လေဒီတို့ အဝတ်အစားရွေးချယ်တဲ့နေရာမှာ ဖြစ်တတ်တဲ့ အလွဲတွေကို ကြိုတင်ပြင်ဆင်နိုင်အောင် ရေးပေးလိုက်ပါ တယ်။
ခန္ဓာကိုယ် အချိုးအစားနဲ့ မကိုက်ညီတာ
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် အချိုးအစားမှာ hourglass, apple, inverted triangle, pear, and rectangle ဆိုပြီး မျိုးစုံရှိတာမှာ သင်ဟာ ဘယ်အချိုးအစားထဲပါဝင်လဲဆိုတာ သိဖို့လိုပါတယ်။ ဒါမှ အင်္ကျီဒီဇိုင်းရွေးတဲ့အခါ သင်နဲ့ လိုက်ဖက် တာရှာဖို့ အထောက်အကူပြုမှာပါ။ သင်ကြိုက်တဲ့ ဖက်ရှင်ပုံစံနဲ့ ခန္ဓာကိုယ်အချိုးအစားက မလိုက်ဖက်ရင် ကြည့်မကောင်းနိုင် ပါဘူး။
အဝတ်အထည်Size မမှန်တာ
ဒါကလည်း အမျိုးသမီးအတော်များများ ကြုံဖူးမှာပါ။ သင့်ခန္ဓာကိုယ်နဲ့ ကွတ်တိလည်းဖြစ်ပြီး သက်သောင့်သက် သာဖြစ်တာကို ရွေးဝယ်ပါ။ အမှတ်တံဆိပ်မျိုးစုံနဲ့ နိုင်ငံတကာ တင်သွင်း ထုတ်လုပ်ထားတဲ့ အဝတ်အထည်တွေရဲ့Size က သူတို့နိုင်ငံမှာရှိတဲ့ လူမျိုးတွေရဲ့ ခန္ဓာကိုယ်အချိုးအစားပေါ်မူ တည်ပြီး ထုတ်ကြတာများပါတယ်။ ဒါကြောင့် Size တွေက တစ်သတ်မတ်တည်း သတ်မှတ်လို့မရလို့ သေချာဝတ်ကြည့်ပြီးမှ ဝယ်ပါ။
အဝတ်အထည်ဒီဇိုင်းနဲ့မလိုက်ဖက်တာ
အဆင်ဒီဇိုင်းတွေမှာ ကန့်လန့်ဖြတ်မျဉ်း၊ အကွက်၊ အစက် အပြောက်၊ အပွင့်အခက် စတာတွေရှိတာမှာ သင့်ခန္ဓာကိုယ်ကို မြုပ်သွားစေမယ့် ပိုပြီး ဝသွားစေမယ့် အဆင်တွေကို မရွေးပါနဲ့။ သင်ဟာ ပခုံး၊ တင်ကားသူဖြစ်ရင် ကန့်လန့်ဖြတ်မျဉ်းပါတဲ့ အဆင်က သင့်ကို ပိုပြီးဝစေပါတယ်။ ဝတဲ့သူတွေဆိုရင်အဆင် ဒီဇိုင်းသေးနုပ်ပြီး စိပ်တာတွေရွေးဝတ်ပါ။ ပိန်ပိန်သေးသေး မိန်းကလေးတွေဆိုရင် ပန်းပွင့်အခက်အကြီးကြီး၊ အကွက်ကြီး ကြီးပါတဲ့ အဆင်တွေဝတ်ဆင်ပါ။
အသက်အရွယ်နဲ့ မလိုက်ဖက်တာ
အမျိုးသမီးတိုင်းက လှပပြီး နုပျိုတဲ့အသွင်ကို လိုချင်ကြပါ တယ်။ ဒီအတွက် တစ်ခါတလေမှာ သင့်အသက်အရွယ်နဲ့ မကိုက်ညီတဲ့ အဝတ်အစားတွေကို ဝတ်မိတတ်ကြပါတယ်။ ဥပမာ – အသက်သုံးဆယ်ကျော် အမျိုးသမီးတွေဆိုရင် ကာ တွန်းရုပ်တွေပါတဲ့ တီရှပ်တွေဝတ်တာကို ရှောင်ပါ။
အဝတ်အထည်နဲ့ နေရာမကိုက်ညီတာ
အဝတ်အစားတွေကို သူ့နေရာနဲ့သူ ဝတ်ဆင်တတ်ဖို့လည်း လိုပါတယ်။ ရုံးလုပ်ငန်းအဝတ်အစား၊ ပါတီပွဲ အဝတ်အစား၊ ထသွားလာသွား အဝတ်အစား၊ ညအိပ်ဝတ်၊ အလှူအတန်း၊ အားကစားအဝတ်အထည် စသည်ဖြင့် ရှိတာမှာ ညနေဒင်နာ တက်တဲ့ ဝတ်စုံ၊ ပါတီဒေါက်ဖိနပ်တွေ အလုပ်ကို ဝတ်လာဖို့ မသင့်တော်ပါဘူး။
Darliko