မျက်ဝန်းအရောင်ကပြောသော သင့်ကျန်းမာရေး

မျက်ဝန်းရဲ့ ပင်ကိုယ်မူလအရောင်က အညိုရောင်၊ အမည်းရောင်၊ နီညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ မီးခိုးရောင် စတဲ့ ဖြစ်ပေါ်မှုအပေါ် မူတည်ပြီး ခန့်မှန်းနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေ ရှိတယ်ဆိုတာ သင်သိပါရဲ့လား . . .

မျက်နက်ဝန်းပိုင်ဆိုင်သူ
#မျက်စိတိမ်စွဲနိုင်ခြေ များတယ်
မျက်စိသူငယ်အိမ်မှာ မြူဆိုင်းသလို ၀ိုးတိုးဝါးတား မှုန်မှိုင်းမှိုင်းဖြစ်နေတာက မျက်စိတိမ်စွဲတာရဲ့ လက္ခဏာတစ်ရပ်ပါ။ ၂၀၀၀ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ မျက်နက်ဝန်းရှိသူတွေက မျက်စိတိမ်စွဲနိုင် ခြေတစ်ဆခွဲကနေ နှစ်ဆခွဲပိုများတယ်လို့ အမေရိကန် မျက်စိပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ မျက်စိတိမ်စွဲတာမဖြစ်အောင် နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်မထိအောင် ရှောင်ဖို့လိုပါတယ်။ မျက်နက်ဝန်းရှိသူတွေအနေနဲ့ နေပူစာလှုံတာကို မပြုလုပ်သင့်ဘူးလို့ ဆေးသိပ္ပံပညာရှင်တွေက အကြံပြုထားပါတယ်။ နေပူထဲထွက်တဲ့အခါမှာလည်း မျက်လုံးကို အကာအကွယ်ပေးနိုင်တဲ့ ထီး၊ ဦးထုပ်နဲ့ နေကာမျက်မှန်တွေ အသုံးပြုဖို့ မမေ့ပါနဲ့။
#အရက်ကို ခံနိုင်ရည် နည်းတယ်
မျက်နက်ဝန်း ဒါမှမဟုတ် မျက်ဝန်းညိုညို ပိုင်ဆိုင်ထားသူတွေက မျက်ဝန်းအပြာ ဒါမှမဟုတ် မျက်ဝန်းစိမ်း ပိုင်ဆိုင်ထားသူတွေထက် အရက်နည်းနည်းသောက်တာတောင် ပိုမူးတတ်တယ်လို့ ၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သုတေသနစာတမ်းအရ သိရပါတယ်။

မျက်ဝန်းပြာပြာပိုင်ဆိုင်သူ
#ခရုသင်းရောဂါ ဖြစ်နိုင်ခြေ နည်းတယ်
၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ခရုသင်းရောဂါနဲ့ပတ်သက်တဲ့ သုတေသနစာတမ်းမှာ မျက်ဝန်းပြာပြာရှိသူတွေဟာ ခရုသင်းရောဂါ ဖြစ်နိုင်ခြေ နည်းတယ်လို့ ဖော်ပြခဲ့ပါတယ်။ ခရုသင်းရောဂါရှိသူပေါင်း ၃၀၀၀ ကျော်ကို လေ့လာခဲ့ရာ အညိုရောင်မျက်ဝန်းရှိသူတွေမှာ ဖြစ်ပွားမှု ၄၃ ရာခိုင်နှုန်း၊ မျက်ဝန်းအစိမ်း ဒါမှမဟုတ် သစ်အယ်သီးအရောင် မျက်ဝန်းရှိသူတွေမှာ ဖြစ်ပွားမှု ၃၀ ရာခိုင်နှုန်းနဲ့ မျက်ဝန်းပြာပြာ ပိုင်ဆိုင်သူတွေကတော့ ၂၇ ရာခိုင်နှုန်းသာ ဖြစ်ပွားတာကို တွေ့ရပါတယ်။ မျက်ဝန်းပြာပြာ ပိုင်ဆိုင်သူတွေမှာ အဓိက မျိုးဗီဇနှစ်မျိုး ဖြစ်တဲ့ TYR နဲ့ OCA2 က ခရုသင်းရောဂါကို ဖြစ်နိုင်ခြေ နည်းစေတာလို့ ဆေးသိပ္ပံပညာရှင်တွေ က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

#မှဲ့ကင်ဆာဖြစ်နိုင်ခြေ များတယ်
မျက်ဝန်းပြာပြာပိုင်ဆိုင်သူတွေမှာ မှဲ့ကင်ဆာနဲ့ ခရုသင်းရောဂါရဲ့ ဖြစ်ပွားမှုက ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ မျက်ဝန်းပြာပြာပိုင်ရှင်တွေက ခရုသင်းရောဂါဖြစ်နိုင်ခြေ နည်းပေမယ့် မှဲ့ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ ခရုသင်းရောဂါက ခုခံအားစနစ် ချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်ရဲ့တစ်သျှူးတွေကို ပြန်တိုက်တဲ့ရောဂါပါ။ မျက်ဝန်းညိုညိုပိုင်ဆိုင်သူတွေက ခုခံအားစနစ် ရဲ့တုန့်ပြန်မှုကြောင့် ခရုသင်းရောဂါဖြစ်နိုင်ခြေများပေမယ့် မှဲ့ကင်ဆာဖြစ်ပွားမှုကိုတော့ ကာကွယ်တားဆီးပေးပါတယ်။

မျက်ဝန်းအရောင် ဖျော့တော့တော့ ပိုင်ဆိုင်သူ
#နာကျင်မှုကို ခံနိုင်ရည်ရှိတယ်
အမေရိကန် နာကျင်မှုဆိုင်ရာ အဖွဲ့အစည်းရဲ့ လေ့လာမှုမှာ တွေ့ရှိခဲ့တာက မျက်ဝန်းအရောင်ဖျော့တော့တော့ ပိုင်ဆိုင်သူတွေက နာကျင်မှုနဲ့ မအီမသာဖြစ်မှုတွေကို ခံနိုင်ရှည်ရှိတယ်လို့ သိရပါတယ်။ အမျိုးသမီးတွေကို ကလေးမမွေးခင်နဲ့ ကလေးမွေးပြီး လေ့လာမှုပြုလုပ်ခဲ့ရာ မျက်နက်ဝန်းရှိသူတွေက မျက်ဝန်းအရောင်ဖျော့သူတွေထက် စိုးရိမ်စိတ်ဖြစ် ကာ အိပ်ပျက်တာ ပိုဖြစ်စေပြီး နာကျင်မှုကိုလည်း ပိုခံစားရတယ်လို့ တွေ့ရပါတယ်။

#မျက်စိအမြင်ခံလွှာ ပျက်စီးနိုင်ခြေ ပိုများတယ်
မျက်ဝန်းအရောင် ဖျော့တော့တော့ ပိုင်ဆိုင်သူတွေက အသက် ၅၀ ကျော်လာချိန်မှာ အမြင်အာရုံလျော့ပါးနိုင်ခြေ ပိုများပါလို့ ဆိုပါတယ်။ မျက်စိရဲ့မြင်လွှာ ပျက်စီးတာကြောင့် အမြင်အာရုံမှုန်ဝါးလာတာဖြစ်ပါ တယ်။ လေ့လာမှုများစွာအရ ဆေးလိပ်သောက်တာ၊ မိသားစုမျိုးရိုးရာဇ၀င်ရှိတာတွေကလည်း မြင်လွှာပျက်စီးမှုကို ဖြစ်စေတယ်လို့ သိရပါတယ်။

အရောင်ပြောင်းလဲခြင်း
#မျက်စိပြဿနာဖြစ်တာကြောင့်ပါ
မျက်လုံးက အဖြူရောင်ကနေ အနီရောင်ပြောင်းလဲသွားတာကို သတိပြုမိပါသလား။ ဓာတ်မတည့်မှုတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ အ၀ါရောင် ပြောင်းသွားတယ်ဆိုရင်တော့ အသည်းမှာ ပြဿနာရှိ နေတာကြောင့် ဖြစ်နိုင်ပါတယ်။ မျက်လုံး နှစ်ဖက်စလုံး မဟုတ်ဘဲ မျက်လုံးတစ်ဖက်ထဲပဲ အရောင်ပြောင်းတာဆိုရင်တော့ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ အာရုံကြောကို ဖုံးထားတဲ့ အမျှင်တစ်သျှူးမှာ အဖုအကျိတ် ဖြစ်တဲ့ရောဂါ ဖြစ်နိုင်ပါတယ်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *