Eye Makeup တွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

မျက်လုံးတစ်ဝိုက်အသုံးပြုတဲ့ အလှကုန် တွေထဲမှာဆိုရင် မျက်တောင်ကော့ဆေး (Mascara)၊ အိုင်းရှဲဒိုး(Eye shadows)၊ အိုင်းလိုင်နာ (Eye Liner)၊ မျက်ကွင်း ညိုတာဖုံးအုပ်ဖို့ ကွန်ဆယ်လာ (Conc­ea­lers)တွေနဲ့ မျက်ခုံးမွေးဆွဲတံ (Eye­brow Pencils) တွေပါတာပေါ့နော်။ ဒီ မျက်လုံးတစ်ဝိုက် အသုံးပြုတဲ့ အလှကုန် တွေနဲ့ပတ်သက်ပြီး အမေရိကန် FDA က သုံးစွဲသူတွေဆီကို ပေးထားတဲ့ အသိ ပေးချက်တွေရှိပါတယ်။ ဒါတွေကို ပျိုမေ တို့သတိထားနိုင်ဖို့ ရေးပေးလိုက်ပါတယ်။

၁။ သန့်ရှင်းမှုရှိဖို့ ဂရုစိုက်ပါ
အန္တရာယ်ရှိတဲ့ ဗက်တီးရီးယားနဲ့ မှိုပိုး တွေဟာ အလှကုန်ပစ္စည်းတွေနဲ့ သူတို့ကိုထုပ် ပိုးထားတဲ့ Containers တွေထဲမှာ ပေါက်ဖွား နိုင်ပါတယ်။ မျက်လုံးနဲ့ မမြင်နိုင်တဲ့ ပိုးတွေ ပေါက်ဖွားလာနိုင်တာကြောင့် မျက်လုံးတစ် ဝိုက်အသုံးပြုတဲ့ အလှကုန်တွေကို မကိုင်တွယ် ခင်မှာ လက်ကိုစင်ကြယ်အောင်ဆေးပါ။ နောက် ပြီး မျက်တောင်ကော့တံကို သူ့ပုလင်းထဲက နေထုတ်ပြီး အပြင်တစ်နေရာမှာ တင်ထားမိ တာ၊ မျက်လုံးလိုင်နာ အရည်ပုလင်းကို ဖွင့် ထားမိတာတွေကြောင့် ဗက်တီးရီးယားတွေ ဝင်သွားနိုင်တာကို သတိပြုပါ။

၂။ စိုထိုင်းဆကို ကာကွယ်ပါ
အလှကုန်တွေထဲကို ရေရောပြီး အသုံး ပြုတာ၊ တံတွေးနဲ့ဆွတ်တာတွေ မလုပ်သင့်ပါ ဘူး။ အလှကုန်ပစ္စည်းတွေရဲ့ တာရှည်ခံနိုင်စွမ်း သက်တမ်းကိုလျော့နည်းစေပြီး ဗက်တီးရီးယား တွေ အလွယ်တကူ ပေါက်ဖွားလာနိုင်ပါတယ်။

၃။ ခွဲဝေသုံးစွဲတာ ရှောင်ပါ
ဒီအချက်က မိန်းကလေးအတော်များများ လုပ်တတ်ပါတယ်။ အလှကုန်ကို မျှပြီးသုံးစွဲတာ က ရောဂါပိုးတွေတစ်ဆင့် ပြန်လည်ကူးနိုင်ပါ တယ်။ အလှကုန်တွေ ရောင်းတဲ့ စတိုးဆိုင် တွေမှာ “Tester” တွေစမ်းတဲ့အခါ တစ်ခါသုံး ဝါဂွမ်းတို့ဖတ်တွေကိုပဲ အသုံးပြုပါ။ လူအများ စမ်းသုံးနေတဲ့ အလှကုန်တွေကို မျက်လုံးတစ် ဝိုက်မှာ စမ်းမသုံးကြည့်ပါနဲ့။

၄။ လှုပ်ရှားနေစဉ်မှာအလှမပြင်ပါနဲ့
ဆိုလိုတာက ရွေ့လျားနေတဲ့ကား၊ သင်္ဘော၊ လေယာဉ်ပေါ်တွေလိုမျိုးဖြစ်ဖြစ်၊ ရွေ့လျားနေ တဲ့ စက်ပစ္စည်းပေါ်မှာပဲဖြစ်ဖြစ်ရှိနေရင် မျက် လုံးတစ်ဝိုက် အလှကုန်တွေကို လုံးဝ အသုံး မပြုပါနဲ့။ အထူးသဖြင့် မျက်တောင်ကော့ဆေး အသုံးပြုမယ်ဆိုရင် မျက်တောင်ကော့တံနဲ့ မျက် လုံးကိုထိခိုက်မိနိုင်ပါတယ်။

၅။ မျက်တောင်အတုကပ်တဲ့ကော်ကိုသတိပြုပါ
မျက်တောင်အတုကပ်ဖို့နဲ့ မျက် တောင်ဆက်ဖို့ အသုံးပြုတဲ့ကော်က အ ရေးကြီးပါတယ်။ မျက်ခွံအရေပြားက အရမ်းနူးညံ့တာကြောင့် အသုံးပြုတဲ့ ကော်နဲ့ ဓာတ်မတည့်ရင် အလာဂျီဖြစ်ပြီး ယား ယံတာ၊ အရေပြားပျက်စီးတာတွေဖြစ်နိုင် ပါတယ်။

၆။ ပါဝင်ပစ္စည်းတွေကိုလေ့လာပါ
ကိုယ်အသုံးပြုမယ့်အလှကုန်တွေမှာ ပါ ဝင်တဲ့ ဓာတုပစ္စည်းတွေကို ဖော်ပြပေးထားတာ ရှိ၊ မရှိစစ်ပါ။ မရှိဘူးဆိုရင် အဲဒီအလှကုန် ပစ္စည်းတွေက တရားမဝင်ထုတ်လုပ်ထားတာ ဖြစ်နိုင်ပြီး စိတ်ချယုံကြည်လို့မရပါဘူး။ အန္တရာယ် ရှိတဲ့ တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်နေနိုင်ပါ တယ်။

၇။ ယားယံတာဖြစ်ရင် ဆက်မသုံးပါနဲ့
မျက်လုံးတစ်ဝိုက် အလှကုန်တွေ အသုံး ပြုတဲ့အခါ တစ်ခါသုံးကြည့်လို့ ယားယံတာ ဖြစ်ရင်ဆက်မသုံးပါနဲ့။ အလှကုန်တွေသက်တမ်းကုန်သွားရင်
လည်း ယားယံတာဖြစ်စေတတ်ပါတယ်။ ပိုးဝင်တဲ့ အခါမှာဆိုရင်တော့ မျက်လုံးတစ်ဝိုက်မှာ ရောင်ရမ်းလာနိုင်ပါတယ်။

၈။ သက်တမ်းကုန် မကုန် ဂရုစိုက်ပါ
အလှကုန်ထုတ်လုပ်တဲ့စက်ရုံတွေက သတ်မှတ်ထားတဲ့ သက်တမ်းရှိသလောက်ပဲ အလှကုန်တွေကို အသုံးပြုပါ။ အထားကြာပြီး ခြောက်သွားရင်ဖြစ်ဖြစ်၊ သက်တမ်းကုန်သွား ရင်ဖြစ်ဖြစ်ဆက်သုံးဖို့ မသင့်တော့ပါဘူး။

၉။ သိမ်းဆည်းတဲ့နေရာ မှန်ကန်ဖို့ဂရုစိုက်ပါ
အပူချိန် ၈၅ ဒီကရီ ဖာရင်ဟိုက်ကျော် ရင် အလှကုန်တွေတာရှည်ခံအောင် ထည့် ထားတဲ့ ဓာတုပစ္စည်းတွေရဲ့ အာနိသင်လျော့ ကျလာပါတယ်။ အထူးသဖြင့် ကားထဲမှာ အလှကုန်တွေကို အကြာကြီး သိမ်းထားတတ် တာမျိုးကိုရှောင်ပါ။

♥ Darliko

Post Author: Good Health Journal