ကြွယ်ဝတာကြောင့် ဆံပင်ကျွတ်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဆံပင်ကျဲပါးတာမဖြစ်အောင် ကာ ကွယ်ပေးတယ်
နာနတ်သီးထဲမှာပါဝင်တဲ့ ဘရိုမီ လင်အင်ဇိုင်းက ဓာတ်တိုးဆန့်ကျင် အာနိသင်နဲ့ ရောင်ရမ်းမှုတွေကို လျော့ နည်းစေတဲ့ အာနိသင်တွေရှိပါတယ်။ နာနတ်သီးကို နေ့စဉ် စားသုံးပေးက ဦး ရေပြားကို ပိုးဝင်ရောက်မှုမှ တားဆီး ပေးလို့ ဆံပင်ကျွတ်ပြီး ကျဲပါးတာမဖြစ် အောင် ကာကွယ်နိုင်ပါတယ်။

ဆံပင်ထူစေတယ်
နာနတ်သီးကိုအရည်ညှစ်ပြီး ဦး ရေပြားပေါ်လိမ်းပေးပါ။ ၁၅ မိနစ်ထား ပြီးမှရေနဲ့သန့်စင်ပြီး လျှော်နေကျခေါင်း လျှော်ရည်နဲ့လျှော်ပါ။ နာနတ်သီးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းက ဦးရေပြားကို အား ဖြည့်ပေးလို့ ဆံပင်သန်၊ ဆံပင်ပေါက် တာကို အားပေးပါတယ်။

ဆံပင်အဖျားနှစ်ခွမဖြစ်အောင် ကာ ကွယ်ပေးတယ်
နာနတ်သီးက ဆံသားရဲ့ ဆွဲဆန့် နိုင်စွမ်းကိုမြင့်မားစေလို့ ဆံပင်ပြတ်ပြီး အဖျားနှစ်ခွမဖြစ်အောင် ကာကွယ်နိုင် ပါတယ်။ နာနတ်သီးကိုကြိတ်ပြီးအရည် ညှစ်ယူပါ။ ဦးရေပြား အနှံ့လိမ်းပြီး တ ဘက်တစ်ထည်နဲ့ ပေါင်းထားပါ။ ပြီးမှ ရေနဲ့သန့်စင်ကာ လျှော်နေကျ ခေါင်း လျှော်ရည်နဲ့လျှော်ပါ။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *