မိခင်နို့တိုက်ကျွေးနေစဉ် ရှောင်သင့်သော အစားအစာများ

ကိုယ်ဝန်ဆောင်ကာလမှာ အရသာအတွက် အာသာပြေစေဖို့ အစားအစာမျိုးစုံကို စားလို့ရခဲ့ပေမယ့် ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ သင်ရဲ့ အရသာအာရုံကို ဦးစားပေးလို့ မရတော့ပါဘူး။ ရှေးလူကြီးတွေရဲ့ အယူအဆ အရ နို့တိုက်မိခင်တွေက အစားရှောင်ရှားရမယ်လို့ ဆိုပေမယ့် သားစိမ်း ငါးစိမ်းတွေကို ရှောင်ကြဉ်ပြီး အခြောက်အခြမ်း တွေကိုသာ စားရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ မိမိကလေးကို မိခင်နို့တိုက်နေတဲ့ မိခင်တွေက အောက်ပါအစားအစာ တွေကိုတော့ ရှောင်ရှားဖို့ လိုအပ်ပါတယ်။

ကော်ဖီ

ကော်ဖီမှာပါဝင်တဲ့ကဖင်းတွေက မိခင်နို့ရည်မှတစ်ဆင့် ကလေးဆီရောက် သွားတတ်ပါတယ်။ နို့စို့ကလေးငယ် တွေက ကဖင်းကို ထိထိရောက်ရောက် မစွန့်ထုတ်ပစ်နိုင်တဲ့အတွက် သူတို့ ကိုယ်တွင်းမှာ ကဖင်းတွေစုပုံလာနိုင်တာ ကြောင့် အိပ်မပျော်တာ၊ ဒေါသကြီးနေ တာနဲ့ တစ်ချိန်လုံးအီနေတာတွေ ဖြစ် တတ်ပါတယ်။
ဒါ့အပြင် ကဖင်းကို အများကြီး သောက်တာက မိခင်နို့အတွင်း သံဓာတ် ပါဝင်မှု လျော့နည်းသွားတာကြောင့် က လေးမှာ ဟေမိုဂလိုဘင် ပမာဏ လျော့ နည်းနိုင်ပါတယ်။
နို့တိုက်မိခင်တွေအနေနဲ့ ကော်ဖီ ကို တစ်နေ့ ၂ ခွက်ထက် ပို မသောက်ပါနဲ့။

ချောကလက်

ချောကလက်မှာ များပြားစွာပါဝင်တဲ့ သီယိုဘရိုမင်းတွေက ကဖင်းနဲ့ အကျိုး သက်ရောက်မှုချင်း တူညီပါတယ်။ သင့် ကလေးငယ်က ဂဂျီဂကျောင်နေတယ်ဆို ရင် သင် ချောကလက်စားတာကြောင့် ဖြစ်နိုင်ပါတယ်။
နို့တိုက်မိခင်တွေက ကဖင်း ဒါမှမ ဟုတ် သီယိုဘရိုမင်းကို ၇၅၀ မီလီဂရမ် ထက် ပိုပြီးစားသုံးမိရင် ကလေးက ဒေါသကြီးနေတာ၊ အီနေတာကြောင့် လက်ပေါ်က ချလို့မရတာ၊ အိပ်မပျော်တာ တွေ ဖြစ်တတ်ပါတယ်။

အချဉ်အရသာရှိသော အသီးများ

အချဉ်အရသာရှိတဲ့ သစ်သီးတွေက ဗီတာမင် C ကိုများစွာ ရရှိနိုင်ပေမယ့် သူ တို့က အက်စစ်ဓာတ်များနေတာကြောင့် ကလေးငယ်ရဲ့ဝမ်းဗိုက်ကို ဒုက္ခပေးနိုင်ပါ တယ်။ ကလေးငယ်ရဲ့ အစာခြေလမ်း ကြောင်းက ကောင်းစွာ မဖွံ့ဖြိုးသေးတာ ကြောင့် အနှီးစားတာ၊ လေထိုးလေအောင့် ဖြစ်နေတာနဲ့ နို့အန်တာတွေ ဖြစ်တတ်ပါ တယ်။
ဒီအတွက် အချဉ်အရသာရှိ အသီး တွေကို လုံးဝမစားရတော့တာ မဟုတ်ပါ ဘူး။ တစ်နေ့ကို လိမ္မော်သီး တစ်လုံး နှစ် လုံးလောက် စားလို့ရပါတယ်။ အကယ် ၍များ ကလေးငယ် လေထိုးလေအောင့် ဖြစ်တာကြောင့် သံပရာသီး၊ရှောက်သီး၊ လိမ္မော်သီးလိုမျိုး အချဉ်သီးတွေကို လုံးဝ မစားဘဲရှောင်ကြဉ်တော့မယ်ဆိုရင် ဗီတာ မင် C ရရှိအောင်သင်္ဘောသီး၊နာနတ်သီး၊ စတော်ဘယ်ရီသီးနဲ့ သရက်သီးတွေကို စားပါ။

ဘရိုကိုလီ

နို့တိုက်မိခင်က ဘရိုကိုလီစားမိရင် မိမိကလေးငယ်မှာ လေထိုးလေအောင့် ဖြစ်တတ်ပါတယ်။ ကြက်သွန်နီ၊ ပန်း ဂေါ်ဖီ၊ ဂေါ်ဖီထုပ်နဲ့ သခွားသီးတွေကို လည်း မိခင်ကစားသုံးရင် ကလေးငယ်မှာ လေပွနိုင်ပါတယ်။

ပြဒါးပါဝင်မှုများသောငါး

နို့တိုက်မိခင်တွေက မာကျူရီ ပါဝင် မှုများတဲ့ငါးဟင်းကို စားသုံးမိရင် နို့ရည် ထဲမှာ မာကျူရီ များစွာပါဝင်သွားနိုင်ပါ တယ်။ နို့ရည်ထဲမှာ မာကျူရီပါဝင်မှုများ တာက ကလေးရဲ့ အာရုံကြောဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။
တူနာနဲ့ ပင်လယ်ငါးတွေမှာ မာကျူ ရီ ပါဝင်မှု များနိုင်ပါတယ်။

အယ်လ်ကိုဟော

အယ်လ်ကိုဟောကလည်း မိခင်နို့ ရည်မှတစ်ဆင့် ကလေးဆီရောက်ရှိနိုင်ပြီး ကလေးရဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို ထိခိုက် နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလ ၉ လတာ လုံးလုံး အရက်ရှောင်ထားရာမှ ၀ိုင် ဒါမှ မဟုတ် ဘီယာ တစ်ခွက်လောက်သောက် တာကတော့ အဆင်ပြေနိုင်ပါတယ်။
လေ့လာမှုတွေအရ တစ်ပတ်ကို အယ်လ်ကိုဟော တစ်ယူနစ်လောက် သောက်တာက ကလေးအတွက် ဒုက္ခမဖြစ် ဘူးလို့ သိရပါတယ်။ ဒါ့ထက် ပိုပြီးသောက် ချင်ရင်တော့ ကလေးကို နို့မတိုက်ခင် နှစ် နာရီလောက်စောင့်ပြီးမှ သောက်ရပါမယ်။

မြေပဲ

သင့်မိသားစုဝင်တွေထဲမှာ မြေပဲနဲ့ ဓာတ်မတည့်သူတွေရှိနေရင် သင့်က လေးကို မိခင်နို့ ဖြတ်တဲ့ အချိန်ထိ သင် မြေပဲကို ရှောင်ထားသင့်ပါတယ်။ မြေပဲမှာ ပါဝင်တဲ့ ဓာတ်မတည့်မှု ဖြစ်နိုင်တဲ့ ပရို တင်းက မိခင်နို့မှတစ်ဆင့် ကလေးဆီ ရောက်သွားနိုင်တာကြောင့် ကလေးက အဖုအပိမ့်တွေပေါက်တာ၊ ယားတာနဲ့ ရင်ကျပ်တာတွေ ဖြစ်လာနိုင်ပါတယ်။
မြေပဲစေ့ အနည်းငယ်စားရုံနဲ့ စားပြီး တစ်နာရီမှ ခြောက်နာရီအကြာမှာ မိခင်နို့ ထဲ ဓာတ်မတည့်ပစ္စည်းပါ ဝင်သွားနိုင်ပါတယ်။
သုတေသနပြုလုပ်ချက်အရ က လေးတွေက ငယ်စဉ်ကတည်းက မြေပဲနဲ့ ထိတွေ့ခဲ့ရတာကြောင့် ဘဝတစ်သက်တာ လုံး မြေပဲနဲ့ဓာတ်မတည့်မှု ဖြစ်သွားနိုင် တယ်လို့ သိရပါတယ်။
မိခင်နို့တိုက်ကျွေးနေစဉ် မြေပဲကို ရှောင်ထားတာကြောင့် ကလေးမှာ မြေပဲ နဲ့ဓာတ်မတည့်မှု မဖြစ်အောင် မကာကွယ် နိုင်ဘူးလို့လည်း သိရပါတယ်။

နံနံပင်နှင့်ပူဒီနာ

နံနံပင်၊ ပင်စိမ်းနဲ့ ပူဒီနာလိုမျိုး ဆေး ဖက်ဝင် အမွှေးအကြိုင်တွေကို ပမာဏ များများစားသုံးတာကြောင့် နို့ရည်အ ထွက်နည်းနိုင်ပါတယ်။
မိမိကလေးကို မိခင်နို့ရည် ဖြတ် လိုသူတွေက နို့ထွက်နည်းအောင် peppermint tea ကို သောက်ရပါတယ်။

နို့နဲ့နို့ထွက်ပစ္စည်း

ကလေးငယ်က နွားနို့ကို ခံနိုင်ရည် မရှိတတ်ကြပါဘူး။ နို့တိုက်မိခင်က နွားနို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်း ကိုစားသုံးမိရင် ဓာတ်မတည့်ပစ္စည်းတွေက မိခင် နို့ရည်မှ တစ်ဆင့် ကလေးဆီ ရောက်သွားပြီး ကလေးကို ဒုက္ခပေးနိုင်ပါတယ်။
သင်က နို့နဲ့နို့ထွက်ပစ္စည်း စားသုံး အပြီး ကလေးက အန်တာ၊ လေထိုးတာ တွေ ဖြစ်နေရင် နို့ကိုမသောက်တော့ဘဲ ရှောင်ကြဉ်ဖို့တော့ လိုအပ်ပါပြီ။ ကလေး မှာ နှင်းခူဖြစ်တာ၊ အရေပြားယားတာနဲ့ အိပ်မပျော်တာတွေလည်း ဖြစ်တတ်ပါ တယ်။
နွားနို့နဲ့ ဓာတ်မတည့်တဲ့ ကလေး တွေက ပဲနို့နဲ့လည်း ဓာတ်မတည့်တတ်ကြ ပါဘူး။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူအနံ့က မိခင်နို့ထဲကို ရောက်သွားတတ်တာမို့ ဒီအနံ့ကို မကြိုက်တဲ့ကလေးတွေက မျက်နှာရှုံ့မဲ့ နေတတ်ပါတယ်။

အစပ်စာ

အစပ်စာကိုလည်း တချို့ကလေး တွေက မခံနိုင်ဖြစ်ကြပေမယ် တချို့ကျ တော့ ဘယ်လိုမှ မနေပါဘူး။ မိခင်စား တဲ့အထဲ ငရုပ်ကောင်းမှုန့် အနည်းငယ် လေး ပါသွားရင်တောင် ကလေးက ဂဂျီဂ ဂျောင် ကျနေတတ်ပါတယ်။

ပြောင်းဖူး

ပြောင်းဖူးနဲ့ ဓာတ်မတည့်တာက လည်း နို့စို့ကလေးငယ်နဲ့ လမ်းလျှောက် တတ်ခါစ ကလေးငယ်တွေမှာ အဖြစ်များ တတ်ပါတယ်။ ကလေးတွေမှာ အဖုအပိမ့် တွေ၊ယားနာတွေ ဖြစ်လာတတ်ပါတယ်။ သင့်ကလေးက ပြောင်းဖူးနဲ့ ဓာတ်မတည့် ရင် မိခင်နို့တိုက်ကျွေးနေစဉ် ပြောင်းဖူးကို ရှောင်ကြဉ်ထားပါ။

ကြက်ဥ သို့မဟုတ် ပုစွန်၊ ဂဏန်း၊ ခုံး

မိသားစုဝင်တွေထဲမှာ အစားအစာနဲ့ ဓာတ်မတည့်သူရှိနေရင် နို့စို့ကလေးတွေ မှာ အစာနဲ့ ဓာတ်မတည့်မှု ဖြစ်နိုင်ပါတယ်။ သင့်မိသားစုထဲမှာ ကြက်ဥ ဒါမှမဟုတ် ပုစွန်၊ ဂဏန်းတွေနဲ့ ဓာတ်မတည့်သူ ရှိ နေရင် သင့်ကလေးကို မိခင်နို့တိုက်ကျွေး နေစဉ်အတွင်း ဒီအစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ ကြက်ဥ အထူးသဖြင့် ကြက်ဥအကာနဲ့ ဓာတ်မတည့်တာက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

Tips
မိမိကလေးကို မိခင်နို့တိုက်သူတွေ က နေ့စဉ် လိုအပ်တဲ့အာဟာရတွေ အား လုံးရရှိဖို့ အစားအစာကို ပုံမှန်စားသုံး ရပါမယ်။
မိခင်နို့တိုက်ကျွေးနေစဉ်အတွင်း မိခင်စားသုံးရမယ့် အထူးအစားအစာ ဆို တာ မရှိပါဘူး။ သင်နဲ့သင့်ကလေး အကျိုး ရှိမယ့် အာဟာရပြည့်ဝမယ့် အစားအစာ ကို စားသုံးရပါမယ်။
နို့တိုက်မိခင်တွေ အားလုံးရှောင်ရ မယ့် အစားအစာဆိုတာလည်း မရှိပါဘူး။ မိမိနဲ့ မိမိကလေး လိုအပ်ချက်အရသာ တချို့ အစားအစာတွေကိုသာ ရှောင်ရ ပါမယ်။ မိခင်နို့တိုက်နေစဉ် အစားရှောင် မယ်ဆိုရင်။
သင်ရှောင်ကြဉ်တဲ့ အစားအစာတွေ ကို ဆရာဝန်ကိုပြောပြပါမှ သင့်အတွက် အာဟာရမျှတမှု မဖြစ်အောင် ရှောင်ရှား နိုင်မှာပါ။
သင်မိခင်နို့ တိုက်နေစဉ်အတွင်း

♦ သင့်ကလေးက ဝမ်းပျက်တာ၊ အဖု အပိမ့်ပေါက်တာတွေ ဖြစ်ရင် သင်အစား မရှောင်ခင် ဆရာဝန်ရဲ့ အကြံကိုရယူပါ။
♦ သင်စားတဲ့အစားအစာကြောင့် သင့် ကလေး အစာမကြေတာ၊ ဗိုက်အောင့်တာ ဖြစ်ရင် အဲဒီအစာကို တစ်ပတ်လောက် မစားဘဲနေကြည့်ပြီး ထူးခြားမှုကိုကြည့်ပါ။
♦ တာရှည်ခံဆေး၊ အရသာမှုန့်တွေ ထည့်ထားတဲ့ အစားအစာတွေကို ရှောင် ပါ။ အဝလွန်တာ မဖြစ်အောင် ပြည့်ဝဆီနဲ့ ထပ်ပြန်ကြော်ဆီတွေကိုလည်း ရှောင်ပါ။
♦ သင်စားတဲ့ အစားအစာကို နေ့စဉ် မှတ်တမ်းရေးထားပါ။ သင်စားတဲ့အစား အစာနဲ့သင့်ကလေးရဲ့ အပြုအမူကို စာရင်း ချရေးထားပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal