သက်တမ်းမကုန်ခင် ခြောက်သွားပြီလား . . .

အလှကြိုက်တဲ့ မိန်းကလေးတိုင်းဟာ သူတို့ရဲ့ အလှပြင်ပစ္စည်းတွေကို တန်ဖိုးထားကြပါတယ်။ ဒီထဲမှာ အိုင်းလိုင်နာတွေ သက်တမ်းမကုန်ခင်မှာ ခြောက်သွားတာ ဖြစ်တတ်ပါတယ်။ ဘယ်လောက်မှ မသုံးရသေးဖူး ခြောက်သွားပြီဆိုပြီး နှမြောပေမဲ့ လွှင့်ပစ် လိုက်ရတာတွေလည်း ကြုံတွေ့ဖူးမှာပါ။ ဒီအတွက် အိုင်းလိုင်နာတွေ ခြောက်သွားရင် ပြန်ကောင်းလာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


ဂျယ်လ်အိုင်းလိုင်နာအတွက်ဆိုရင်- ဂျယ်လ်အိုင်းလိုင်နာ ခြောက်သွားတယ်ဆိုရင် အနံ့မပါတဲ့ အဆီတစ်မျိုးကို လက်ဖဝါးထဲထည့်ပြီး လိုင်နာဘရပ်ရှ်နဲ့ ဂျယ်လ်လိုင်နာပုလင်းထဲကို အနည်းငယ် အစက်ချပြီးထည့်ပါ။ အကောင်းဆုံးကတော့ အုန်းဆီစစ်စစ်ကို သုံးပါ။ ပြီးရင် ပုလင်းအဖုံးကို ပြန်ပိတ်ထားပြီး ၅-၁၀ မိနစ်လောက် ထားလိုက်ပါ။ ပြန်ဖွင့်တဲ့အခါ ဂျယ်လ်လိုင်နာက အရင်လို ပျော့ပြောင်းပြီး ပြန်ကောင်းသွားပါလိမ့်မယ်။

ခရင်မ်လိုင်နာခြောက်သွားရင်- ခရင်မ်လိုင်နာက ခြောက်သွားရင် ပြန်ကောင်းဖို့ ပိုခက်ပါတယ်။ ခန္ဓာကိုယ် အစိုဓာတ်ထိန်းပေးတဲ့ Moisturizer အဆီ ကို အစက်ချ ထည့်ရမှာဖြစ်ပါတယ်။ နောက်ပြီး တစ်ပတ် တစ်ခါ၊ နှစ်ပတ် တစ်ခါလောက် ပြန်ပြန် ထည့်ပေးရပါမယ်။

♥ အရည်အိုင်းလိုင်နာခြောက်သွားရင်- အိုင်းလိုင်နာက အရည်ဖြစ်နေရင်တော့ မျက်ကပ်မှန်စိမ်တဲ့ဆေးရည်ရယ် အယ်ကိုဟောကို အခြေခံပြီး ထုတ်ထားတဲ့ မိတ်ကပ်ဖျက်ဆေးအရည်အနည်းငယ်ကို လိုင်နာပုလင်းထဲ အစက်ချပြီး လှုပ်ရမ်းပေးပါ။ ဒီနည်းက မျက်တောင့်ကော့ဆေး ခြောက်သွားရင်လည်း ပြန် ကောင်းလာအောင် လုပ်လို့ရပါတယ်။

♥ အိုင်းလိုင်နာခဲတံခြောက်သွားရင်- အိုင်းလိုင်နာခဲတံက ခြောက်သွားပြီး အရင်လို ဆွဲလို့မကောင်းတော့ဘူးဆိုရင် အကောင်းဆုံးကတော့ ဆံပင်အခြောက်ခံတဲ့စက်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ လိုင်နာခဲတံကို အရင်းက ကိုင်ထားပါ။ ဆံပင်အခြောက်ခံစက်ကို လိုင်နာတစ် ချောင်းလုံးအနှံ့ ရှေ့နောက်ဆွဲပြီး စက္ကန့်သုံးဆယ်လောက် မှုတ်ပေးပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *