Filter မလိုဘဲ လှစေဖို့ …

ဒီနေ့ခေတ်မှာ ဖုန်းထဲ အလွယ်တကူ ဒေါင်းလုတ်ဆွဲပြီး အသုံးပြုနိုင်တဲ့ ကင်မရာ ဗစဈ တွေ အများအပြား ထွက်ရှိလာ ပါတယ်။ ညိုသူချော၊ ဖြူသူလှစေမယ့် Filter တွေ တစ်ပုံတစ် ပင်ပေါ့။ တချို့လည်း No Filter ဆိုပြီး မိတ်ကပ်အပြည့်လိမ်းပြီး ဓာတ်ပုံရိုက်သူတွေလည်းရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ လူတိုင်း မှာ ပင်ကိုအလှကိုယ်စီက မွေးကတည်းက ပါလာပြီးသားနော်။ အလှမပျက်အောင် ထိန်းသိမ်းတတ်ဖို့ပဲ လိုတာပါ။ ဒီအချက် လေးတွေ ဂရုစိုက်ပေါ့။

(၁) အသက်အရွယ်
အသားအရေရဲ့ တည်ဆောက်ပုံက အသက်အရွယ်နဲ့ လိုက်ပြီး ပြောင်းပါတယ်။ အသားအရေ တင်းရင်းမှုရှိအောင် စွမ်းဆောင်ပေးတဲ့ ခန္ဓာကိုယ်တွင်းဓာတ်ပစ္စည်းတွေက အသက် ကြီးလာလေလေ လျော့နည်းလေလေပါ။ ဒီထဲမှာ ကိုလာဂျင်၊ ကိုအင်ဇိုင်းကျူ – ၁၀၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါ တယ်။ လိုအပ်တာကို ဖြည့်ပေးနိုင်ရင်အကောင်းဆုံးပါ။ အစား အစာရော၊ ဖြည့်စွက်ဆေးတွေရော မှီဝဲပါ။

(၂) လူနေမှုဘဝပုံစံ
ရူပကာအလှအပေါ် လူနေမှုဘဝပုံစံကလည်း လွှမ်းမိုးနိုင် ပါတယ်နော်။ စိတ်ဖိစီးမှုများတာ၊ အရက်သေစာသောက်တာ၊ ဆေးလိပ်သောက်တာ၊ ကိုယ်လက်လှုပ်ရှားမရှိတာ၊ ကျန်းမာရေး နဲ့မညီတဲ့ စားစရာတွေ အစားများတာ စတဲ့အချက်တွေက အိုမင်းခြင်းဖြစ်စဉ်ကို မြန်စေပါတယ်။ အိုမင်းခြင်းဖြစ်စဉ်ကို နှေးစေပြီး အရွယ်တင်ချင်တယ်ဆိုရင် ဒီအချက်တွေကို ဂရု စိုက်ပေးပါ။

(၃) အသားအရေစောင့်ရှောက်မှု
အသားအရေကို ထိန်းသိမ်းစောင့်ရှောက်တာ ဂရုတစိုက် လုပ်သူနဲ့ မလုပ်သူကလည်း ကွာပါတယ်။ Skincare န ဂရုတ စိုက်အသုံးပြုပါ၊ အပြင်ထွက်ရင် နေလောင်ကာခရင်မ်လိမ်းပါ၊ ညအိပ်ရာမဝင်ခင်မျက်နှာသေချာသန့်စင်ပါ၊ လိုအပ်ရင်Facial Treatment လေးတွေ လုပ်ဆောင်ပါ။

(၄) အလှကုန်ရွေးချယ်မှု
ဘယ်အလှကုန်ပဲသုံးသုံး ကိုယ့်အသားအရေနဲ့ တည့်ရဲ့ လား၊ ကိုယ့်အသားအရေက ခံနိုင်ရဲ့လား စတာတွေ သေချာဂရု တစိုက်ဆင်ခြင်ပါ။ အလှကုန်နဲ့ဓာတ်မတည့်တာ ဖြစ်ပြီး အရေ ပြား ပျက်စီးသွားတဲ့သူတွေ အရမ်းများပါတယ်။ ဈေးကြီးတာ၊ မကြီးတာနဲ့မဆိုင်ပါဘူး၊ ကိုယ်ရဲ့အရေပြားက ဘယ်လို တုံ့ပြန် လဲဆိုတာပေါ်ပဲမူတည်ပါတယ်။ ဒါကြောင့် သေချာဂရုစိုက်ပါ။

(၅) ပြုံးပါ
ဘယ်သူမဆို ပြုံးရွှင်နေတတ်သူဟာ အမြဲကြည့်ကောင်း ပါတယ်။ မြင်သူတိုင်းလည်း စိတ်ချမ်းသာပါတယ်။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိရှိနဲ့ပြုံးပါ။ ဘာ Filter မှ မလိုဘဲ အလှဆုံးဖြစ် နေမှာပါ။

Darliko

Post Author: Good Health Journal