နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ရန် ပြုလုပ်သင့်သော နေ့စဉ် အမူအကျင့်များ

သင်ခေါင်းကိုက်နေတာအတွက် အကိုက်အခဲပျောက်ဆေးသောက်ဖို့ စဉ်း စားနေပါသလား။ ဒါမှမဟုတ် ဇက်ကြော တက်တာအတွက် လိမ်းဆေးအသုံးပြုနေ ပြီလား။ ဒီအကိုက်အခဲပျောက်ဆေး၊ လိမ်းဆေးတွေဟာ နာကျင်မှုဝေဒနာကို သက်သာနိုင်ပေမဲ့ သူတို့ကို စွဲပြီးသောက် မိရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင် ပါတယ်။ လိမ်းဆေးကလည်း အနံ့မခံ နိုင်တာ၊ အ၀တ်အထည်ကို စွန်းတာတွေ ဖြစ်နိုင်တဲ့အတွက် အောက်ဖော်ပြပါအမူ အကျင့်တွေကို ပြောင်းလဲနိုင်ရင် သင့် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့အကိုက်အခဲ ဝေဒနာအားလုံး သက်သာသွားနိုင်ပါတယ်။

ခေါင်းကိုက်တတ်လျှင်

♦ ကွန်ပျူတာ စခရင်မ်ကို အကြာကြီး စိုက်ကြည့်တာကနေ ရှောင်ကြဉ်ပါ

ကွန်ပျူတာ စခရင်မ်ကို စိုက်ကြည့် တာက မျက်စိကို ပင်ပန်းမှုရစေပြီး ခေါင်း ကိုက်နိုင်ပါတယ်။ ကွန်ပျူတာအသုံးပြု သူတိုင်း ၂၀း၂၀း၂၀ ဥပဒေကို လိုက်နာ ရပါမယ်။ ဆိုလိုတာက ကြည့်ချိန် မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေးမှာ ရှိတဲ့ ပစ္စည်းတစ်ခုခုကို ၂၀ စက္ကန့်ခန့် ကြည့်ရှုရမှာဖြစ်ပါတယ်။

♦ နေပူထဲ မထွက်ပါနဲ့

နေပူထဲ အကြာကြီးထွက်တဲ့အခါမှာ အပူကြောင့် ဦးနှောက်အတွင်းက သွေး ကြောတွေ ကျယ်ပြန့်လာပြီး အရေပြား ပေါ်က အပူချိန်တွေ မြင့်တက်လာကာ တဆစ်ဆစ်ထိုးပြီး ခေါင်းကိုက်နိုင်ပါ တယ်။ နေပူထဲ ထွက်ချိန်ကို လျှော့ပါ။ နေပူထဲ ထွက်တဲ့အခါမှာလည်း ထီး၊ ဦး ထုပ်လိုမျိုး အကာအကွယ်ဆောင်းသွား ပါ။

♦ ရေနွေးနဲ့ ရေချိုးပါ

ရေနွေးနဲ့ ရေချိုးတာက ခန္ဓာကိုယ် ကို Relax ရရှိစေနိုင်တဲ့အတွက် ဦးခေါင်းအပါအ၀င် တစ်ကိုယ်လုံးက တင်းမာမှုတွေ လျော့ကျသွားနိုင်တာ ကြောင့် ခေါင်းကိုက်ဝေဒနာလည်း သက် သာသွားနိုင်ပါတယ်။

♦ ဆေးလိပ်၊ အရက် မသောက်ပါနဲ့

ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်း တွေက သွေးကြောတွေကို လှုံ့ဆော်မှု ပေးနိုင်တဲ့အတွက် ဦးနှောက်အတွင်းက သွေးကြောတွေရဲ့ အရွယ်အစား အပြောင်းအလဲဖြစ်သွားတာကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ အရက်ကလည်း ဦးနှောက်အတွင်းက သွေးကြောတွေကို ရောင်ရမ်းမှုဖြစ်စေတာကြောင့် ခေါင်း ကိုက်နိုင်ပါတယ်။

♦ ကဖင်းသောက်တဲ့ပမာဏကို လျှော့ ချပါ

ကော်ဖီတစ်ခွက်လောက်သောက် တာက ခေါင်းကိုက်တဲ့ဝေဒနာကို သက် သာနိုင်ပေမဲ့ ကော်ဖီကို တစ်နေ့ သုံးလေး ခွက်လောက်သောက်တာဟာ ကော်ဖီ စွဲ သွားတဲ့အကျင့်ဖြစ်စေနိုင်ပါတယ်။ ကော် ဖီစွဲနေသူတစ်ယောက်က ကော်ဖီဖြတ် လိုက်ရင် ခေါင်းကိုက်တာလိုမျိုး ဝေဒနာ တွေ ဖြစ်ပေါ်တတ်ပါတယ်။

♦ ရေများများသောက်ပါ

ခေါင်းကိုက်တဲ့အကြောင်းရင်းက ရေဓာတ်ခန်းခြောက်တာကြောင့် ဖြစ်တဲ့ အတွက် ခန္ဓာကိုယ်အတွင်း ရေဓာတ် ချို့ တဲ့မှုမရှိအောင် ရေများများသောက်ပေး ရပါမယ်။

ဇက်ကြောတက်တတ်လျှင်

♦ လေ့ကျင့်ခန်းလုပ်ပါ

လည်ပင်းကုတ်သားမှာ ရှိတဲ့ ကြွက်သားတွေကို လေ့ကျင့်ခန်းပြုလုပ် ပေးတာက ကြွက်သားတွေ သန်မာစေနိုင် တဲ့အတွက် ဇက်နဲ့ ပခုံးပေါ်က ဖိအား သက်ရောက်မှုတွေ လျော့ကျသွားနိုင်ပါ တယ်။ ဇက်နဲ့ပခုံးကြွက်သားတွေ တင်း အားများတာကြောင့် ဇက်ကြောတက်ရ တာ ဖြစ်ပါတယ်။

♦ ထိုင်တဲ့အနေအထား မှန်ကန်ပါစေ

သင်ဟာ ခါးကုန်းပြီး ထိုင်တတ်သူ ဖြစ်ရင် ဇက်ကြောတက်မှာ မလွဲပါဘူး။ ဒါကြောင့် ထိုင်ခုံမှာ ခါးမတ်မတ်ထားပြီး ထိုင်ရပါမယ်။ သင့်ကွန်ပျူတာနဲ့ သင့်ခါး ကို အထောက်အပံ့ပေးနိုင်တဲ့ ထိုင်ခုံ ကသာ ဇက်ကြောနာကျင်မှုဝေဒနာကို သက်သာစေမှာပါ။

♦ ယောဂကျင့်စဉ်ပြုလုပ်ပါ

ယောဂကျင့်စဉ်က စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ရုံမက ခါးနောက်ကျော ကြွက်သားနဲ့ လည်ကုပ်ကြွက်သားတွေ ကိုပါ သန်မာစေနိုင်ပါတယ်။

♦ အိပ်စက်မှုအနေအထားပြောင်းလဲ ပါ

အိပ်စက်တဲ့အနေအထား မမှန်ကန် တာကြောင့် ဇက်ကြောတက်နိုင်ပါတယ်။ ပက်လက် ဒါမှမဟုတ် တစ်ဖက်စောင်း အိပ်ပါ။ သင့်လည်ကုပ်အထောက်အပံ့ ရဖို့အတွက် ခါးအောက်နဲ့ ဒူးခေါင်း အောက်နေရာမှာ ခေါင်းအုံးသေးသေး လေး ခံအိပ်ပါ။

ခါးနာတတ်လျှင်

♦ မတ်မတ်ထိုင်ပါ

ရှေ့ကုန်းပြီး ထိုင်တာ ဒါမှမဟုတ် အနောက်ကိုလှန်ပြီး ထိုင်တာတွေက ခါးရိုးမပေါ်မှာ ဖိအားသက်ရောက်မှုပိုမို များလာပြီး ခါးနာနိုင်ပါတယ်။

♦ Cobra Pose

ခါးနာသူတွေအတွက် အလွန်ထိ ရောက်မှုရှိတဲ့ ယောဂကျင့်စဉ်ပါ။ ပခုံး ကြွက်သားတွေ ဆွဲဆန့်မှုဖြစ်စေတဲ့အပြင် ခါးရိုးကြွက်သားတွေကို သန်မာစေတဲ့ အတွက် ခါးနောက်ကျောနာကျင်မှုဝေဒ နာတွေ သက်သာသွားနိုင်ပါတယ်။

♦ ခါးနောက်အောက်ပိုင်းကြွက်သား တွေကို ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်ပါ

ကြွက်သားတွေ သန်မာလာနိုင်ပြီး ခါးနာသက်သာနိုင်ပါတယ်။ ပက်လက် အိပ်ပြီး ခြေထောက်နှစ်ချောင်းကို အတင် အချပြုလုပ်ပေးတာကလည်း ပေါင်ကြွက် သားတွေကို ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ် ပေးရာရောက်ပြီး ခါးနာသက်သာနိုင်ပါ တယ်။

♦ ရေကူးပါ

ရေကူးတာက ခါးနောက်ကျော ကြွက်သားနဲ့ ၀မ်းဗိုက်ကြွက်သားတွေကို သန်မာစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု လည်း လျော့နည်းသွားနိုင်တဲ့အတွက် ခါး နာတတ်သူတွေ ပြုလုပ်သင့်တဲ့ လေ့ကျင့် ခန်းပါ။

ခြေထောက်နာတတ်လျှင်

 

 

 

 

 

 

♦ ဖိနပ်ပြောင်းစီးပါ

ဒေါက်မြင့်ဖိနပ်စီးသူတွေအနေနဲ့ သင့်ခြေထောက်ကို သက်သောင့်သက် သာဖြစ်စေနိုင်တဲ့ ဖိနပ်မျိုး ပြောင်းစီးပါ။ မိမိခြေထောက်နဲ့ မတော်တဲ့ ဖိနပ်ကို ရွေး ချယ်မိတာက ခြေထောက်ပေါ်မှာ ဖိအား သက်ရောက်မှုရှိနိုင်တဲ့အတွက် ခြေ ထောက်နာကျင်နိုင်ပါတယ်။

♦ ဘောလုံးလှိမ့်ပါ

တင်းနစ်ဘောလုံးတစ်လုံးကို ယူပြီး သူ့ပေါ်မှာ ခြေဖ၀ါးတစ်ဖက်တင်ပါ။ ပြီး ရင် သင့်ခြေဖ၀ါးအတိုင်း ဘောလုံးကို သုံးမိနစ်ခန့် လှိမ့်ပေးပါ။ တခြားတစ်ဖက် ကို ပြောင်းလုပ်ပါ။

♦ ခြေထောက်ကြွက်သားတွေကို နှိပ် နယ်ပါ

ထိုင်ခုံတစ်ခုမှာ ထိုင်ပါ။ ညာဘက် ခြေထောက်ကို ဘယ်ဘက်ဒူးခေါင်းပေါ် တင်ပြီး သင့်လက်တွေကို ခြေချောင်း ကြားထဲ ချိတ်ပြီး ၁၀ စက္ကန့်စီခန့် ဆုပ် ညှစ်ပေးပါ။ ခြေဖ၀ါးတစ်လျှောက်လုံး ကိုလည်း နှိပ်နယ်ပေးပါ။
အထက်ပါအပြုအမူတွေဟာ သင့် အတွက် ပြုလုပ်ရာမှာလည်း လွယ်ကူနိုင် ပြီး ဆေးဝါးအသုံးပြုစရာမလိုအပ်တော့ ပါဘူး။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *