နားအကြားအာရုံကောင်းမွန်စေနိုင်သည့် အစားအစာများ

လူတိုင်းလူတိုင်းက ကြွက်သားတည်ဆောက်မှုကောင်းစေတဲ့၊ အမြင်အာရုံကြည် လင်စေတဲ့၊ ဆံသားသန်မာတောက်ပြောင်စေတဲ့၊ အရေပြားချောမွေ့လှပစေတဲ့ အစား အစာအကြောင်းတွေကိုတော့ ကြားသိဖူးကြပြီဖြစ်ပါလိမ့်မယ်။ နားအကြားအာရုံကောင်း မွန်စေတဲ့ အစားအစာရှိတယ်ဆိုတာကို သိကြပါရဲ့လား။ ဆူညံသံတွေကို နေ့စဉ် ကြုံ တွေ့နေရတာတွေကြောင့် အသက်ကြီးလာတာနဲ့အမျှ နားအကြားအာရုံချို့ယွင်းလာပါ တယ်။ သင်နေ့စဉ် စားသောက်တဲ့အစားအစာတွေထဲမှာ အကြားအာရုံတိုးတက်ကောင်း မွန်စေတဲ့အစားအစာတွေ အမှန်တကယ်ရှိတယ်ဆိုတာကို အောက်မှာ ဖော်ပြပေးလိုက် ပါတယ်။

ငှက်ပျောသီး
ငှက်ပျောသီးဟာ သွေးတိုးရောဂါရှိသူတွေအတွက် အလွန်သင့်တော်တဲ့ အသီး အနှံပါ။ ငှက်ပျောသီးဟာ သွေးပေါင်ချိန်ကိုသာ ထိန်းချုပ်နိုင်ရုံမကပါဘူး။ နားထဲက အရည်အပါအ၀င် ခန္ဓာကိုယ်ရဲ့ အရည်တွေ ညီညွတ်မျှတမှုရှိဖို့အတွက်လည်း အလွန် အသုံးဝင်ပါတယ်။ နားအကြားအာရုံကောင်းမွန်စေချင်ရင် ငှက်ပျောသီးကို ပုံမှန်စား သုံးပေးပါ။

ကန်စွန်းဥ
ကန်စွန်းဥကို စားတာကြောင့် ခန္ဓာကိုယ်အတွင်း ပိုတက်စီယမ်ဓာတ်ပမာဏ အလုံအလောက်ရရှိသွားနိုင်ပါတယ်။ သင် စားတဲ့အစားအစာထဲမှာ ပိုတက်စီယမ် ပါဝင်အောင် စားသုံးတာက နားအကြားအာရုံကောင်းမွန်စေနိုင်ပါတယ်။

ဒိန်ချဉ်၊ သခွားမသီး၊ ကြက်သား၊ တူနာတွေမှာလည်း ပိုတက်စီယမ်များစွာ ပါဝင်ပါတယ်။

အစိမ်းရောင်ပန်းဂေါ်ဖီ
ဘရိုကိုလီခေါ်တဲ့ အစိမ်းရောင်ပန်းဂေါ်ဖီမှာ နားအတွက် အလွန်အသုံးဝင်တဲ့ ဖောလိတ်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဖောလိတ်ကို ဘီတာမင် ဘီ ၉ လို့လည်း သိရှိကြပြီး သူက အထူးသဖြင့် နားထဲမှာ တ၀ီဝီအသံပေးတာလိုမျိုး နားလေထွက်တာ တွေအတွက် အထူးအကူအညီရရှိပါတယ်။

အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ
နားလေထွက်တာကို သက်သာစေနိုင်တဲ့ ဖောလိတ်ဓာတ်ဟာ ဟင်းနုနယ်၊ ကိုက်လန်၊ ကညွတ်၊ ကန်စွန်းရွက်လိုမျိုး အစိမ်းရင့်ရောင်းဟင်းရွက်တွေမှာလည်း ပါဝင်ပါ တယ်။ ဖောလိတ်ကို ပဲတချို့(အထူးသဖြင့် ပဲနီလေးနဲ့ ဆင်ခေါင်းပဲ)တို့မှလည်း ရရှိ နိုင်ပါတယ်။

ပဲအမျိုးမျိုးနှင့် အခွံမာသီး
နားအတွက် အထူးကောင်းမွန်တဲ့ တခြားအာဟာရဓာတ်တစ်မျိုးကတော့ မဂ္ဂနီဆီယမ်ပဲဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ ကျယ်လောင်သံကြောင့် နားအကြားအာရုံဆုံး ရှုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပဲအမျိုးမျိုး၊ အခွံမာသီးတွေမှာ မဂ္ဂနီဆီယမ်တွေ များစွာ ပါဝင်ပါတယ်။ ဒါပေမဲ့ ဆားနဲ့လှော်ထားတဲ့ ပဲတွေ၊ အခွံမာသီးတွေကို တော့ မစားသုံးသင့်ပါဘူး။ ဆားပါဝင်မှုများတဲ့ အစားအစာတွေက နားအကြားအာရုံကို ဆိုးရွားစေနိုင်ပါတယ်။

ကောက်နှံတစ်ခုလုံးပါဝင်စာ
အညိုရောင်ဆန်၊ အညိုရောင်ပေါင်မုန့်၊ အုတ်စပါးလိုမျိုး ကောက်နှံတစ်ခုလုံး ပါဝင်စာတွေမှာ သွပ်ဓာတ်ပါဝင်ပါတယ်။ သွပ်ဓာတ်ဟာ ခုခံအားစနစ်ကို မြှင့်တင်ပေး နိုင်ပါတယ်။ ခုခံအားစနစ်မြင့်တက်နေတာကြောင့် နားအကြားအာရုံကို ဆုံးရှုံးစေတဲ့ နားအတွင်းရောဂါပိုး ၀င်ရောက်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ပင်လယ်စာ
နားထဲ ရောဂါပိုးမ၀င်အောင် ကာကွယ်ပေးနိုင်တဲ့ သွပ်ဓာတ်ကို ပင်လယ်စာမှ လည်း ရရှိနိုင်ပါတယ်။ ပုစွန်ထုပ်၊ ကဏန်း၊ ကနုကမာ၊ ခုံးကောင်တွေမှာ သွပ်ဓာတ်များ စွာ ပါဝင်ပါတယ်။ သွပ်ဓာတ်ဟာ ၀က်သား၊ ကြက်သား၊ မှို၊ ပဲအမျိုးမျိုးနဲ့ အညိုရင့် ရောင် ချောကလက်မှာလည်း ပါဝင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *