ရာသီစက်ဝန်းနှင့် ၀က်ခြံ

လူတွေရဲ့ စိတ်ခံစားမှုတွေအပေါ် ဟော်မုန်းတွေက သက်ရောက်မှု ပေးနိုင် ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ရာသီ စက်ဝန်းကြောင့် ဟော်မုန်းအပြောင်းအ လဲ ဖြစ်တဲ့အခါ စိတ်ခံစားမှုတွေလည်း အတက်အကျ မြန်တတ်ပါတယ်။ ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက ရာသီစက် ၀န်းနီးလာရင်၊ ရာသီစက်ဝန်းရောက် လာရင် အမျိုးသမီးတွေက အစားပိုစား ဖြစ်တတ်ကြပါတယ်။ နောက်ပြီး ၀က်ခြံ ထွက်တာတို့၊ စိတ်တို၊ စိတ်ဆတ်တာ၊ ၀မ်းနည်းလွယ်တာတွေလည်း ဖြစ်ပါ တယ်။
ဒီတစ်ပတ်မှာတော့ အမျိုးသမီးတွေ တစ်လတစ်ကြိမ် ကြုံတွေ့ရတဲ့ ရာသီစက် ၀န်းကြောင့် ၀က်ခြံထွက်တာ (Period acne) သက်သာစေမယ့် နည်းလမ်းတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်နှာသန့်စင်အောင်ထားပါ
အရင်ဆုံး သင့်ရာသီစက်ဝန်းရဲ့ လာမယ့်ရက်ကို သိရပါမယ်။ မလာခင် တစ်ပတ်အလိုမှာဆိုရင် ပရိုဂျက်စတီရုန်း ဟော်မုန်း မြင့်တက်လာပြီး အရေပြား အဆီထုတ်လုပ်မှု မြင့်စေတဲ့ ဆီဘမ်ကို ပို ထုတ်ပါတယ်။ သူက ချွေးပေါက်တွေ ပိတ်စေတတ်ပြီး ၀က်ခြံထွက်လာစေပါ တယ်။ ဒါကြောင့် ရာသီမလာခင် တစ် ပတ်မှာကတည်းက မျက်နှာကို ပုံမှန် သေချာသန့်စင်ပါ။ ဆယ်လီဆိုက်လစ် အက်စစ်ပါတဲ့ တိုနာ၊ မျက်နှာသစ်ဆေး အသုံးပြုပါ။

(၂) ချွေးပေါက်မပိတ်စေတဲ့ မိတ်ကပ် လိမ်းပါ
မိတ်ကပ်လိမ်းတဲ့အခါမှာလည်း non-comedogenic လို့ ခေါ်တဲ့ ချွေး ပေါက်တွေ မပိတ်စေတဲ့ မိတ်ကပ်၊ အဆီ မပါတဲ့မိတ်ကပ်ကို ရွေးလိမ်းပါ။ မိတ်ကပ် လိမ်းတဲ့ ဘရပ်ရှ်တွေကို နှစ်ပတ်တစ်ခါ သန့်စင်ပြီး ဖော့တုံးတွေကို မိတ်ကပ် တစ်ခါလိမ်းပြီးတိုင်း သန့်စင်ပါ။

(၃) ဖုန်းမျက်နှာပြင်နဲ့ မျက်နှာမထိပါနဲ့

သင်ရဲ့ လက်ကိုင်ဖုန်းမျက်နှာပြင် မှာ germs တွေ၊ ဘက်တီးရီးယားတွေ အများကြီးရှိပါတယ်။ ဖုန်းပြောတဲ့အခါ ဖုန်းမျက်နှာပြင်က ပါးနဲ့ မေးရိုးတစ် လျှောက်မှာ ပိုးတွေရောက်သွားစေပြီး ၀က်ခြံဖြစ်စေပါတယ်။

(၄) ဟင်းသီးဟင်းရွက်များများစားပါ
ဒါက ၀က်ခြံတွေ ပျောက်ကင်းစေ နိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါ တယ်။ ဟင်းသီးဟင်းရွက်တွေမှာ ပါတဲ့ အာဟာရဓာတ်တွေက ဟော်မုန်းတွေကို ထိန်းညှိပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေလည်း များစွာပါဝင်ပါတယ်။ သင့် ကျန်းမာရေးအတွက်ရော၊ အရေပြား ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေ ပါတယ်။

(၅) မျက်နှာကို လက်နဲ့ မထိပါနဲ့
တချို့အမျိုးသမီးတွေမှာ မျက်နှာကို လက်နဲ့ ခဏခဏ ပွတ်သပ်တတ်တဲ့ အ ကျင့်ရှိပါတယ်။ ဒါဟာ တကယ်တော့ လက်က ဘက်တီးရီးယား၊ ဖုန်မှုန့်တွေကို မျက်နှာပေါ် သတိမထားမိဘဲ ရောက် သွားစေပါတယ်။

(၆) လေ့ကျင့်ခန်းလုပ်ပြီးရေချိုးပါ

ကိုယ်လက်လှုပ်ရှား အားကစား လုပ် ပြီးတဲ့အခါ ချွေးတွေထွက်လာစေတာ ကြောင့် အရေပြားမှာ ချွေးတွေနဲ့ ဖုန်တွေ ရောပြီး ၀က်ခြံထွက်စေတတ်လို့ ရေပြန် ချိုးရပါမယ်။ ကျောကုန်းနဲ့ ရင်ဘတ်တစ် ၀ိုက်မှာ ၀က်ခြံထွက်လာတာက ချွေးနဲ့ ဖုန်တွေရောပြီး ချွေးပေါက်ပိတ်သွားလို့ ဖြစ်တာပါ။

(၇) စိတ်ဖိစီးမှုလျှော့ပါ

စိတ်ဖိစီးမှုများတာကလည်း ၀က်ခြံ ထွက်စေတတ်တာကြောင့် တတ်နိုင်သ လောက် စိတ်ဖိစီးမှုနည်းအောင် နေထိုင် ပါ။ တရားထိုင်တာ၊ စာဖတ်တာ၊ သက် သောင့်သက်သာ အနားယူတာတွေ လုပ် နိုင်ပါတယ်။

◘ ဂျူးငယ် (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *