FX Cut Wound

FX Cut Wound

ဟော်လိုဝင်းရောက်တော့မယ်ဆိုတော့ ဓားရှထားတဲ့ ဒဏ်ရာအတုပုံစံ လုပ်ချင်သူတွေအတွက် အလွယ်တကူ လုပ်လို့ရမယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

Steps
(၁) Eye Liner နဲ့အရင်ဆုံး အရာလေး လုပ်ပါမယ်။ Ben Nye Liquid Latex ကိုတစ်လွှာချင်းထပ်ပါ။ အခြောက်ခံပီး Spatula နဲ့ အရေခွံ အတုကို နဲနဲ လှန်လိုက်ပါ။

(၂) နောက် Brush နဲ့ Foundation ကိုယူပြီး အရေခွံအတုပေါ် ထပ်လိမ်းပါ၊ Liquid သားပြောင်သလိုဖြစ်နေတာ လျော့သွားပါမယ်။

(၃) Color Wheel ထဲက အနီရောင် ယူပြီး အပြည့်ခြယ်ပါ။ ခရမ်းပုပ်ရောင်ကို ဒဏ်ရာအတွင်း ရှဲဒိုးလိုက်ဖို့ သုံးပါ။

(၄) ဂွမ်းတံကို ယူပြီး ဒဏ်ရာတစ်ဝိုက် ခပ်ဖွဖွလေး တို့ပေးပါ၊ inflammation ရတဲ့ ပုံစံမျိုးပေါ့။


(၅) Color Wheel ထဲက အဝါရောင်ကို အရေခွံတု အပေါ်မှာ ထပ်ခြယ်ပါ။ ဒါဆို အရေခွံအစစ်အတိုင်း တူလာပါပြီ။


(၆) နောက်ဆုံးအဆင့်ကတော့ သွေးအတုလိုက်ဖြည့်ပါ။ ပျစ်တဲ့နေရာပျစ်ပြီး ကျဲတဲ့နေရာ ကျဲပြီး လိုက်ဖြည့်ပါ။ အရောင် ပိုရင့်တဲ့ သွေးအတုကို ထောင့်လေးတွေမှာ လိုက်ထည့်ပါမယ်။ ဒါဆို သွေးတွေ ထွက်နေတဲ့ Fresh Cut Wound တစ်ခု ရပြီပေါ့။

#Darliko 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *