နှာခေါင်းစည်းတပ်ခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်းတို့ကြောင့် ကလေးများတွင် တုပ်ကွေးကူးစက်မှု ၉၉ ရာခိုင်နှုန်း လျှော့ချနိုင်

COVID-19 ကူးစက်မှုကိုထိန်း ချုပ်ဟန့်တားနိုင်စေရေးအတွက် နှာခေါင်းစည်းတပ်တာတွေ၊ လူစုလူဝေးရှောင်ကြဉ်တာတွေကို ကျယ်ကျယ်ပြန့် ပြန့်လိုက်နာလာခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်ကြား ဆောင်းရာသီကာလအတွင်း ကလေးတွေမှာ တုပ်ကွေးကူးစက်မှုကို ၉၉ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တယ်လို့  အမေရိကန် ကလေးအထူးကုအမျိုးသားညီလာခံက ဆိုပါတယ်။

လက်တွေကိုသန့်ရှင်းရေး မကြာခဏလုပ်တဲ့အလေ့အကျင့်လည်း ပိုလုပ်လာကြပြီး ကပ်ရောဂါစိုးရိမ်မှုကြောင့် သီးခြားနေထိုင်ခဲ့ကြတာတွေကလည်း တုပ်ကွေးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကိုပါ ထိရောက်စွာထိန်းချုပ်နိုင်စေခဲ့တယ်လို့ သုတေသီတွေကဆိုပါတယ်။ ကပ်ရောဂါမတိုင်မီက ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်ကြား တုပ်ကွေးရာသီဖြစ်တဲ့ ဖေဖော်ဝါရီလတုန်းက အေကရွန်ကလေး ဆေးရုံနဲ့ အနီးတစ်ဝိုက်က ကလေးတွေမှာ တုပ်ကွေးကူးစက်မှုတွေ ပိုများခဲ့တယ်လို့ အေကရွန်ကလေးဆေးရုံရဲ့ ကလေးအထူးကုဒေါက်တာအိုဆာမာအယ်လ်အက်ဆယ်က ဆိုပါတယ်။

(UPI, 14.10.2021) #TL
#GoodHealthJournal_850
#COVID_SPECIAL_ARTICLEs

Post Author: Good Health Journal