”Ex” နဲ့ အဆက်အသွယ်လုပ်သင့်သလား

“Ex” ဆိုတာကတော့ ဒီနေ့ခေတ် အခေါ် အဝေါ်အရ ရည်းစားဟောင်းလို့ ပြောနိုင်ပါတယ်။ လူတိုင်းမှာ “Ex” မရှိ တတ်ကြပေမယ့် ဒီစကားလုံးရဲ့ အဓိ ပ္ပာယ်ကိုတော့ လူတိုင်းနားလည်ပြီးသား ဖြစ်ပါတယ်။ “Ex” ဖြစ်သွားတယ်ဆိုက တည်းကလည်း ဘာကြောင့် ဖြစ်တယ်ဆို တဲ့ အကြောင်းရင်းက သင်ကိုယ်တိုင် သိ ပြီး ဖြစ်ပါတယ်။ ဒီနေ့ခေတ်လူငယ်တွေ မှာမှ မဟုတ်ပါဘူး၊ ဟိုးအရင်ကတည်းက လူတွေမှာလည်း ရည်းစားဟောင်းနဲ့ အဆက်အသွယ် ပြန်လုပ်တာတွေ ရှိကြ ပါတယ်။ ဒီတစ်ပတ်မှာ ရေးပေးချင်တဲ့ အကြောင်းအရာကတော့ “Ex” နဲ့ အ ဆက်အသွယ် ပြန်လုပ်သင့်လား၊ ဘယ် အချိန်မှာ ပြန်လုပ်နိုင်တယ်၊ မလုပ်သင့် ဘူး၊ သင့်ဘက်က မဟုတ်ဘဲ သင်ရဲ့ ex က အဆက်အသွယ်လုပ်တဲ့အခါမျိုး မှာလည်း လက်ခံသင့်၊ မခံသင့် စတာ တွေကို ရေးပေးလိုက်ပါတယ်။
သုတေသနတစ်ခုက တွေ့ရှိထား တာကတော့ ရည်းစားဟောင်းနဲ့ သူငယ် ချင်းအဖြစ်နေတဲ့သူတွေမှာ သူငယ်ချင်း ကောင်းအရည်အသွေးတွေ မရရှိနိုင်ပါ ဘူးတဲ့။ Lower-quality friendship ပဲ ရနိုင်ကြတာဖြစ်ပါတယ်။ ဘာအကြောင်း ကြောင့် သူငယ်ချင်းအဖြစ်နေချင်တာလဲ ဆိုတာကိုတော့ ကာယကံရှင်တွေကပဲ အသိဆုံးဖြစ်မှာပါ။ “Ex” နဲ့ အဆက် အသွယ် ပြန်မလုပ်သင့်တဲ့ အချက်တွေ ကတော့ –

(၁) အထီးကျန်နေလို့
Relationship မှာ သတိရစရာတွေ အမှတ်ရစရာတွေကို လွမ်းဆွတ်တတ် တာက သဘာဝပါ။ ဒါပေမဲ့ အထီးကျန် လို့ဆိုပြီး ရေတို လတ်တလော စိတ်ခံစား ရတာ သက်သာအောင် သင့်ကိုယ်သင် Danger zone ထဲ ဆွဲမထည့်မိပါစေနဲ့။အထီးကျန်လို့ သင့် ex နဲ့ အဆက် အသွယ် ပြန်လုပ်တာဟာ သင့်ကိုယ်သင် Self-confidence မရှိရာလည်း ရောက် ပါတယ်။ အထီးကျန်နေရင် မိသားစုဝင် တွေ၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အချိန် ဖြုန်းတာ၊ ဝါသနာပါတာကိုလုပ်ပြီး အချိန် ဖြုန်းတာတွေ လုပ်ဆောင်ပါ။

(၂) “Ex” အတွက် စိတ်မကောင်းဖြစ်လို့
သင်က လမ်းခွဲဖို့ စပြီးဆုံးဖြတ်သူ ဖြစ်လို့ သူ့အတွက် စိတ်မကောင်းဖြစ်လို့ ဆိုပြီးလည်း အဆက်အသွယ် မလုပ်ပါနဲ့။ ဒါဟာ သူ့အတွက် ကူညီရာမရောက်ပါ ဘူး။ သင့်အနေနဲ့ တောင်းပန်စရာရှိရင် ပွင့်ပွင့်လင်းလင်း သေချာတောင်းပန်ပါ။ သူ့ကိုလည်း သူ့ဘာသာသူ ရပ်တည်နိုင် အောင် အခွင့်အရေးပေးလိုက်ပါ၊ သူ့ဘာ သူ တည်ဆောက်နေတဲ့ အချိန်မှာ အ ဆက်အသွယ်မလုပ်ပါနဲ့၊ မျှော်လင့်ချက် မပေးမိပါစေနဲ့။

(၃) သူငယ်ချင်းတွေတူနေလို့
သင့်သူငယ်ချင်းနဲ့ သူ့သူငယ်ချင်း တွေက အတူတူပဲမို့ သူငယ်ချင်းတွေက လည်း ပြန်ခေါ်ဖို့ တိုက်တွန်းလို့၊ သူငယ် ချင်းမွေးနေ့တွေ သွားရင်လည်း တွေ့နေ ကျမို့လို့ဆိုပြီး “Ex” ကို သူငယ်ချင်း အဖြစ် လက်ခံစရာမလိုပါဘူး။ သူငယ် ချင်းတွေကို အားမနာပါနဲ့၊ သင့်အနေနဲ့ သူငယ်ချင်းလုပ်ဖို့ အဆင်မပြေရင် အတင်းလုပ်စရာ မလိုပါဘူး။

(၄) လက်ရှိ relationship မှာ အဆင် မပြေလို့
ဒါက လူအတော်များများ လုပ်တတ် တဲ့ အမှားဖြစ်ပါတယ်။ လက်ရှိ ချစ်သူနဲ့ အဆင်မပြေရင် တစ်ချိန်က အဆင်ပြေခဲ့ ဖူးတဲ့ ရည်းစားဟောင်းကို ပြန်တမ်းတမိ တာပါ။ ဒီလို စိတ်ရှိသူတွေဟာ ဘယ်အ ချိန်ဖြစ်ဖြစ်၊ ဘယ်နေရာရောက်ရောက် ထားသမျှ relationship တိုင်းမှာ အဆင်မပြေ ဖြစ်တတ်ပါတယ်။ လက်ရှိ ချစ်သူနဲ့ အဆင်မပြေရင် ကာယကံရှင်နဲ့ အဓိက တိုင်ပင်ဆွေးနွေးပါ။ အဆက် ဟောင်းတွေကိုပါ ဆွဲထည့်ပြီး မရောထွေး လိုက်ပါနဲ့။ ဒါဟာ လက်ရှိချစ်သူအပေါ် မနျစနခအ မရှိရာလည်း ရောက်ပါတယ်။

(၅) တစ်ချိန်မှာ ပြောင်းလဲလာမယ်ထင်လို့
လမ်းခွဲရတဲ့အကြောင်းရင်းတွေက အမျိုးမျိုးရှိတာပါပဲ။ အရက်သောက်လို့၊ ဆေးလိပ်သောက်လို့၊ သစ္စာဖောက်လို့ စ သဖြင့်ကြောင့် လမ်းခွဲလိုက်ပေမယ့် တစ် ချိန်ချိန်မှာ အကျင့်ပြောင်းလဲသွားမယ်၊ ပြုပြင်ယူလို့ရမယ်ထင်ပြီး အဆက်အသွယ် ပြန်လုပ်တာကိုလည်း မလုပ်သင့်ပါဘူး။ သူ့အနေနဲ့ သင့်ကိုသတိရလို့ ခေတ္တခဏ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာ ဒီအကျင့်အတိုင်းပဲ ဖြစ်နိုင်ခြေများလို့ သင်ပိုပြီးပဲ နာကျင်ရမှာ ပါ။ လူတစ်ယောက်ရဲ့ အကျင့်၊ ဗီဇကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ လက်ခံနိုင်ရင် လက်ခံပြီး လက်မခံနိုင်ရင် အဆက်အ သွယ် မလုပ်ပါနဲ့။

(၆) “Ex” က သင့်ကို ချစ်နေသေးရင်
ဘယ်သူမဆို ကိုယ့်ကိုချစ်တဲ့၊ သ ဘောကျတဲ့သူအနားမှာ နေရတာကို သာ ယာတတ်ပါတယ်။ ဒါပေမဲ့ သင်ဟာ သူ နဲ့ မဖြစ်နိုင်တော့လို့ လမ်းခွဲခဲ့တာကို မမေ့ ပါနဲ့။ သင်ရဲ့ ခဏတာ သာယာမှုအတွက် “Ex” ကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက် မ ပေးပါနဲ့၊ သူ့အတွက်လည်း စာနာပေးပါ၊ သူ့ဘာသာသူ ကောင်းကောင်းမွန်မွန် တည်ဆောက်နိုင်ဖို့အတွက် သူ့ကိုအဆက် အသွယ် သွားမလုပ်ပါနဲ့။

(၇) သင်က”Ex” ကို ချစ်နေသေးရင်
ဒါကလည်း ဖြစ်တတ်ပါတယ်။ ခံ စားချက်တွေ ရှိနေသေးလို့ “Ex” နဲ့ သူငယ်ချင်းပဲဖြစ်ရဖြစ်ရဆိုပြီး အဆက် အသွယ် ပြန်လုပ်မယ်ဆိုရင် ဒါဟာ အရမ်း မှားသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆို တော့ “Ex” က သင့်ကို မချစ်တော့တာ ရယ်၊ ဘယ်လိုမှလည်း ပြောင်းလဲမှာ မဟုတ်တော့တာရယ်ကြောင့် သင်ပဲ နာကျင်ရမှာပါ။ တစ်ခါအသည်းကွဲပြီး တာကို ဓနထဓ နဲ့ အဆက်အသွယ်ထပ်လုပ် မယ်ဆိုရင် ထပ်ခါထပ်ခါ အသည်းထပ်ကွဲ ရပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ချစ်ပါ၊ တန်ဖိုးထားပါ။ အဆက်အသွယ် ပြန်လုပ်ဖို့ မကြိုးစားပါနဲ့။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *