ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ အကောင်းဆုံးသော အစားအစာငါးမျိုး

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင် လိုက်တဲ့ C0vid 19 ကူးစက်မှုဟာ ယ ခုအခါမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ကျော် ကို ပျံ့နှံ့နေပြီဖြစ်တဲ့အတွက် WHO က ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်လိုက်ပါပြီ။ မြန်မာနိုင်ငံအတွက် ရောဂါပိုးတွေ့ရှိလူနာတစ်ယောက်မှ မရှိသေးဘူးလို့ သိရထားပေမယ့် တကယ်ဖြစ်လာခဲ့ရင်တော့ အဲဒီဗိုင်းရပ်စ်ရဲ့ ကူးစက်မှုဒဏ်ကို ကာ ကွယ်ဖို့အတွက် မကြာခဏ လက်ဆေးတာ၊ လူစုလူဝေးများတဲ့နေရာကို မသွားတာ၊ လက်မဆေးဘဲ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်ကို မကိုင်တွယ်တာ၊ တစ်ယောက်နဲ့ တစ်ယောက်ကြား လက်ဆွဲနှုတ်ဆက်တာ မျိုးကို ရှောင်ကြဉ်တာတွေအပြင် ခုခံအား ကောင်းမွန်အောင် အိပ်ရေး၀၀အိပ်တာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ စားတာတွေကို ပြုလုပ်ရပါမယ်။ ဒါကြောင့် ဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်ပြီး ဈေးကွက် ထဲမှာလည်း အလွယ်တကူရနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဒြပ်ပေါင်း အလက်စင်ဟာ ဗိုင်းရပ်စ်ပိုးမွှားတွေကို တွန်းလှန်နိုင်ပြီး ခုခံအားစနစ်ကို မြှင့်တင် နိုင်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက် ပုံမှန်စားသုံးသင့်ပါတယ်။

သစ်ကြံပိုးခေါက်

အမေရိကန်နိုင်ငံ နယူးယောက် တော်ရိုတက္ကသိုလ်မှ လေ့လာမှုအရ သစ် ကြံပိုးခေါက်မှာ ဗိုင်းရပ်စ်ကို တွန်းလှန်နိုင် တဲ့ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။ သူ က သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်း ချုပ်နိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်း ဗိုင်းရပ်စ် ပိုး မဝင်ရောက်အောင်လည်း ကာကွယ် နိုင်တယ်လို့ ဆိုပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်မှာ လူ့အကျိုးပြုဘက်တီးရီး ယားတွေ အဓိကပါဝင်တဲ့အတွက် တုပ်ကွေးဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပေါ် လာတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်နိုင်ခြေကို လျော့နည်းစေနိုင် ပါတယ်။ ဒါ့အပြင် အမျိုးသားဇီဝနည်း ပညာဆိုင်ရာသတင်းအချက်အလက်ရဲ့ လေ့လာမှုတွေအရ လူ့အကျိုးပြုဘက်တီး ရီးယားတွေ များစွာ ရှိနေတာက အသက် ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုးဝင် ရောက်နိုင်ခြေ နည်းတယ်လို့ သိရပါတယ်။

မှို

ရှီးတိတ်မှိုမှာ ပါဝင်တဲ့ ဘီတာဂလူ ကင်ဟာ ဗိုင်းရပ်စ်ပိုးမွှားနဲ့ ဘက်တီးရီး ယားပိုးမွှားတွေကို တွန်းလှန်နိုင်တဲ့ ဒြပ် ပေါင်းဖြစ်ပါတယ်။ မှိုက ခုခံအားစနစ်ကို မြှင့်တင်ပေးရုံမက ရောင်ရမ်းမှုဖြစ်စဉ်ကို လည်း လျှော့ချပေးပါတယ်။

နွယ်ချို

အမျိုးသားဇီဝနည်းပညာဆိုင်ရာ သတင်းအချက်အလက်ရဲ့ လေ့လာမှု တွေအရ နွယ်ချိုမှာ ဗိုင်းရပ်စ်ပိုးမွှားတွေကို တွန်းလှန်တာ၊ ရောင်ရမ်းမှုဖြစ်စဉ်ကို လျော့ကျတာ၊ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်တာလိုမျိုး ဆေးဝါးဗေဒဆိုင် ရာ အကျိုးကျေးဇူးတွေ များစွာရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal