နှာခေါင်းခွဲစိတ်ပြုပြင်တာ အန္တရာယ်ကင်းရဲ့လား

ဘယ်သူတွေက နှာခေါင်းခွဲစိတ်မှုတွေ ပြုလုပ်တာများပါသလဲ ဆရာ။
ကျွန်တော်တို့ဆီမှာက နှာခေါင်းကို ထိခိုက်ဒဏ်ရာရသွားတဲ့သူ၊ နှာခေါင်းအရိုး အက်သွားတဲ့သူ၊ ကျိုးသွားတဲ့သူ၊ နှာခေါင်း နံရံတွေ အက်သွားတဲ့သူ၊ ကောက်သွားတဲ့ သူတွေပဲ လုပ်ကြတာများပါတယ်။ ဒီလို လူတွေကတော့ ဒဏ်ရာရလို့ ခွဲတာပါ။ အခုနောက်ပိုင်းတော့ မလှလို့ခွဲတာ ခေတ်စားလာတယ်။

နှာခေါင်းလှပဖို့ ခွဲစိတ်မှုတွေ ခုနောက်ပိုင်း မှ ပိုများလာရတဲ့အကြောင်းက ဘာ ကြောင့်ပါလဲ ဆရာ။
ဒါက ကိုရီးယားကားတွေရဲ့ လွှမ်းမိုး မှုတွေလည်း ပါပါတယ်။ မင်းသား၊ မင်း သမီးတွေက လှပဖို့အတွက် နှာခေါင်းခွဲ စိတ်တာများပါတယ်။ ကျွန်တော်တို့ အိမ် နီးနားချင်းနိုင်ငံတွေ ကြည့်လိုက်ရင် လည်း နှာခေါင်းအလှပြင် ခွဲစိတ်ထားတဲ့ သူတွေရှိပါတယ်။ ကိုရီးယားမှာ နှာခေါင်း ခွဲစိတ်မှုတွေ အတော်လေး ခေတ်စားပါတယ်။ အခုနောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ လည်း ဟိုမင်းသမီးက နှာခေါင်းပြင်ထား တယ်၊ ဒီမင်းသမီးက နှာခေါင်းပြင်ထား တယ်ဆိုတာမျိုးတွေ တွေ့လာရပါပြီ။

ထိခိုက်ဒဏ်ရာရတာကြောင့် မဟုတ်ဘဲ အလှအပအတွက် နှာခေါင်းပြုပြင်တာမျိုး ကို လုပ်သင့်ပါသလား ဆရာ။
နှာခေါင်းပြင်တာနဲ့ပတ်သက်ပြီး လုပ်သင့်သလား မလုပ်သင့်ဘူးလားဆိုတာ ကတော့ စဉ်းစားစရာ အများကြီးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ နှာခေါင်း ပြင်တာဟာ သေချာနားလည်တတ်ကျွမ်း သူနဲ့ပဲ ခွဲစိတ်မှုတွေပြုလုပ်စေချင်ပါတယ်။

နှာခေါင်းပြုပြင်တာကို ဘယ်လိုလူတွေအ နေနဲ့ မဖြစ်မနေ လုပ်သင့်ပါသလဲ ဆရာ။
ဘယ်လိုလူမျိုးတွေ ပြင်ဖို့လိုသလဲ ဆိုရင် အသက်ရှူလို့မ၀အောင် နှာခေါင်း ပိတ်တဲ့သူတွေမှာ နှာခေါင်းရဲ့ ဘယ်နားမှာ ပိတ်လဲဆိုတာ ကြည့်တယ်၊ နှာခေါင်းထဲက အရိုးနုက ပိတ်တာလား၊ နှာခေါင်းတွင်း ပုံမှန်အတိုင်းရှိနေတဲ့ အသားတွေက ကြီး လာပြီးပိတ်တာလား။ အဲဒါတွေရှိရင်တော့ မဖြစ်မနေ ခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်။

နှာခေါင်းလှပမှုအတွက် ခွဲစိတ်ပြုပြင်မှု တွေ အများဆုံးပြုလုပ်ဖြစ်ကြတဲ့အ ကြောင်းက ဘာပါလဲဆရာ။
နှာခေါင်းမပိတ်ဘဲ၊ ရောဂါမရှိဘဲနဲ့ ဆိုရင်တော့ အလှအပအတွက် ခွဲစိတ်ကြ တာပါ။ ကျွန်တော်တို့က အာရှတိုက်သား တွေဆိုတော့ နှာခေါင်းနည်းနည်း လန် ကြတယ်၊ နှာခေါင်းနည်းနည်း တိုကြတယ်၊ နှာခေါင်းအလယ်က နည်းနည်းချိုင့်ကြ တယ်၊ နှာခေါင်းနည်းနည်း ယိုင်ချင်လည်း ယိုင်မယ်။ နှာခေါင်းပွရင်လည်း ပွမယ်။ အဓိက ဒီမှာပြင်တဲ့ အကြောင်းရင်းက တော့ အဲဒါလေးတွေပါပဲ။ အနောက်နိုင်ငံ တွေမှာကတော့ နှာခေါင်းပြင်ကြတဲ့အ ကြောင်းက အဓိက သူတို့ရဲ့ နှာခေါင်းက ရှည်လွန်းအားကြီးလို့ပါပဲ။ နှာခေါင်းကောက် တာတွေ၊ နှာခေါင်းမောက်တာတွေ၊ နှာတံ မောက်တာတွေ၊ နှာခေါင်း ချွန်လွန်းအားကြီး တာတွေကြောင့်ပါ။ ဒါတွေက အများစု အဖြစ်များတာကို ပြောတာပါ။ တချို့တွေ ကျတော့လည်း နှာခေါင်းပုံကျအောင် မြှင့်တင်တာတွေ ရှိပါတယ်။

နှာခေါင်းပြုပြင်မယ်ဆိုသူတွေအတွက် အန္တရာယ် ရှိ၊ မရှိကိုလည်း ရှင်းပြပေးပါ ဆရာ။
နှာခေါင်းပြုပြင်မယ်ဆိုရင် အရေး ကြီးဆုံးက နားလည်တတ်ကျွမ်းတဲ့သူနဲ့ ပြင်ဖို့ပါပဲ။ ပြင်တဲ့နေရာမှာလည်း မျိုးစုံရှိ ပါတယ်။ ခုနကလို နှာခေါင်း၊ နှာတံမစင်း ဘဲနဲ့ ချိုင့်နေတယ်ဆိုရင် နှာတံစင်းပြီး တော့ ဖြောင့်သွားအောင် ပြင်ကြတယ်။ တချို့ဆရာဝန်အများစုက ပစ္စည်းအတု ထည့်ပေးကြတယ်။ ကျွန်တော်တို့ ကြုံခဲ့ တဲ့ အနောက်နိုင်ငံမှာရှိတဲ့ ခွဲစိတ်ဆရာဝန် အတော်များများက ပစ္စည်းတုထည့်တာ အားမပေးကြပါဘူး။ ခန္ဓာကိုယ်ထဲကရ တဲ့ ပစ္စည်းထည့်တာကိုပဲ အားပေးပါတယ်။ ဥပမာ နှာခေါင်းထဲမှာရှိတဲ့ အရိုးနုလေး၊ နားရွက်က အရိုးနုလေး၊ ဒါမှမဟုတ် နံရိုး က အရိုးနုကိုယူပြီးပြင်တာ စတာတွေကို အားပေးပါတယ်။ ခွဲစိတ်ပေးပါတယ်။ ပြင်ပ ပစ္စည်းထည့်တာကို အားမပေးပါဘူး။
ပထမအချက်က မကျွမ်းကျင်တဲ့သူ နဲ့ သွားပြင်လိုက်ရင် ဘာနဲ့သုံးသုံး၊ ပြင်ပ က နှာခေါင်းထဲကို ထည့်လို့ရတဲ့ပစ္စည်းတွေ ပဲသုံးသုံး၊ ခန္ဓာကိုယ်ကရတဲ့ သဘာဝ ပစ္စည်းပဲ သုံးသုံး၊ မကျွမ်းကျင်မှုကြောင့် နဂိုရှိတဲ့အလှလေးပါ ပျက်သွားပါလိမ့် မယ်။ နောက်တစ်ချက်က ပြင်ပပစ္စည်းသုံး မယ်ဆိုရင်လည်း တစ်ခါပြန်စဉ်းစားဖို့ လိုပါတယ်။

ပြင်ပကပစ္စည်းထည့်တာကို ဘာကြောင့် အားမပေးတာပါလဲ ဆရာ။
ပြင်ပပစ္စည်းထည့်တာက ဘာဖြစ် တတ်လဲဆိုတော့ ခန္ဓာကိုယ်ထဲက ပြင်ပ ပစ္စည်းကို လက်မခံဘဲ တွန်းထုတ်တဲ့စနစ် က အလုပ်လုပ်ပြီးတော့ တစ်နေ့မှာ အဲဒီ ပစ္စည်းက အပြင်ကို ပြန်ထွက်လာနိုင်ပါတယ်။ ရိုးရိုးပဲ ပြန်ထွက်သွားရင် အကြောင်းမဟုတ် ပေမယ့် တစ်ခါတလေကျတော့ ပိုးဝင် ပြီးမှ ပြန်ထွက်သွားရင် ကိုယ့်နှာခေါင်းက နဂိုကရှိတဲ့ ပုံစံထက် ပိုပျက်သွားတတ်ပါ တယ်။ အဲဒီတော့ နှာခေါင်းပြင်မယ်ဆိုရင် အဲဒါတွေ သတိထားဖို့လိုပါတယ်။

လှချင်လို့ နှာခေါင်းပြင်ပါတယ် ပိုဆိုးသွား တယ် ဆိုတာမျိုးပေါ့နော်။ နောက်ထပ် သတိထား ဆင်ခြင်သင့်တာတွေရှိရင် လည်း ပြောပြပေးပါ ဆရာ။
နှာခေါင်းပြင်တဲ့နည်းတွေက အများ ကြီးရှိပါတယ်။ အဓိကကတော့ ကျွမ်း ကျင်မှုပေါ်ပဲ မူတည်ပါတယ်။ နှာခေါင်းက လှသွားပေမယ့် မျက်နှာက မလှတာမျိုး တွေလည်း ရှိတတ်ပါတယ်။ တစ်ခါတလေ ကျတော့လည်း နှာခေါင်းတစ်ခုတည်းပြင် လိုက်ရုံနဲ့ မျက်နှာလှမသွားနိုင်ပါဘူး။ နဂို ရုပ်ရည်ရှိဖို့လည်း လိုပါသေးတယ်။ နောက် တစ်ခုက နှာခေါင်းပြင်တဲ့သူရဲ့ အရေပြား လည်း ကောင်းဖို့လိုပါတယ်။ အရေပြားက တချို့မိန်းကလေးတွေမှာ အရမ်းပါးပါတယ်။ အဲဒီလိုမိန်းကလေးတွေ နှာခေါင်းပြင်မယ် ဆိုရင် အရေပြားကပါးတော့ ပေါက်ပြီး ရောဂါပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ အရေပြားပါးလွန်းတဲ့အတွက် အရေပြား အောက်မှာထည့်ထားတဲ့ပစ္စည်းကို မြင်ရ တာမျိုးလည်း ဖြစ်တတ်ပါတယ်။ နှာခေါင်း ထဲမှာထည့်ထားတဲ့ အရိုးနုပဲဖြစ်ဖြစ်၊ အပြင် ကပစ္စည်းထည့်တာပဲဖြစ်ဖြစ် မြင်ရတတ် ပါတယ်။ အဲဒီလိုလူမျိုးတွေက မပြင်သင့် ပါဘူး။

နှာခေါင်းပြုပြင်တာကြောင့်ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ အကျိုးအပြစ်တွေရှိရင် လည်း ပြောပြပေးပါ ဆရာ။
နှာခေါင်းပြင်ရင်းနဲ့ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေလည်း ရှိပါတယ်။ နှာခေါင်း ပြင်ပြီးတဲ့နောက်မှာ အနာကျက်နှေးတဲ့သူ တွေ၊ နားဖောက်ပြီးတော့ အသားပိုထွက် တတ်သူတွေဆိုရင် နှာခေါင်းမပြင်သင့်ပါ ဘူး။ ပြင်မယ်ဆိုရင် ခွဲတဲ့နေရာမှာ အသား ပိုထွက်ပြီးတော့ နှာခေါင်းက ပိုရုပ်ဆိုးသွား တတ်ပါတယ်။ အဲဒီအချက်တွေကို သတိ ထားဖို့လိုပါတယ်။

နှာခေါင်းခွဲစိတ်တာကို ကျွမ်းကျင်သူနဲ့ မလုပ်တာကြောင့် နောက်ဆက်တွဲ ဘာ တွေဖြစ်လာနိုင်ပါသလဲ ဆရာ။
ကျွမ်းကျင်ရင် မထိခိုက်ပါဘူး။ မကျွမ်း ကျင်ရင်တော့ နှာခေါင်းထဲမှာ လေ၀င် ပေါက်ကျဉ်းသွားပြီးတော့ ခွဲပြီးနောက်ပိုင်း မှာမှ အသက်ရှူမ၀သလို ခံစားရတာ တွေ ဖြစ်တတ်ပါတယ်။ အရေးကြီးဆုံးက ခွဲစိတ်ပြုပြင်ပေးမယ့် ဆရာဝန်ရဲ့ ကျွမ်း ကျင်မှုပေါ် မူတည်ပါတယ်။
ခွဲစိတ်မှုအားလုံးရဲ့ သဘောသဘာဝ ကတော့ ဆီးချိုသွေးချိုတို့၊ သွေးတိုးတို့ မရှိရင် သိပ်ပြဿနာ မရှိပါဘူး။ ခုနကလို ပြင်ပပစ္စည်းထည့်မယ်ဆိုရင်တော့ တချို့ လူနာတွေက အဲဒီပစ္စည်းကို ဆရာဝန်တွေ ကို လာပြပြီး တိုင်ပင်တာမျိုး လုပ်တတ်ပါ တယ်။ ပြင်ပပစ္စည်းကို ခန္ဓာကိုယ် တုံ့ပြန် မှုများသွားလို့ ချက်ချင်း ပြန်ထွက်လာတာ မျိုးတွေလည်း ရှိတတ်ပါတယ်။ တချို့ တွေကျတော့ ကြာမှ ပြန်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါလေးတွေလည်း သတိထားဖို့ လိုပါတယ်။ ပြင်ပပစ္စည်းကို မသုံးဘဲ ခန္ဓာကိုယ်ထဲကပစ္စည်းကို အသုံး ပြုမယ်ဆိုရင်တော့ တစ်သက်လုံး ကောင်း သွားနိုင်ပါတယ်။

နှာခေါင်းလှပဖို့အတွက် ခွဲစိတ်ပြုပြင်တာ ကို လုပ်သင့်သလား၊ မသင့်ဘူးလားဆို တာနဲ့ ပတ်သက်ပြီး ဆရာရဲ့ အကြံဉာဏ် ကိုလည်း သိချင်ပါတယ် ဆရာ။
နှာခေါင်းခွဲစိတ်မှုတွေလုပ်သင့်လား မလုပ်သင့်လားဆိုတာကတော့ နှာခေါင်း ပိတ်တာနဲ့ တွဲတယ်ဆိုရင်တော့ လုပ်သင့် ပါတယ်။ လုပ်ကို လုပ်ရမှာပါပဲ။
နှာခေါင်းက အသက်ရှူလို့ မ၀ဘူး။ ပိတ်နေတယ်။ ဒါမှမဟုတ် ထိခိုက်ဒဏ် ရာရသွားလို့ ပုံပျက်ပန်းပျက်ဖြစ်နေတာ မျိုး၊ မွေးရာပါအရ နှာခေါင်းက အတော် လေးကို ပုံပျက် ပန်းပျက် ဖြစ်နေတာမျိုး၊ သိသိသာသာကြီး ကောက်နေတယ်၊ မောက်နေတယ်၊ ချိုင့်နေတယ်၊ နှာခေါင်း က သိသိသာသာ ပွနေတာမျိုးဆိုရင်တော့ လည်း ပြင်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ နဂိုချောပြီးသား ထပ်ချောအောင်ဆိုရင် တော့ ကာယကံရှင်ရဲ့ ဆန္ဒပေါ်ပဲ မူတည် ပါတယ်။ ဆရာ့အနေနဲ့ ပြောရရရင်တော့ နှစ်ခါလောက်တော့ ပြန်စဉ်းစားစေချင် ပါတယ်။

◘ ဒေါက်တာဝင်းထိုက်ကြည်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *