“မျက်စိကလေးကျန်းမာဖို့ အာပာာရပြည့်အောင် စားကြစို့ (၂) – ဒေါက်တာညီညီကျော်”

  • အနီရောင် အသားများကို စားပေးပါ– အနီရောင် အသားတွေ ဖြစ်တဲ့ အမဲသား၊ ဝက်သား၊ ဆိတ်သား စတာတွေ ပာာ ဇင့်ဓါတ် ကြွယ်ဝ တဲ့ အတွက် ဗီတာမင်A ကို အသည်းကတွေ ထွက်လာအောင် အားပေးတဲ့ အတွက် မျက်လုံးကျန်းမာရေး အတွက် အရမ်းကောင်းပါတယ်။ ဒါပေမယ့် အနီရောင် အသားတွေ က တသ်ပါတ် ကို နှစ်ကြိမ်ထက် ပိုမစားသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အနီရောင် အသား တွေ အလွန်အကျွံ စားမိရင် အူမကြီးကင်ဆာ (Colorectal Cancer) ဖြစ်ပွားစေပါတယ်။ ဒါကြောင့် တပါတ် ကို နှစ်ကြိမ်ထက် ပို မစားသင့်ပါဘူး။

  • ဗီတာမင် C ကြွယ်ဝတဲ့အစားအစာ တွေ စားပေးပါ– လိမ္မ်ာသီး၊ ရှောက်ချိုသီး၊ မာလကာသီး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီးစတာ တွေ စားပေးပါ။ ဗီတာမင် C ကြွယ်ဝတဲ့ အတွက် အတွင်းတိမ် ဖြစ်ခြင်းကို 64% အထိ ကာကွယ်ပေးနိုင်ပါတယ်။

  • ပဲအမျိုးမျိုး စားပေးပါ– ဒါကတော့ သက်သက်လွတ် စားသူများ အတွက်ပါ။ အသားငါးမစားတော့ အာပာာရဓါတ် ချို့တဲ့တာ များပါတယ်။ ဒါကြောင့် ပဲတို့ နို့တို့ ကနေ အာပာာရတော်တော်များများ ရနိုင်ပါတယ်။ အထူးသဖြင့် ဇင့်ဓါတ်ကြွယ်ဝ တဲ့ ကုလားပဲ စားပေးတာ ပိုသင့်တော်ပါတယ်။

  • ကြက်ဥ စားပေးပါ – ကြက်ဥ မှာ ပါတဲ့ ဇင့်ဓါတ်၊ Lutein နှင့် zeaxanthin တွေ ပာာ မျက်လုံးအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အာပာာရဓါတ်တွေပါ။ ဒါပေမယ့် ကြက်ဥ အနှစ်ကို တစ်ရက် နှစ်လုံးထက်တော့ ပို မစားသင့်ပါဘူး။ ကိုလက်စထရော များတဲ့ အတွက်ကြောင့်ပါ။ အကာကတော့ စားလို့ရပါတယ်။

  • ရွှေဖရုံသီး အနွယ်ဝင် အသီးတွေ မှာ လည်း ဗီတာမင် C, ဇင့်ဓါတ်, ဗီတာမင် A ကြွယ်ဝ တဲ့ အပြင် အိုမီဂါ သရီး (Omega 3 Fatty Acid) တွေ ပါဝင်တဲ့ အတွက် မျက်လုံးကျန်းမာရေး အတွက် စားသင့်တဲ့ အစားအစာ တစ်မျိုးပါ။ ဒါပေမယ့် တပါတ်ကို နှစ်ကြိမ် ထက်ပို မစားသင့်ပါဘူး။ အကြောင်းအရင်း ကတော့ ဗီတာမင် A တွေ များလာပြီး ခန္ဓာကိုယ် မှာ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေပေးနိုင်လို့ပါ။

 

ဗီတာမင် A အဆိပ်သင့် (Hypervitaminosis A) ရင် ဘယ်လိုခံစားရမလဲ???

ရုတ်တရက် ဆိုရင်တော့ –

  1. ပျို့ခြင်း
  2. အန်ခြင်း
  3. အစားအသောက် ပျက်လာခြင်း
  4. စိတ်တိုလွယ်လာခြင်း
  5. ခေါင်းမူးဝေခြင်း
  6. စိတ် ကစဥ့်ကလျားဖြစ်ခြင်း
  7. ဗိုက်နာခြင်း
  8. အမြင်မှုန်ဝါးလာခြင်း
  9. ကြွက်သားနာခြင်း
  10. တတ်ခြင်း စတဲ့ မထင်မရှား လက္ခဏာတွေပဲ ပြတတ်ပါတယ်။

 

နာတာရှည် ဖြစ်လာရင်တော့ –

  1. ဆံပင်ကျွတ်ခြင်း
  2. နှုတ်ခမ်းခြေညက်ခြင်း၊ ကွဲခြင်း
  3. အိပ်မပျော်ခြင်း
  4. ဝိတ်မချဘဲ ကိုယ်အလေးချိန်ကျသွားခြင်း
  5. အရိုးအဆစ်တွေ နာလာခြင်း
  6. ဝမ်းလျှောခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

 

လေးစားစွာဖြင့်…

ဒေါက်တာ ညီညီကျော်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *