မျက်စိကျန်းမာရေးအတွက် စားသင့်သော အစားအစာများ

ဖုန်း၊တက်ဘလက်ခ်၊တီဗီ အစရှိတဲ့ စကရင်တိုင်းစ် တွေကို အချိန်အများကြီး အသုံးပြုနေတာကြောင့် မျက်စိခြောက်သွေ့တာ၊ မျက်စိညောင်းတာ၊ မျက်လုံးယားယံတာ၊ အမြင်ဝေဝါးတာတွေ ဖြစ်နေပါသလား။
ဒီလို ဖြစ်နေရင် စကရင်တိုင်းစ်ကို လျော့ချဖို့ လိုအပ်သလို အောက်ဖော်ပြပါ အစားအစာတွေကိုလည်း စားသုံးပါ။
သူ့မှာ ဗီတာမင် C အများအပြားပါဝင် တဲ့ အတွက် မျက်စိသွေးကြောအတွက် ကောင်းမွန်ပြီး မျက်စိအတွင်းတိမ် ဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။ အချဉ်အရသာရှိသော သစ်သီး၊ သင်္ဘောသီး၊ မာလကာသီးနဲ့ ပန်းဂေါ်ဖီမှာလည်း ဗီတာမင် C များစွာပါဝင်ပါတယ်။ မီးအပူရှိန်က ဗီတာမင် C ကိုဖျက်ဆီးနိုင်တာမို့ မချက်ပြုတ်ပဲစားပါ။
ငြုပ်ပွသီးကို အရောင်တောက်ပမှု ရှိစေတဲ့ ဗီတာမင် A နဲ့ E ကလည်း မျက်စိကျန်းမာရေးကောင်းမွန်စေနိုင် ပါတယ်။
#နေကြာစေ့၊မြေပဲနှင့်ဗန်ဒါစေ့လိုမျိုးအခွံမာသီးများ။
ဒီအစေ့အဆန် တစ်အောင်စမှာ ခန္ဓာကိုယ်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် E ပမာဏတစ်ဝက်လောက် ပါပါတယ်။ဗီတာမင် E ကအသက်ကြီးတာကြောင့် ဖြစ်တဲ့ မက်ကူလာ ချို့ယွင်းချက် ဖြစ်စဉ် နှေးကွေးစေနိုင်ပါတယ်။
ကိုက်လန်၊ ဟင်းနုနယ်နဲ့ကန်စွန်းရွက် လိုမျိုး အစိမ်းရင့်ရောင်ဟင်းရွက်တွေမှာ ဗီတာမင် C နဲ့ E များစွာပါဝင်ပါတယ်။ သူတို့မှာ ဗီတာမင် A အမျိုးအစားဖြစ်တဲ့ ကရိုတီးနွိုက်လူတင်နဲ့ ဇီယာဇန်သင်း လည်းပါဝင်ပါတယ်။ဒီလို အပင်ကိုအခြေခံပြီး ရရှိတဲ့ ဗီတာမင် နဲ့ ဒြပ်ပေါင်းတွေက မက်ကူလာချို့ယွင်းချက်နဲ့ အတွင်းတိမ် အပါအဝင် မျက်စိရောဂါဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။
မျက်စိမြင်လွှာကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ DHA နဲ့ EPA ဆိုတဲ့ Omega-3 fatty acids နှစ်မျိုးလိုအပ်ပါတယ်။ ဒီနှစ်မျိုးလုံးကို ဆဲလမွန်၊တူနာ နဲ့ ငါးသလောက်လိုမျိုး အဆီများတဲ့ ငါးတွေကနေ ရရှိနိုင်ပါတယ်။ Omega-3s က မက်ကူးလာပျက်စီးမှုနဲ့ ရေတိမ် မဖြစ်အောင်လည်း ကာကွယ် ပေးပါတယ်။ ဒီ ဖက်တီးအက်စစ် ချို့တဲ့နေရင် မျက်စိခြောက်သွေ့ နိုင်ပါတယ်။ Omega-3 fatty acid ကို အားဖြည့် ဆေး အနေနဲ့လည်း မှီဝဲနိုင်ပါတယ်။
ကန်စွန်းဥ၊ မုန်လာဥနီ၊ သရက်သီး၊ သင်္ဘောသီး၊ သခွားမွှေးသီးတို့လို မျိုး လိမ္မော်ရောင် အသီးအရွက်တွေမှာ ဗီတာမင် A တစ်မျိုးဖြစ်တဲ့ ဘီတာကရိုတင်းများစွာပါဝင်တာကြောင့် ညအမှောင်မှာ မြင်နိုင်အောင် အထောက်အကူ ပြုပါတယ်။ ဒါ့အပြင် ကန်စွန်းဥမှာ ပါဝင်တဲ့ ဗီတာမင် Cဟာ သင့်နေ့စဉ်လိုအပ်ချက် ပမာဏရဲ့ ထက်ဝက်ဖြစ်ပြီး ဗီတာမင် E လည်း အနည်းငယ် ပါဝင်ပါတယ်။
#ကြက်သား၊ ဝက်သား၊အမဲသား။
သွပ်ဓာတ်ဟာ အသည်းမှ ဗီတာမင်ကို မြင်လွှာဆီရောက်အောင် ပို့ဆောင်ပေးပါတယ်။ သွပ်ဓာတ်ဟာ ကမာနဲ့ ဂုံးကောင်တွေမှာ များစွာ ပါဝင်သလို ကြက်သား၊ဝက်သားနဲ့ အမဲသားမှာလည်း ပါဝင်ပါတယ်။
သတ်သတ်လွတ်စားသူတွေက မျက်စိအမြင်အားကောင်းပြီး မက်ကူလာချို့ယွင်းချက်ဖြစ်စဉ် နှေးကွေးနိုင်ဖို့ အတွက် အဆီပါဝင်မှုနည်းပြီး အမျှင် များတဲ့အစားအစာတွေကို စားသုံးဖို့ လိုအပ်ပါတယ်။ ကုလားပဲခြမ်း၊ဆင်ခေါင်းပဲ၊ ပဲနီလေး၊ ပဲဝါလေးနဲ့ ပဲမည်း လိုမျိုးပဲတွေမှာ အမျှင်နဲ့ သွပ်ဓာတ် များစွာ ပါဝင်ပါတယ်။
ကြက်ဥမှာပါဝင်တဲ့ သွပ်ဓာတ်ဟာ ကြက်ဥအနှစ်မှာပါဝင်တဲ့ လူတင်နဲ့ ဇီယာဇန်သင်း ကို ခန္ဓာကိုယ်က အသုံးပြုနိုင်ဖို့ ကူညီပေးပါတယ်။ ကြက်ဥအနှစ်က ဖုန်း၊တက်ဘလက်နဲ့ တီဗီကလာတဲ့ အပြာရောင် အလင်းတန်းကြောင့် မျက်စိမြင်လွှာ ပျက်စီးမှု မရှိအောင် ကာကွယ်ပေးနိုင် ပါတယ်။
သင့်ခန္ဓာကိုယ်က လူတင်းနဲ့ ဇီယာဇန်သင်းကို မပြုလုပ်နိုင်ပေမယ့် သူတို့ကို ခဝဲသီး၊သခွားသီး၊ရွှေဖရုံသီးလိုမျိုး အသီးတွေကနေ ရရှိနိုင်ပါတယ်။
ဒီလို Cruciferous အမျိုးအစား ဟင်းသီးဟင်းရွင်တွေမှာ ဗီတာမင် A(လူတင်၊ ဇီယာဇန်သင်းနဲ့ ဘီတာကရိုတင်း) ၊ဗီတာမင် C နဲ့ E လိုမျိုး အာဟာရ မျိုးစုံ ပါဝင်ပါတယ်။ သူတို့အားလုံးဟာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ဖြစ်ကြပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် မျက်စိ ပျက်စီးမှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။
မျက်စိပြဿနာမှ ကင်းဝေးနိုင်ကြပါစေ။
ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal