နှာစေး၊ ချောင်းဆိုးနေသူတွေ  ဝူဟန်အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေများလား

♦ ရာသီဥတုအပြောင်းအလဲကြောင့် နှာစေး၊ ချောင်းဆိုး ဖြစ်နေသူတွေအနေနဲ့ကော ကိုရို နာဗိုင်းရပ်စ်ဖြစ်ဖို့ လွယ်ကူပါသလား။
ရာသီဥတု အကူးအပြောင်းမှာတော့ နှာစေး၊ ချောင်းဆိုး၊ ဝမ်းကိုက်တာတွေ ဖြစ်နေကြပါတယ်။ ဒါကတော့ ဖြစ်ပျက် နေကျ ဗိုင်းရပ်စ်မျိုးစုံရှိပါတယ်။ တချို့ က လူကနေ လူကိုကူးတာ၊ လူကနေ တိရစ္ဆာန်ကိုကူးတာတွေဆိုပြီး ရောဂါပိုး အမျိုးမျိုးရှိပါတယ်။ တရုတ်နိုင်ငံ ဝူဟန် မှာဖြစ်ပေမယ့် မြန်မာနိုင်ငံကိုလည်း ရောက်နိုင်ပါတယ်။ ဒီမှာဆိုရင်ရောဂါ သံသယရှိတဲ့သူတွေကိုလည်း စုံစမ်း စစ်ဆေးနေတာတွေရှိပြီး ဒီနေ့အချိန် အထိတော့ ကူးစက်ခံရတဲ့သူ မရှိသေးပါ ဘူး။ ဒါပေမဲ့ ရောဂါပိုးဆိုတာက ကူးစက် ပြန့်ပွားနိုင်တာကြောင့် ဖြစ်လာနိုင်ခြေရှိ ပါတယ်။ ဘာလို့လဲဆိုရင် ဒီရောဂါဖြစ် တာက ဝူဟန်မှာတင်မကပဲ အိမ်နီးချင်း နိုင်ငံတွေမှာပါ ဖြစ်နေကြပါတယ်။ ဒါ ကြောင့် မြန်မာနိုင်ငံအနေနဲ့ကလည်း အထူးစောင့်ကြည့်ရမယ့် အချိန်တစ်ခု ဖြစ်ပါတယ်။

♦ ပြည်သူလူထုအနေနဲ့ ဘယ်လိုပြုမူနေထိုင် သင့်လဲ။
တရုတ်ပြည် ဝူဟန်ကနေလာတဲ့သူ တွေကို ပိုကြောက်ရပါတယ်။ အခုက တော့ လေကြောင်းလိုင်းတွေကို ပိတ် ထားတာကြောင့် စိုးရိမ်စရာတစ်ခု ကင်း သွားပါတယ်။ ဒါပေမဲ့လည်း တခြားနိုင်ငံ တွေမှာလည်း ဖြစ်နေတာတွေ ရှိတာ ကြောင့် ရောဂါက ပျံ့နှံ့နိုင်သေးလို့ ခရီး စဉ်တွေကို စောင့်ကြည့်ရမှာပါ။ ဒါတွေ အပြင် မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ ကလည်း တရုတ်နိုင်ငံကို သွားရောက်ပြီး အလုပ်လုပ်ကိုင်နေတာတွေ ရှိနေတာက တစ်ကြောင်း၊ ပြည်တွင်းကို ခရီးလာ ရောက်သူတွေနဲ့ ဆက်နွှယ်ပြီး ရောဂါရ နိုင်ခြေရှိပါတယ်။ ပြည်သူတွေအနေ နဲ့လည်း မိမိတို့အလုပ်ဌာနနဲ့ အနီးပတ် ဝန်းကျင်မှာရှိနေတဲ့ တရုတ်နိုင်ငံသား တွေမှာ ရောဂါဖြစ်နေသလား၊ မဖြစ်ဘူး လားဆိုတာကို သတိထားကြည့်ဖို့လည်း လိုအပ်ပါတယ်။

♦ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး သတင်း တွေအမျိုးမျိုးထွက်နေတဲ့အပေါ် ဆရာ့အနေ နဲ့ ဘာတွေပြောချင်ပါသလဲ။
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သ တင်းတွေအမျိုးမျိုး တက်လာတာကို တွေ့ရပါတယ်။ အဲဒီလို သတင်းတွေ တက်လာတဲ့အခါ ပြောချင်တာက လူ ထုအနေနဲ့ ဖေ့စ်ဘွတ်မှာ တက်လာတဲ့ သတင်းမှန်သမျှကို မယုံကြည်လိုက်ဖို့ ပါပဲ။ ဘာကြောင့်လဲဆိုရင် အခုက သတင်း ဝက်ဘ်ဆိုက်အတုတွေကလည်း Like တွေ၊ Share တွေ များချင်လို့ လူတွေကို အထိတ်တလန့်ဖြစ်စေဖို့ ဆောင်ရွက်ကြ ပါတယ်။ ဒါကြောင့် သတင်းတစ်ခုတက် လာရင် ဒီသတင်းက ဘယ်ကနေလာ တယ်ဆိုတာကို အရင်စုံစမ်း လေ့လာသင့် ပါတယ်။

♦ ပြည်သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ် သက်ပြီး အထိတ်တလန့်ဖြစ်နေတဲ့အပေါ်ကို ဆရာ့အနေနဲ့ ပညာပေးစကားလေး ပြောပေးပါဦး။
ပြည်သူတွေအနေနဲ့ ဒီရောဂါပိုးနဲ့ ပတ်သက်ပြီးတော့ အရမ်းကြီး အထိတ် တလန့်ဖြစ်တာ၊ စိုးရိမ်လွန်တာတွေ မဖြစ် ကြဖို့ ပြောချင်ပါတယ်။ ဖြစ်နိုင်တဲ့ရောဂါ အခြေအနေတွေကို ထိန်းသိမ်းပြီး ဆေးရုံ တက်ကုသရင် ပျောက်ကင်းနိုင်ခြေ ရှိပါ တယ်။ ရောဂါက တိုက်ရိုက်ပျောက်ကင်း နိုင်တဲ့ဆေး မရှိပေမယ့် ဆေးရုံမှာနေပြီး ဆရာဝန်တွေရဲ့အနီးကပ် ပြုစုလမ်းညွှန် တာတွေဖြစ်တဲ့ အသက်ရှူပိုပြီး ကောင်း မွန်အောင်လုပ်တာ၊ တခြားရောဂါပိုးတွေ မဝင်အောင်လုပ်တာ၊ ဆရာဝန်တွေက လမ်းညွှန်တဲ့အတိုင်း ဆောင်ရွက်ရင် ပြန် ကောင်းလာနိုင်ခြေရှိပါတယ်။ ဒါကြောင့် ဖျားတယ်ဆိုရင် ရိုးရိုးဖျားတာမျိုး မဟုတ် ဘဲ နှစ်ရက်၊ သုံးရက်ဆက်တိုက် အပူမ ကျတာမျိုးဖြစ်နေရင် ဆေးရုံ၊ ဆေးခန်း တွေကိုသွားပြီး ကုသမှုတွေ ခံယူသင့်ပါ တယ်။ နှာစေး၊ ချောင်းဆိုးတွေဖြစ်တာ မသက်သာရင် အချိန်ကြာကြာ အမြန်ဆုံး ဆေးကုသဖို့ တိုက်တွန်းချင်ပါတယ်။

♦ ဒီရောဂါပိုးက ဘယ်လိုလူတွေမှာ ပိုပြီးဖြစ်နိုင် ခြေများပါသလဲ။
ရောဂါပိုးတွေက ကိုယ်ခန္ဓာခုခံအား ကျဆင်းရင် ပိုပြီး ဝင်ရောက်နိုင်ပါတယ်။ ကိုယ်ခံအားကောင်းနေရင် ရောဂါပိုးဝင်ရောက်တာတွေကို ခုခံနိုင်တာတွေရှိ မယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ် တဲ့ အစားအသောက်တွေ များများစား မယ်။ ဒါတွေအပြင် ဖျားတယ်ဆိုရင် ရိုးရိုး ဖျားတာမျိုးမဟုတ်ဘဲ နှစ်ရက်သုံးရက် ဆက်တိုက် အပူမကျတာမျိုးဖြစ်နေရင် ဆေးရုံဆေးခန်းတွေကိုသွားပြီး ကုသမှု တွေ ခံယူသင့်တယ်။ နှာစေး၊ ချောင်းဆိုး တွေဖြစ်ရင်လည်း မသက်သာဘဲ အချိန် ကြာကြာဖြစ်နေရင် အမြန်ဆုံး ဆေးကုသ ဖို့ တိုက်တွန်းချင်ပါတယ်။

♦ ရာသီတုပ်ကွေးရောဂါ လက္ခဏာက ဘာတွေ လဲဆရာ။
ရာသီတုပ်ကွေး ရောဂါလက္ခဏာက အပူချိန် ၃၈ ဒီဂရီနဲ့အထက် အဖျားရှိတာ၊ နှာရည်ယို၊ နှာချေ၊ ချောင်းခြောက်ဆိုးတာ၊ လည်ချောင်းနာ၊ ခေါင်းကိုက်၊ ကိုယ်လက် ကိုက်ခဲ၊ နုံးခွေတာတွေ ဖြစ်ပါတယ်။ ပြင်း ထန်တဲ့လက္ခဏာတွေ ဖြစ်လာရင် အဖျား ကြီးလွန်းတာ၊ အသက်ရှူကျပ်တာ၊ ခက် ခဲတာ၊ သတိလစ်တာ၊ ဂနာမငြိမ်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုတွေ ဖြစ်လာ ရင် ပြည်သူလူထုအနေနဲ့ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေကို ပြသပြီး ကုသမှု ခံယူပါ။ အခုရက်ပိုင်း ရာသီဥတုက အရမ်း ပူတော့ အစစအရာရာကို ဂရုစိုက်သင့် တယ်။ နေပူထဲကိုသွားရင် ထီးယူသွား သင့်တယ်။ အပူကနေ အအေးကို ချက် ချင်းဝင်တာမျိုးကို မလုပ်သင့်ပါ။ ခုလို ရာသီဥတုအပြောင်းအလဲမှာ နှာစေး၊ ချောင်းဆိုး၊ အသံနာတာ၊ ဝမ်းလျှောတာ တွေ ဖြစ်တတ်တယ်။ ဒါကြောင့် ဒီလိုတွေ စဖြစ်တာနဲ့ ဆရာဝန်နဲ့ ပြသပြီးတော့ ဆေးသောက်တာပဲဖြစ်ဖြစ်၊ ဆေးထိုးရ မယ်ဆိုရင်လည်း ဆေးထိုးတာမျိုးဖြစ်ဖြစ် ကြိုတင်ဆောင်ရွက်ထားသင့်တယ်။ အစ က ကြိုတင်မလုပ်ထားဘဲ နေမကောင်းတဲ့ အချိန်ရောက်မှ ဆရာနဲ့ပြသရင် ပိုဆိုးရွား ပြီး အလုပ်တွေလည်း ပျက်မယ်၊ လူပင် ပန်းမယ် စတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် နှာစေး၊ ချောင်းဆိုး၊ နေမကောင်းတာတွေဖြစ်နေရင် တတ် နိုင်သလောက် လူစုလူဝေးရှိတဲ့နေရာတွေ ကို သွားလာတာမျိုးကို ရှောင်သင့်ပါ တယ်။ နေမကောင်းဘဲ အပြင်သွားရင် ပိုဆိုးရွားနိုင်လို့ အိမ်မှာ အနားယူသင့် ပါတယ်။

♦ ရာသီတုပ်ကွေးရောဂါ ကူးစက်လွယ်တဲ့သူတွေ ကို ပြောပြပေးပါဆရာ။
ရာသီတုပ်ကွေးရောဂါက ကိုယ်ဝန် ဆောင်မိခင်တွေ၊ အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ သက်ကြီးရွယ်အို၊ နာ တာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ ပန်းနာ ရင်ကျပ်၊ အဆုတ်ရောင်ရောဂါ၊ ကျောက် ကပ်ရောဂါ၊ အသည်းရောဂါ ဖြစ်နေသူ တွေ၊ ခုခံအားကျဆင်းသူတွေမှာ ပိုဖြစ် လွယ်ပြီး ရောဂါပိုပြင်းထန်နိုင်လို့ အ သက်ဆုံးရှုံးတာတွေပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မူလကရောဂါရှိသူတွေ၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေးကို အထူးအလေးထားသင့်ပါ တယ်။ ရာသီဥတု အကူးအပြောင်းဖြစ်နေ ချိန်မှာ ကလေးငယ်တွေကို အထူးဂရုစိုက် သင့်ပါတယ်။ အစားအသောက်မစားမီနဲ့ အိပ်ရာဝင်ခါနီးမှာ လက်ကိုစင်ကြယ် အောင် ဆေးကြောပေးပါ။

♥ ဒေါက်တာသန်းစိန် (ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ) – ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Post Author: Good Health Journal